Galaxy unpack မှာ Samsung ဘာတွေမိတ်ဆက်သွားလဲ?

မနေ့ က August 5 ရက်နေ့မှာSamsung အနေနဲ့ Major product 5 ခုကိုမိတ်ဆက်သွားပါတယ်။အဲ့တာတွေကတော့ Note 20, Tab s7 ,Galaxy watch , Buds live နဲ့ Z fold 2 တို့ပါ။

Note 20

Note 20 series ကိုတော့ ပုံမှန် Note 20 နဲ့ Note 20 ultra ဆိုပြီးနှစ်မျိုးချပြသွားပါတယ်။ Note 20 မှာ6.7 inches flat မျက်နှာပြင်နဲ့ Ultra မော်ဒယ်မှာတော့ 6.9 inches edge မျက်နှာပြင်နှစ်ခုလုံးကို Gorilla Glass Victus နဲ့ဖုံးအုပ်ထားပါတယ်။ပွဲမှာကြေငြာသွားတာကတော့ 50 % ကိုမိနစ်သုံးဆယ်အတွင်းသွင်းနိုင်ပါတယ်။အ‌ရှေ့ဘက်မှာ 10MP auto focus ကင်မရာနဲ့ အနောက်ဘက်မှာ တော့ ကင်မရာ Lens သုံးလုံးပါဝင်ပါတယ်။ Ultra မော်ဒယ်မှာတော့ laser auto focus sensor အပိုပါဝင်လာပါတယ်။ Pro video mode မှာတော့ Zoom Speed Controller လုပ်ဆောင်ချက်နဲ့ကိုယ် Zoom ဆွဲလိုက်မဲ့အရာဝတ္ထူကလာတဲ့အသံကို Focus ထားပြီးဖမ်းနိုင်ပါတယ်။ Specs အပြည့်အစုံကတော့ ဒီနိုင်ငံကို CPU က Exynos 990 GPU က Mali-G77 နဲ့ဝင်လာမှာပါ။ 8/128 နဲ့ 12/128 အပြင် storage ကို 512 GB အထိဝယ်လို့ရပါတယ်။ Storage ကတော့နည်းပညာအသစ် UFS 3.1 ပါဝင်လာပါပြီ။ S Pen ကိုတော့ထုံးစံအတိုင်းပဲ Latency လျှော့ထားပြီတော့ရေးရတဲ့နေရာဒီ့ထက်ပိုကောင်းအောင် Software နဲ့ enhance လုပ်ထားပါတယ်။ကိုယ်ရေးထားတဲ့စာစောင်းနေရင်သူ့ဘာသာသူ့တည့်အောင်ပြန်လုပ်ပေးတာတို့ရေးလိုက်တဲ့ Note ကို word file တို့ excel file တို့အစရှိသဖြင့်ကိုယ်ကြိုက်တဲ့ office format နဲ့ပြောင်းသိမ်းလို့ရပါတယ်။‌နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက Samsung က Microsoft နဲ့လက်တွဲထားတဲ့အပြင်အခု Xbox ဂိမ်းတွေပါ Samsung ရဲ့  Note series နဲ့ tab series  အသစ်ထံကို‌ရောက်လာပါပြီ။ Cloud ဂိမ်းပေါင်းတရာကျော်ကို Xbox ရဲ့ Game pass membership ကနေတစ်ဆင့်ကစားနိုင်မှာပါ။ Gaming Bundle ကို Pre order တင်တဲ့သူတိုင်း Bluetooth Game controller နဲ့ Xbox ရဲ့ Ultimate game pass 3 လစာ ကိုပါတစ်ခါတည်းရရှိမှာပါ။ Note 20 ရဲ့နောက်ထပ် service အသစ်နှစ်ခုကတော့ nearby share နဲ့ SmartThings find ပါ။ Nearby share ဆိုတာကတော့ကိုယ့်အနီးနားမှာရှိတဲ့ User တွေကိုအလွယ်တကူရှာပြီး file တွေပို့နိုင်တာပါ။ SmartThings find ကတော့သူတို့ကြေငြာထားတဲ့ UWB (Ultra-wideband Technology) ကိုသုံးပြီး Samsung ရဲ့ Ecosystem ထဲက watch တို့ Buds တို့ Phone တို့ကိုရှာနိုင်မှာပါ။

