အာရှပစိဖိတ်ဒေသတွင်း ကျွမ်းကျင်ပညာရှင်ဂေဟစနစ်ကို ဖန်တီးပျိုးထောင်ပေးသွားမည့် Huawei ICT အသိအမှတ်ပြုလက်မှတ် အစီအစဉ်
Huawei သည် ယမန်နေ့တွင် ယင်း၏ Huawei Asia Pacific ICT Talent Forum 2020 ကို ကျင်းပခဲ့ပြီး ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသည့် ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်နိုင်ရန်အတွက် အဘက်ဘက်မှ ပြည့်စုံသည့် ICT ကျွမ်းကျင်ပညာရှင် ဂေဟစနစ်တစ်ခု ဖန်တီးသွားမည့် အသိအမှတ်ပြုလက်မှတ် အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့သည်။ ယင်းအွန်လိုင်း ဆွေးနွေးပွဲသို့ လူဦးရေ ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ လုပ်ငန်းနယ်ပယ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ IT ပါမောက္ခများ တက်ရောက်ခဲ့ကြပြီး အရည်အချင်းမြင့် ICT လုပ်အားစျေးကွက် လိုအပ်ချက် တိုးများလျက် ရှိနေသည့် အကြောင်းကို ဆွေးနွေးကာ ဒေသတွင်း ICT လုပ်သားစျေးကွက် အင်အားနည်းနေမှုကို ဖြေရှင်းမည့် ၊ ရေရရှည်တိုးတက်စေနိုင်သော စီမံကိန်းများကိုလည်း အကြံပြုခဲ့ကြသည်။ အခမ်းအနားတွင် မိတ်ဆက်ခဲ့သည့် Huawei ICT အသိအမှတ်ပြု လက်မှတ် အစီအစဉ်ကို Huawei Asia Pacific ICT အကယ်ဒမီတွင် ပါဝင်ခဲ့ကြသော ၊ သို့မဟုတ် ပါဝင်ရန် စီစဉ်ခဲ့ကြသော ICT လောကတွင် ဝင်ရောက်လုပ်ကိုင်နေသူများနှင့် ကျောင်းသူကျောင်းသားများအတွက် ဩဂုတ်လ ၄ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်အထိ ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။ စာမေးပွဲများကို အချိန်တိုအတွင်း ဖြေဆိုအောင်မြင်သူများကို ဦးရာလူစနစ်ဖြင့် ဆု ချီးမြင့်သွားမည် ဖြစ်သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း နည်းပညာသည် အလွန်ကြာမြင့်သည့် ခရီးရှည်တစ်ခုကို လျှောက်လှမ်း ခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ကာလများတွင် ကမ္ဘာကြီးသည် ဆန်းသစ်သည့် နည်းပညာများကို စုံလင်ကျယ်ပြန့်စွာ မြင်တွေ့ခဲ့ရသည်။ “ယခု ICT ကဏ္ဍသစ်ရဲ့ အခြေခံအုတ်မြစ်မှာ Cloud Computing ၊ Big Data၊ IOT နဲ့ AI တွေ ပါဝင်ပါတယ်” ဟု Huawei Asia Pacific ၏ ဒီဂျစ်တယ် အရာရှိချုပ်နှင့် အမှုဆောင် အတိုင်ပင်ခံ အရာရှိ Micheal Macdonald က အဆင်ပြေချောမွေ့သည့် ICT ဂေဟစနစ်တစ်ခု တည်ဆောက်ခြင်းဆိုင်ရာ အမှာစကားတွင် ဆိုသည်။
