အသုံးပြုပြီးသား Fortnite သွင်းထားတဲ့ iPhone 8 plus တွေ eBay မှာဒေါ်လာ 4000 အထိစျေးပေါက်နေ
Epic က Fortnite မှာ Direct payment system update ပေးပြီးတဲ့နောက်မှာ Fortnite ကို App store ပေါ်ကကစ်လိုက်ပြီးနောက် IOS devices တွေမှာ Fortnite ကိုနောက်ထပ်ဒေါင်းလုပ်ဆွဲလို့မရတော့ပါဘူး။အဲ့တော့Fortnite ကို IOSမှာ ဒေါင်းလုပ်ဆွဲထားပြီးသားသန်းပေါင်းများစွာသောအသုံးပြုသူတွေထဲက သင်ကတစ်ယောက်ဖြစ်နေမယ်ဆိုရင်ဆက်ဆော့လို့ရပါသေးတယ်။တစ်ကယ်လို့ storage မလောက်တော့လို့ iPhone ကသူ့ဘာသာသူဖျက်လိုက်တာပဲဖြစ်ဖြစ် အခုမှ iPhone စဝယ်တဲ့လူပဲဖြစ်ဖြစ်တစ်ကယ်လို့ Fortnite ကို iPhone ပေါ်မှာဆော့ချင်သပဆိုရင်တော့ eBay မှာ Fortnite သွင်းထားပြီးသား iPhone တစ်လုံးကိုစျေးကြီးပေးပြီးဝယ်လို့ရပါတယ်။ဒါပေမယ့် Fortnite က တခြား Platform တွေမှာပါ Cross ဆော့လို့ရတဲ့အပြင် Free ပါဆော့လို့ရပါတယ်။

eBay မှာရောင်းထားတဲ့ Fortnite တစ်လုံးဆိုရင် ဒေါ်လာ 4000 နဲ့ကြမ်းခင်းစျေးစဖွင့်ထားပြီး 4300 အထိစျေးပေးကြတဲ့လူနှစ်ယောက်တောင်ရှိပါတယ်။ဒါပေမဲ့ ဒီ bait ဟာ လူတွေရဲ့အာရုံစိုက်မှုရအောင်တစ်မင်သက်သက်လုပ်ထားတဲ့ Fake ကြီးလည်းဖြစ်နိုင်ပါတယ်။နောက်မော်ဒယ်တစ်မျိုးကတော့iPhone XR ဖြစ်ပြီးဒေါ်လာ 7000 အထိပေါက်စျေးရှိပြီးနောက် iPhone XR တစ်လုံးကတောဒေါ်လာ 5000 နဲ့ကြမ်းခင်းစျေးစထားပါတယ်။ဒါပေမဲ့ Bids လုပ်မဲ့သူကတော့မရှိသေးပါဘူး။
ဒီလိုမျိုးအခြေအနေတွေက Fortnite ရဲ့အလွန်အမင်းနာမည်ကျော်ကြားမှုကိုပြသနေသလိုဖြစ်ပြီး Fortnite ကိုအရမ်းစိတ်ဝင်စားတဲ့လူတွေကတော့ ဒီလိုအံ့အားသင့်ဖွယ်စျေးနှုန်းနဲ့တောင်မှဝယ်ယူနိုင်ချေရှိပါတယ်။
Apple နဲ့ Google ကတော့ Epic ရဲ့ Platform owner ကသုံးဆယ်ရာခိုင်နှုန်းဖြတ်တောက်မှုကိုရှောင်ရှားဖို့အတွက် Direct payment system ကိုသုံးဆယ်ရာခိုင်နှုန်းစျေးလျှော့ပေးလိုက်တဲ့ Update ပေးလိုက်တာကနေစပြီး Fortnite ကို store ပေါ်ကနေကစ်လိုက်ပါတယ်။
Apple က Fortnite ကိုဖယ်ရှားလိုက်ရခြင်းဟာ Epic က Developer တွေအတွက်ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းကိုဖောက်ဖျက်ခဲ့လို့ဖြစ်တယ်လို့ပြောပြီး Epic ကလည်း Apple ကိုအမြတ်ကြီးစားခေါင်းပုံဖြတ်မှုအတွက်တရားပြန်ဆွဲထားပါတယ်။ Google ကိုလည်းထိုနည်းလည်းကောင်းပါပဲ။IOS မှာတော့ Fortnite ကိုနဂိုသွင်းထားပြီးသားရှိပြီးအခု Storage ပြည့်သွားလို့ဖျက်မိလိုက်တယ်ဆိုရင် App store ထဲက Purchased > My Purchases ထဲကိုသွားပြီးပြန် install လို့ရပါတယ်။ဒါပေမဲ့ Content အသစ်တွေ Update အသစ်တွေကိုတော့မျှော်လင့်လို့မရပါဘူး။ Android မှာတော့ Epic game store ကနေတိုက်ရိုက်ဒေါင်းလုပ်ဆွဲလို့ရသလို တစ်ချို့ Third party store တွေမှာလည်းရှာဒေါင်းလို့ရပါတယ်။
Author : Hein Htet
Ref : Digitaltrends