OPPO မှ IoT နှင့် Ecosystem အပေါ် ကြိုးစားမှုများ

ယနေ့ခေတ်အခါတွင် 5G စတင်အသုံးပြုလာနိုင်ခြင်း၊ AI စနစ်များ ပိုမိုတိုးတက် ဖွံ့ဖြိုးလာခြင်းတို့နှင့်အတူ အင်တာနက်နှင့် ဆက်သွယ်အသုံးပြုနိုင်သော နယ်ပယ်မှာလည်း ပိုမိုကျယ်ပြန့် လာခဲ့ပြီဖြစ်သည်။ International Data Corporation (IDC) ၏ လေ့လာခန့်မှန်းချက်များအရ Smartwatch များ ၊ Smartband များ၊ Smart Earphone များ၏ ဝယ်လိုအားတိုးတက်လာသည်နှင့်အမျှ ကမ္ဘာအနှံ့တွင် ဝတ်ဆင် ဆက်သွယ် အသုံးပြုနိုင်သော Device များ တင်ပို့ရောင်းချ အသုံးပြုမှုများသည် ၂၀၂၃ ခုနှစ်တွင်  အရေအတွက် 482 Million အထိ တိုးတက်လာနိုင်ကြောင်း ဖော်ပြထားသည်။ အဆင့်မြင့် ပေါင်းစည်းဂေဟစနစ် (Ecosystem) ဆီသို့ ဦးတည်ရွေ့လျားနေသော အနာဂတ်တွင် ထုတ်ကုန်တစ်ခုချင်းစီ၏ အရည်အသွေးအပြင် Device များ အချင်းချင်း ချိတ်ဆက်အသုံးပြုနိုင်ခြင်းမှာလည်း အရေးပါလာပြီဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီတစ်ခု ဖြစ်သော OPPO သည်လည်း ခေတ်မီဆန်းသစ်သော နည်းပညာများနှင့်အတူ ပုံမှန် ဆက်သွယ်မှုထက် တစ်ဆင့်မြင့်သော အသိဉာဏ်မြင့်မားသော ဆက်သွယ်မှုပုံစံများကို ဦးတည်ကြိုးပမ်းလျက် ရှိရာ  ရှေ့လျှောက်အရေးပါလာမည့်  5G၊ AI၊ Cloud Services နှင့်  Big Data ပိုင်းတို့အတွက် ထုတ်ကုန်များ ပေါင်းစည်းချိတ်ဆက်နိုင်သော Ecosystem သစ်ကို တည်ဆောက်နိုင်ရန် OPPO Intelligent Mobile Devices Business Unit ခေါ် OPPO IoT ဌာနကို ဖွဲ့စည်းလုပ်ဆောင်ထားရှိသည်။ OPPO IoT သည် သုံးစွဲသူများ Devices အမျိုးမျိုးနှင့် ချိတ်ဆက်ကာ ပိုမို အဆင့်မြင့်ချောမွေ့သော နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်ကြစေရန် ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လုပ်ငန်းခွင်၊ ခရီးသွားခြင်း ဆိုသည့် အခြေအနေ (၄) ခု အပေါ် မူတည်ကာ  အဓိက ဆက်သွယ်ရေး Device များနှင့်အတူ ဆက်သွယ်နိုင်သော နည်းလမ်းများကို ပိုမိုတိုးချဲ့ပြီး Open Ecosystem တစ်ခု တည်ဆောက်နိုင်ရန် ရည်ရွယ်သည်။ ယခုအခါတွင် OPPO ၏ နောက်ဆုံးပေါ် ဖုန်းများနှင့်အတူ Headphones အမျိုးမျိုးနှင့် Smartwatch တို့ကို  IoT System အတွက် အခြေခံကောင်းတစ်ခုအဖြစ် နိုင်ငံတကာစျေးကွက်တွင် ရောက်ရှိနေပြီဖြစ်ပြီး အထစ်အငေါ့မရှိ အချင်းချင်း ချိတ်ဆက် အသုံးပြုနိုင်သော  အခြားအဆင့်မြင့် ထုတ်ကုန်ပစ္စည်းများကိုလည်း ဆက်လက်မိတ်ဆက်သွားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

