Google play music ကိုစက်တင်ဘာလမှာပိတ်သိမ်းတော့မည်။
မနေ့က ၄ ရက်နေ့မှာ Google ကmusic service တစ်ခုဖြစ်တဲ့ play music ကိုပိတ်သိမ်းတော့ မယ့် Time line ကိုတရားဝင်မျှဝေခဲ့ပါတယ်။Play music ထဲကိုဝင်ရောက်မှုကိုစက်တင်ဘာလမှာနယူးဇီလန်, တောင်အာဖရိကမှအသုံးပြုသူများကိုစတင်တားမြစ်တော့မှာဖြစ်ပြီး အောက်တိုဘာမှာတော့ကျန်တဲ့ဒေသတွေကိုပါအကုန်ပိတ်သိမ်းမှာဖြစ်ပြီးလာမဲ့ဒီဇင်ဘာနှစ်ကုန်မှာတော့အားလုံးကိုပိတ်သိမ်းပြီး Play store ပေါ်ကပါဖျက်ပစ်တော့မှာပါ။ Google ဘက်မှ Play music service ပိတ်သိမ်းလိုက်သည်နှင့်တပြိုင်နက်ကိုယ့်ရဲ့ဒေတာတွေကိုရွှေ့ပြောင်းလို့ရတော့မှာမဟုတ်ပါဘူး။နောက်တစ်ခုကတော့ဒီလအနှောင်းပိုင်းဆိုရင် Play Store မှတစ်ဆင့်သီချင်းတယ်ယူမှုတွေကိုလက်ခံတော့မှာမဟုတ်ပါဘူး။
Google အကောင်အထည်ဖော်နေတာကတော့ YouTube music service ကိုအကြီးအကျယ်နေရာယူလာဖို့ပါ။လွန်ခဲ့တဲ့လအနည်းငယ်ကလည်းPlay music အသုံးပြုသူတွေရဲ့ library တွေနဲ့အသွင်ပုံစံ (Playlist, artist,album,purchase content, recommendation and upload)တွေကို service အသစ်ထံကိုရွေ့ပြောင်းခွင့်ပေးခဲ့ပါတယ်။ရွေ့ပြောင်းတဲ့ပုံစံကလည်းပထမဆုံးအကြိမ် YouTube music app ဖွင့်သလောက်ကိုလွယ်ကူပါတယ်။

Google ကတော့ Play music ကိုပိတ်သိမ်းလိုက်ရခြင်းဟာအသုံးပြုသူများထံကိုပိုမိုကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကိုပိုမိုသယ်ဆောင်လာပေးမယ်လို့ကတိပေးထားပါတယ်။အခုအချိန်မှာတော့ Play music ကို မပိတ်သိမ်းသေးခင်အချိန်ထိဆက်လက်အသုံးပြုလို့ရနေဦးမှာပါ။Google android 10 သုံးထားတဲ့ device အသစ်တွေမှာ Play music အစား YouTube music ကိုကြိုသွင်းထားတာကိုတွေ့ရမှာပါ။အဲ့တော့ Play music ကနေ YouTube music ကိုရွေ့ပြောင်းမဲ့ကိစ္စကိုဖုန်းအသစ်ဝယ်တာနဲ့လုပ်ကိုလုပ်ရတော့မှာပါ။
Music streaming service တွေအပြိုင်အဆိုင်ဖြစ်လာတဲ့အချိန်မတိုင်ခင်မှာ Play music ရဲ့အဝါရောင် interface လေးကိုအားလုံးအမှတ်ရနေကြမှာပါ။Google ရဲ့ Play music ဟာStreaming service တွေအပြိုင်အဆိုင်မဖြစ်ခင်အချိန်ထဲကတော်တော်ကိုအလူးအလဲခံခဲ့ရတာပါ။Play music ထံမှသီချင်းဝယ်ယူမှုဟာအရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာအလွန်နည်းပါးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဖုန်းထဲကိုအပြင်ကကူးယူလိုက်တာနဲ့ Play music app ထဲကိုအလိုအလျှောက်ဝင်သွားလို့ပါ။
Author : Hein Htet
Ref : the verge https://www.theverge.com/2020/8/4/21354136/google-play-music-shut-down-end-service-youtube-music-date