ဆန်းသစ်သည့် နည်းပညာများ ထွက်ပေါ်လာခြင်းကြောင့် အခြေခံအဆင့် ICT အရည်အချင်းများနှင့် မလုံလောက်တော့ပေ။ “ Enterprise လုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ အလုပ် လိုအပ်ချက်တွေကို ပြန်လည် သတ်မှတ်လာတာနဲ့ အမျှ အဲဒီ ICT အခင်းအကျင်းသစ်ကြောင့် ခန့်မှန်းချေအနေနဲ့ ICT ကျွမ်းကျင်ပညာရှင် ၅ သန်းလောက် လိုအပ်လာလိမ့်မယ်။ ၂၀၂၀ ခုနှစ်မှာ ကျွန်တော်တို့ဟာ အာရှပစိဖိတ်ဒေသတွင်းမှာ Huawei ICT အကယ်ဒမီပေါင်း ၂၀၀ ကျော် တည်ဆောက်ပြီး ICT အသိအမှတ်ပြုလက်မှတ်ပေါင်း ၁၀၀၀၀ ကျော် ရရှိလာအောင် သင်ကြားလေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။ ICT ကျွမ်းကျင်ပညာရှင် ဂေဟစနစ်စျေးကွက်ဟာ Huawei ရဲ့ ရေရှည် အကောင်အထည်ဖော်သွားမယ့် မဟာဗျူဟာ တစ်ရပ်ဖြစ်ပြီး ကျွန်တော်တို့ဟာ တက္ကသိုလ်တွေ၊ ဒေသတွင်း HALP မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ကျောင်းသားတွေကို ကူညီဖို့နဲ့ ICT ဝန်ထမ်းတွေရဲ့ အလုပ်အကိုင်တွေမှာ ပြိုင်ဆိုင်မှု ပိုမိုမြင့်မားလာစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် “ ဟု Micheal က ကြေညာခဲ့သည်။
ကမ္ဘာတွင် ဦးဆောင်နေသည့် ICT solutions ပံ့ပိုးသူတစ်ဦး ဖြစ်သည့် အလျောက် Huaweiက လုပ်ငန်းကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်စေရန် အထောက်အကူပြုနိုင်မည့် ပြီးပြည့်စုံသော ICT ကျွမ်းကျင်ပညာရှင် ဂေဟစနစ်တစ်ခုကို တည်ဆောက်ရန် ကတိကဝတ်ပြုထားသည်။ ပြီးခဲ့သော နှစ်များတွင် အရည်အချင်းမြင့် လုပ်သားအင်အား ရှားပါးခြင်းက အာရှပစိဖိတ်ဒေသအပါအဝင် ကမ္ဘာအနှံ့ နိုင်ငံများအတွက် စိုးရိမ်ဖွယ်ရာ တစ်ရပ် ဖြစ်ခဲ့သည်။ အာရှပစိဖိတ်ဒေသမှာ ကမ္ဘာ့ ဖွံ့ဖြိုးမှု အမြန်ဆန်ဆုံး ICT ကဏ္ဍများအနက် တစ်ခု ဖြစ်သည်။ AIနှင့် 5G တို့ကဲ့သို့သော ခေတ်သစ် နည်းပညာများ အားကောင်းလာသည်နှင့် အမျှ ကျွမ်းကျင်ပညာရှင်များနှင့် ဒီဂျစ်တယ်ခေတ်အတွင်းမှ အခွင့်အလမ်းများကို ထိရောက်စွာ ချိတ်ဆက်ပေးနိုင်ရန် အတွက် အာရှပစိဖိတ် ဒေသအနေဖြင့် ကဏ္ဍအသီးသီးတို့နှင့် ချိတ်ဆက်ပြီး စံသတ်မှတ်ချက်များ တည်ဆောက်ရန် လိုအပ်လာသည်။