OPPO မှ ထိပ်တန်းအဆင့် Audio၊ Binaural low-latency နှင့် အဆင့်မြင့် နားကြပ်လိုင်းအဖြစ် Enco Headphone Series ကို စျေးကွက်တွင် မိတ်ဆက်ခဲ့ပြီးဖြစ်သည်။ OPPO Enco Q1 noise-canceling Headphones နှင့် OPPO Enco Free True Wireless earbuds တို့မှာ Audio နည်းပညာပိုင်းတွင် အမည်ကောင်းရထားသော OPPO ၏ စွမ်းဆောင်ရည်ကို သက်သေပြလျက်ရှိသည်။ ထို့ပြင် ဒီနှစ်အတွင်း ထွက်ရှိလာခဲ့သော  Enco M31 နှင့် OPPO Enco W31 တို့မှာလည်း သုံးစွဲသူများ၏ နှစ်သက်မှုကို ရရှိထားသည်။ ပိုမိုကောင်းမွန်သော ချိတ်ဆက်သုံးစွဲနိုင်သည့်  ထုတ်ကုန်များကို ထုတ်လုပ် နိုင်ရန်လည်း သုတေသနများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

IoT Product Ecosystem အတွက်  Smartwatch များမှာလည်း မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်လာလျက်ရှိရာ နိုင်ငံတကာစျေးကွက်တွင် မကြာသေးမီက မိတ်ဆက်ခဲ့သော OPPO Watch မှာလည်း Smartwear ပိုင်းတွင် ဦးဆောင်သူတစ်ဦးအဖြစ် လှပသော ဒီဇိုင်းနှင့် ကောင်းမွန်သော စွမ်းဆောင်ရည်များအပြင် အဆင့်မြင့် နည်းပညာနှင့် ကျန်းမာရေးပိုင်းဆိုင်ရာ စွမ်းဆောင်မှုများလည်း ပါဝင်သည်။ Independent Communication စနစ်၊  Wear OS Ecosystem၊ VOOC Flash Charge တို့ အားဖြည့်ထားကာ စျေးကွက်တွင် ပထမဆုံးအဖြစ် Curved Flex Screen ပါရှိသည်။ သုံးစွဲသူတို့ ကျန်းမာကြံ့ခိုင်ကာ ပိုမိုအဆင်ပြေချောမွေ့သော နေ့စဉ်ဘဝကို ပိုင်တိုင်နေစေရန် ကူညီပေးမည် ဖြစ်သည်။

OPPO သည် နောက်ဆုံးပေါ် နည်းပညာများ ဆန်းသစ်တီထွင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းတို့ကိုလည်း အရှိန်အဟုန် တိုးမြှင့်ကာ ကြိုးစားလုပ်ဆောင်လျှက်ရှိသည်။ OPPO ၏ စတည်တည်ထောင်သူ CEO Mr.Tony Chen က OPPO သည် လာမည့် သုံးနှစ်အတွင်း R&D ပိုင်းတွင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 5G, AI, AR နှင့် Big Data စသည့် အပိုင်းများတွင် သုတေသနပြုလုပ်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး အဓိက အခြေခံဖြစ်သော Hardware Technologies နှင့် Software Engineering Ability များတွင်လည်း ပိုမို တိုးတက်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ထပ်မံ ပြောကြားသွားခဲ့သည်။ R&D ပိုင်းတွင် ကြိုးစားအားထုတ်မှုများ၊ စျေးကွက်ပါတနာများနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ သုံးစွဲသူများ၏ နေ့စဉ်ဘဝကို ပိုမို အဆင်မြင့် ချောမွေ့စေသော နောက်ဆုံးပေါ် နည်းပညာအသစ်အဆန်းများနှင့် IoT Devices များကို ကမ္ဘာအနှံ့မှ သုံးစွဲနိုင်အောင် OPPO မှ အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။

Previous
Previous

Google play music ကိုစက်တင်ဘာလမှာပိတ်သိမ်းတော့မည်။

Next
Next

Pixel 5, Pixel 4a, Pixel 4a 5G တို့ကိုတစ်ခါတည်းကြေငြာခဲ့တဲ့ Google