Pixel 5, Pixel 4a, Pixel 4a 5G တို့ကိုတစ်ခါတည်းကြေငြာခဲ့တဲ့ Google

Google ကတော့ Pixel 4a ကိုတရားဝင်ကြေငြာလိုက်ပါပြီ။ Pixel 4a နဲ့အတူ Pixel 4a 5g နဲ့ Pixel 5 တို့ကိုပါတစ်ခါတည်းပြသသွားပါတယ်။ Pixel 5 ကတော့အတိအလင်းဘာမှမသိရသေးပေမဲ့ Pixel 4a ကတော့တရားဝင်ထွက်ရှိလာပါတယ်။Pixel 4a မှာစျေးနှုန်းက 349 ဒေါ်လာနဲ့ 5G version ကတော့ဒေါ်လာ ၅၀၀ ကျသင့်မှာပါ။ Google Pixel 4a ဟာiPhone SE ထက်ဒေါ်လာ 50 ပိုနည်းပြီး Storage 128 GB Ram 6 ကိုရမှာပါ။အဲ့တော့ iPhone SE 128 GB ထက်ဒေါ်လာတစ်ရာပိုသက်သာပါတယ်။Review တွေအရတော့ Pixel 4a ဟာကင်မရာပိုင်းဦးစားပေးထားတဲ့ဖုန်းတစ်လုံးဖြစ်ပြီး 12 megapixel main ကင်မရာတစ်လုံးပဲပါပါတယ်။နောက်ပြီးသူ့မှာ Pixel 4 လိုမျိုး image processor သက်သက်မပါတော့ Portrait mode တွေရိုက်ဖို့အတွက်အချိန်တစ်ခုစောင့်ရပါတယ်။video recording အတွက် iPhone SE လိုမျိုး 4k 30fps အထိရိုက်ကူးနိုင်ပါတယ်။

သူ့မှာ Snapdragon 720 G ပါဝင်ပါတယ်။ဒီဖုန်းကနေ့စဉ်လိုအပ်ချက်တွေအတွက် essential ဖြစ်မဲ့ feature တွေအကုန်ထည့်ထားပြီး wireless အားသွင်းတာနဲ့ IP 68 လိုမျိုး Water resistant တော့မပါပါဘူး။ဒါပေမဲ့သူ့အတွက် battery က 3140 mAh Battery ပါပြီး Power efficiency ပိုင်းကိုလည်းပိုပြီးဦးစားပေးထားပါတယ်။သူ့ရဲ့ competitor တွေကတော့ OnePlus ရဲ့ Nord ဖုန်း၊ Samsung ရဲ့ galaxy A71 နဲ့ iPhone SE တို့ဖြစ်ပါတယ်။ဒီအချိန်မှာတော့ iPhone SE က ဒေါ်လာ ၅၀၀ အောက်မှာအကောင်းဆုံး A13 bionic chip ကိုပိုင်ဆိုင်ထားပြီး Software update အကြမ်းဆုံးဆုကိုလည်းပိုင်ဆိုင်ထားပါတယ်။ Pixel 4a မှာတော့ clean အဖြစ်ဆုံး Stock android ပါဝင်နဲ့ Stereo speaker လည်းပါဝင်ပါသေးတယ်။ Pixel 4a ဖုန်းရဲ့ ဒီဇိုင်းမှာတော့ 5.81 inches screen size နဲ့ ဘယ်ဘက်ထောင့်မှာ Punch Hole ပါဝင်ပါတယ်။ Display အမျိုးအစားကိုလည်း OLED Panel ကိုသုံးပေးထားပြီး ခြစ်ရာပြုရာအတွက် Gorilla glass 3 ကိုလည်းအုပ်ထားပေးပါသေးတယ်။ Finger print ကိုတော့အနောက်မှာထည့်ပေးထားပြီး Storage နည်းပညာကို UFS 2.0 သုံးပေးထားပြီး Type C နဲ့ 3.5 mm headphone jack တို့နဲ့ပါမလစ်ဟာအောင်ထည့်ပေးထားပါသေးတယ်။စျေးနှုန်းက 349 ဒေါ်လာဆိုတော့မြန်မာငွေနဲ့ပြန်တွက်ကြည့်ရင် 5 သိန်းကျော် 6သိန်းနီးပါးလောက်ကျသင့်မှာဖြစ်ပြီးဒီနိုင်ငံကို Official တော့မဝင်ပါဘူးလိုချင်တယ်ဆိုရင်တော့သပ်သပ်မှာမှပဲရမှာပါ။

Author : Hein Htet

Ref : the verge

Previous
Previous

OPPO မှ IoT နှင့် Ecosystem အပေါ် ကြိုးစားမှုများ

Next
Next

မြန်မာနိုင်ငံရှိ အွန်လိုင်းရုပ်ရှင်ကြည့်ရှုသူများ၏ ပြောင်းလဲလာသော အလေ့အထ