ဤစိန်ခေါ်မှုကို ဖြေရှင်းရန်အတွက် Huawei က ယင်း၏ ကျွမ်းကျင်ပညာရှင်များ ဖန်တီးမွေးထုတ်ပေးခြင်းဆိုင်ရာ မဟာဗျူဟာနှင့် အညီ အရည်အချင်းပြည့်မီသော ဝန်ထမ်းများကို ICT ကဏ္ဍသို့ ပံ့ပိုးပေးနိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင် ဂေဟစနစ်တစ်ရပ်ကို တည်ဆောက်ခဲ့သည်။ ယင်းဂေဟစနစ်တွင် Huawei အသိအမှတ်ပြု လက်မှတ် အစီအစဉ်၊ Huawei အကယ်ဒမီနှင့် Huawei ICT ပြိုင်ပွဲ ဟူ၍ ရှေ့ပြေး ကဏ္ဍသုံးရပ် ပါဝင်သည်။
Huawei အသိအမှတ်ပြုလက်မှတ်အစီအစဉ်သည် အရည်အချင်းစစ် စာမေးပွဲ အခု ၁၀၀နှင့် နည်းပညာကဏ္ဍ ၂၂ ခုတို့ ပါဝင်သည့် ကျွမ်းကျင်ပညာရှင် စံသတ်မှတ်ချက်စနစ်တစ်ခု ဖြစ်ပြီး ICT ကျောင်းသားနှင့် ဝန်ထမ်းပေါင်း ၂၆၀,၀၀၀ ကျော်ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့သည်။ ယင်းတို့အနက် ၁၉,၀၀၀ မှာ အာရှပစိဖိတ်ဒေသမှ ဖြစ်သည်။၂၀၁၃ ခုနှစ်တွင် မိတ်ဆက်ခဲ့သည့် Huawei ICT အကယယ်ဒမီတွင် အဆင့်မြင့်ပညာရေး အဖွဲ့အစည်းပေါင်း ၉၀၀ ကျော် ပါဝင်ပြီး နှစ်စဉ် ကျောင်းသူကျောင်းသား ၄၅,၀၀၀ ကျော်အတွက် ICT သင်တန်းများ၊ လေ့ကျင့်သင်ကြားမှုများ ဖန်တီးပေးလျက် ရှိသည်။ ယနေ့အထိ ကုမ္ပဏီက အာရှပစိဖိတ်ဒေသတွင် ICT အကယ်ဒမီပေါင်း ၁၀၃ ခုကို တည်ထောင်ပေးခဲ့ပြီး ဖြစ်သည်။ ကုမ္ပဏီက ၂၀၁၅ ခုနှစ်တွင် Huawei ICT ပြိုင်ပွဲကိုလည်း စတင်ခဲ့ပြီး နိုင်ငံတကာအဆင့် အသိပညာဆန်းစစ်မှုတွင် ပါဝင်ပြိုင်ဆိုင်စေခြင်းဖြင့် ကျွမ်းကျင်ပညာရှင် ဖွံ့ဖြိုးမှုကို မြှင့်တင်ခဲ့သည်။” ကျောင်းသားတွေကို အသိအမှတ်ပြုခံရလာစေဖို့နဲ့ ထိပ်တန်း enterprise လုပ်ငန်းတွေရဲ့ တန်ဖိုးရှိတဲ့ အလုပ်ခန့်အပ်မှုတွေနဲ့ ချိတ်ဆက်မိလာစေဖို့ ပြိုင်ပွဲက အကူအညီပေးခဲ့ပါတယ်” ဟု Mr.Macdonald က ဆိုသည်။
Huawei ကုမ္ပဏီသည် ကျွမ်းကျင်ပညာရှင်များ ဖန်တီးမွေးထုတ်ပေးနိုင်ရန်အတွက် နည်းလမ်းသစ်များကို ဆက်လက်ရှာဖွေသွားမည် ဖြစ်ပြီး ကမ္ဘာအနှံ့ အစိုးရများ၏ ICT အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များတွင်လည်း ပါဝင် ပံ့ပိုးသွားမည် ဖြစ်သည်။ Enterprise လုပ်ငန်းများ၏ လုပ်သားလိုအပ်ချက်နှင့် တက္ကသိုလ်များ၏ လူသားအရင်းအမြစ် ပံ့ပိုးနိုင်မှုတို့ကြား ကွာဟချက်ကို ပေါင်းကူးပေးနိုင်ရန်မှာ Huawei ၏ အန္တိမပန်းတိုင်ဖြစ်သည်။ သို့ဖြစ်ရာ အာရှပစိဖိတ်နိုင်ငံများအနေဖြင့် လာမည့် ဆယ်စုနှစ်များအတွင်း ခိုင်မာအားကောင်းသည့် ICT အခြေခံအုတ်မြစ်တစ်ရပ် ထူထောင်ရာတွင် ပါဝင်ကူညီနိုင်ရန် Huawei က မျှော်မှန်းလျက် ရှိပါသည်။