Fortnite အတွက်သီးသန့်ကွက်ပြီးအခွင့်အရေးမပေးနိုင်ဘူးလို့ Epic ကိုတုံ့ပြန်လိုက်တဲ့ Apple

Epic က Fortnite နဲ့ပက်သက်ပြီးနောက်ဆုံးမွှေလိုက်တဲ့ပြဿနာကို Apple ကတုံ့ပြန်လိုက်ပါတယ်။ Epic ကတော့ Apple က IOS နဲ့ Mac developer tools တွေ access လုပ်ခွင့်ကို Apple Developer Program ကနေ ဖယ်ရှားလိုက်ခြင်းအားဖြင့်တားမြစ်ထားပြီး Fortnite ရဲ့ Payment option ကိုမဖြုတ်မချင်း access ရမှာမဟုတ်ပါဘူးလို့ဆိုပါတယ်။ Apple ကတော့ ကျွန်တော်တို့က Fortnite ရဲ့ ကုပ္မဏီ Epic ကို Apple Developer Program ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ထားရှိချင်ပြီး Fortnite ကိုလည်း App store ပေါ်မှာဆက်ထားခြင်းတယ်လို့ဆိုပါတယ်။ Epic ကိုယ့်ဘာသာကိုယ်ဖန်တီးလိုက်တဲ့ပြဿနာဟာ developer အားလုံးနဲ့သက်ဆိုင်တဲ့စည်မျဉ်းစည်းကမ်းတွေကိုလိုက်နာတဲ့ Update ထုတ်ပေးလိုက်ခြင်းအားဖြင့်ဖြေရှင်းနိုင်တယ်လို့ဆိုပါတယ်။

Apple ရဲ့ရှင်းလင်းချက်အပြည့်အစုံကတော့

“App store ဟာအသုံးပြုသူတွေအတွက်စိတ်ချရတဲ့နေရာ Developer တွေအတွက်ကောင်းမွန်တဲ့စီးပွားရေးအခွင့်အလမ်းတွေဖန်တီးနိုင်ဖို့ဒီဇိုင်းဆွဲထားတဲ့နေရာဖြစ်ပါတယ်။ Epic ဟာ App store ပေါ်မှာရှိတဲ့ အအောင်မြင်ဆုံး Developer တွေထဲကတစ်ယောက်ဖြစ်ပြီး ဘီလီယံချီတဲ့စီးပွားရေးကိုတိုးပွားအောင်လုပ်နိုင်ခဲ့ပြီး million နဲ့ချီတဲ့ IOS အသုံးပြုသူတွေထံကိုလည်းရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ Epic ကို Apple developer program ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ထားချင်ပြီး Fortnite ကိုလည်း App store မှာဆက်ထားချင်ပါတယ်။Epic ကိုယ့်ဘာသာကိုယ်ဖန်တီးလိုက်တဲ့ပြဿနာဟာ developer အားလုံးနဲ့သက်ဆိုင်တဲ့စည်မျဉ်းစည်းကမ်းတွေကိုလိုက်နာတဲ့ Update ထုတ်ပေးလိုက်ခြင်းအားဖြင့်ဖြေရှင်းနိုင်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့သုံးစွဲသူတွေကိုကာကွယ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုကျော်ပြီးကျော်ပြီး Epic ရဲ့စီးပွားရေးအတွက်အခွင့်အရေးပိုပေးတာဟာတရားနည်းလမ်းမကျဘူးလို့ဖော်ပြခဲ့ပါတယ်။” Epic ရဲ့ surprise update ကြီးဟာ App store ရဲ့စည်းမျဉ်းစည်းကမ်းကိုမလှိမ့်တစ်ပတ်လုပ်ထားတာဖြစ်ပြီး developer တွေအနေနဲ့ Platform ပိုင်ရှင်ကိုပေးဖို့ Payment system ကို In-app purchase တွေကိုဝယ်ယူရာမှာ Developer တွေဆီက 30% ဖြတ်ယူခြင်းကိုရှောင်ရှားဖို့ Direct payment ထုတ်ပေးခဲ့တဲ့ update ပါ။

Epic ရဲ့စည်းကမ်းဖောက်ဖျက်မှုကြောင့် Apple ရော Google ကပါသူတို့ရဲ့ App store တွေဆီကနေ Fortnite ကိုချက်ချင်းဖယ်ရှားခဲ့ပြီး Epic ကလည်းတရားပြန်စွဲဖို့စီစဉ်ခဲ့ပါတယ်။ Epic ကလည်း Apple ရဲ့ Developer Program ဖယ်ရှားခံခဲ့ရမှုကိုပယ်ဖျက်ပေးဖို့ အယူခံဝင်ခဲ့ပြီး Apple ကတော့ Epic အနေနဲ့ August 28 ရက်နေ့အထိ‌ update ကိုပြောင်းလဲဖို့အချိန်ရှိတယ်လို့ဆိုပါတယ်။

Ref: the verge  

Author: Hein Htet

Previous
Previous

စျေးပိုသက်သာတဲ့ Note 20 fan edition ရဲ့ renders ပုံရိပ်များပျံ့နှံ့လာ

Next
Next

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်အတွင်း အမြန်ဆုံး ISP ကွန်ရက်ဖြင့် ဈေးကွက်ကိုဦးဆောင်ကာ သရဖူဆွတ်ဖူးခဲ့သော 5BB Broadband