စျေးပိုသက်သာတဲ့ Note 20 fan edition ရဲ့ renders ပုံရိပ်များပျံ့နှံ့လာ

Samsung ရဲ့ မကြေငြာရသေးတဲ့ Note 20 FE ရဲ့ Render ပုံများဟာပျံ့နှံ့လာပါတယ်။ဖုန်းကတော့သေချာပေါက် original Note 20 ထက်ပိုမိုစျေးသက်သာမှာဖြစ်ပြီးအရင်နှစ်က Note 10 lite လိုပဲဖြစ်လာမှာပါ။နောက်ဆုံးထွက်တဲ့ Render ပုံတွေကို XDA developer site မှာကြည့်နိုင်မှာဖြစ်ပြီး အရောင်တွေကိုတော့ Blue, mint green, white, red, pink နဲ့ orange ဆိုပြီးခြောက်ရောင်ပေါက်ကြားထားပါတယ်။

Note 20 Fan edition ဟာထွက်ရှိထားတဲ့ Galaxy S20 နဲ့ပုံစံတော်တော်တူပြီးရှေ့မှာ Punch hole 32 Mega pixel selfie camera လေးနဲ့ အနောက်ဘက်မှာတော့လေးထောင့်ပုံစံခွက်ထဲမှာ ကင်မရာသုံးလုံးထည့်ထားပါတယ်။ကင်မရာသုံးလုံးထဲမှာတော့ 12 Megapixel wide , 12 Megapixel ultra wide နဲ့ 8 Megapixel telephoto ကို Optical zoom 3 ဆနဲ့ပါ။Screen size ကတော့ 6.4 နဲ့ 6.5 ကြားမှာရှိပြီး 6.2 inches ရှိတဲ့ Galaxy S20 ထက်အနည်းငယ်ကြီးနိုင်ပါတယ်။ 6.7 inches ရှိတဲ့ S20 plus ထက်ပိုပြီးသေးမှာပါ။ကြားဆိုဒ်ပေါ့။ screen က 120 refresh rate နဲ့ထွက်လာနိုင်တယ်လို့ Rumor တွေရှိပြီး CPU ကတော့ Qualcomm ရဲ့ Snapdragon 865 battery ကတော့ 4500 mAh ပါဝင်လာနိုင်ပါတယ်။

နောက်ဆုံးပေါက်ကြားမှုတွေထဲမှာတော့ S20 ရဲ့ Fan edition ဘယ်တော့ထွက်မယ်၊ ဘယ်နေရာတွေမှာဝယ်ယူနိုင်မယ်ဆိုတာမပါသေးပါဘူး။ကိုရီးယား Website ဖြစ်တဲ့ The elec ကတော့ S 20 Fan edition ကိုဒီနှစ် October ထဲမှာ ကိုရီးယားယွမ် ကိုသိန်း ကန်‌ဒေါ်လာ 759 နဲ့ထွက်လာနိုင်တယ်လို့တော့ဖော်ပြထားပါတယ်။ S 20 ရဲ့ Original base မော်ဒယ် version 999 ဒေါ်လာနဲ့ယှဉ်ရင်တော့တော်တော်ကိုစျေးသက်သာနေပါတယ်။

Ref : the verge

Author : Hein Htet

Previous
Previous

အသုံးပြုပြီးသား Fortnite သွင်းထားတဲ့ iPhone 8 plus တွေ eBay မှာဒေါ်လာ 4000 အထိစျေးပေါက်နေ

Next
Next

Fortnite အတွက်သီးသန့်ကွက်ပြီးအခွင့်အရေးမပေးနိုင်ဘူးလို့ Epic ကိုတုံ့ပြန်လိုက်တဲ့ Apple