Tab S7 နဲ့ S7 Plus

S7 ကတော့ LCD display S7 plus ကတော့ Super AMOLED display နဲ့ပါ။ Plus မော်ဒယ်မှာတော့ S20 မှာစသုံးခဲ့ပြီး Note 20 မှာဆက်သုံးခဲ့တဲ့ 120 Refresh rate နဲ့ပါ။အရောင်ကတော့ အမဲရောင် ငွေရောင် နဲ့ ကြေးရောင်ဆိုပြီးသုံးမျိုးသုံးထွက်ပါတယ်။အရောင်တွေရဲ့ရှေ့မှာတော့ Mystic ဆိုပြီးသုံးနှုန်းထားပါတယ်။ S Pen ကိုတော့ကျောဘက်မှာကပ်ထားပြီး keyboard cover နဲ့တွသုံးလို့ရမှာပါ။ Touch pad နဲ့ App transition တွေကိုလက်သုံးချောင်းတွေလက်နှစ်ချောင်းတွေနဲ့ပြိုင်တူသုံးနိုင်မှာပါ။ပြီးရင် tablet နဲ့ ဖုန်းကိုလည်းပြိုင်တူသုံးနိုင်အောင်လုပ်ထားပြီး Note app ကိုလည်း enhance ပြန်လုပ်ထားပါတယ်။

Buds live wireless earbuds

ဒီကောင့်ကိုတော့အရင် Buds တွေ Buds plus တွေနဲ့မတူအောင် remodel ပြန်လုပ်ပြီးအရောင်တွေပါပြောင်းထားပါတယ်။နားကြပ်နဲ့ဘူးရဲ့ build ကိုလည်း recycle material တွေကိုအသုံးပြုထားပါတယ်။ battery life ကိုလည်းနားကြပ်ကခြောက်နာရီလောက်အသုံးခံမှာဖြစ်ပြီး charging case ပါရင် 21 နာရီအထိအသုံးပြုနိုင်ပါတယ်။ 12mm speaker နဲ့ Active noise cancellation လုပ်ဆောင်ချက်ပါဝင်ပါတယ်။ Note 20 နဲ့ ပေါင်းပြီး video ဖန်တီးမယ်ဆိုရင် buds live မှာပါတဲ့ mic ကကောင်းမွန်နဲ့အသံအရည်အသွေးကိုဖမ်းယူနိုင်မယ်လို့လဲကြေငြာထားပါတယ်။

Galaxy watch 3

Watch 3 ကတော့ဆိုဒ်နှစ်မျိုး 45 mm နဲ့ 41 mm ဆိုပြီးကြေငြာထားပါတယ်။နာရီရဲ့ပတ်ပတ်လည်အဝိုင်းကိုအဆင့်မြှင့်တင်ထားပြီးအရင်မော်ဒယ် Galaxy Watch ထက် 14 % ပိုပါး၊8%ပိုသေးပြီးတော့ 15% resolution ပိုတောက်ပါတယ်။မကြာခင်မှာတော့ ECG (Electrocardiography) လုပ်ဆောင်ချက်ကို watch 3 မှာရော Active 2 မှာပါသုံးလို့ရမှာပါ။ Watch 3 မှာသွေးထဲက Oxygen level ကိုပါတိုင်းတာနိုင်မှာပါ။

Galaxy Z Fold 2

Galaxy Fold ရဲ့နောက်မျိုးဆက်သစ်တစ်ခုပါ။အရင်မော်ဒယ်ထက်ပိုပါးပြီး 6.0 mm အထူပဲရှိပါတယ်။ချိုးလိုက်ရင် Screen နှစ်ခုကြားမှာဟနေတဲ့အကွာအဝေးကိုပါလျှော့ချထားပါတယ်။ ခေါက်ထားရင် 6.2 inches အရွယ်အစားရှိတဲ့ဖုန်းတစ်လုံးလိုသုံးနိုင်မှာဖြစ်ပြီး Tablet mode မှာဆိုအရင် Notch အစား infinity O display ကိုသုံးထားပါတယ်။ Tablet mode မှာဆိုရင် 7.6 inches အရွယ်အစားထိသုံးလို့ရမှာပါ။

Author : Hein Htet

Ref : Samsung

Previous
Previous

အာရှပစိဖိတ်ဒေသတွင်း ကျွမ်းကျင်ပညာရှင်ဂေဟစနစ်ကို ဖန်တီးပျိုးထောင်ပေးသွားမည့် Huawei ICT အသိအမှတ်ပြုလက်မှတ် အစီအစဉ်

Next
Next

Google play music ကိုစက်တင်ဘာလမှာပိတ်သိမ်းတော့မည်။