မြန်မာနိုင်ငံရှိ အွန်လိုင်းရုပ်ရှင်ကြည့်ရှုသူများ၏ ပြောင်းလဲလာသော အလေ့အထ

လူကြိုက်များသည့် နိုင်ငံတကာ ရုပ်ရှင်ဇာတ်လမ်းတွဲများကို ၁၀၀% မြန်မာစာတန်းထိုးနှင့် ပြသခြင်းအပြင် မြန်မာရုပ်ရှင်ဇာတ်ကားကောင်းတွေပါ ပြသပေးနိုင်ခြင်းကြောင့် Viu သည် လတ်တလောကာလတွင် မြန်မာနိုင်ငံရှိ ရုပ်ရှင်ချစ်ပရိတ်သတ်များနှစ်သက်သော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ အွန်လိုင်းမှ ရုပ်ရှင်ကြည့်ရှုနိုင်သော ပလက်ဖောင်းများ ထွက်ပေါ်လာခြင်းကလည်း မြန်မာနိုင်ငံရှိ ပြည်သူများ၏ ရုပ်ရှင်ကြည့်ရှုခြင်း အလေ့အထကို အပြောင်းအလဲတစ်ခု ဖြစ်စေခဲ့သည်။ ယခုနောက်ပိုင်း မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်များအနေဖြင့် ရုပ်ရှင်အရည်အသွေးကို ပိုမိုတန်ဖိုးထားကြည့်ရှုလာကြသည့်အပြင် ဟာသ၊ ဒရာမာ၊ အက်ရှင်၊ သဘာဝလွန် အစရှိသည့် ရုပ်ရှင်အမျိုးအစားအစုံအလင်ကိုလည်း စျေးကွက်အတွင်း၌ ပိုမိုမျှော်လင့်လာကြသည်။ ထိုကဲ့သို့ ပြောင်းလဲလာသည့် အလေ့အထများနှင့်အညီ ကြည့်ရှုသူများ၏ အကြိုက်နှင့် ကိုက်ညီနိုင်မည့် ရုပ်ရှင်များ ပြသပေးနိုင်အောင်လည်း Viu ကဲ့သို့ အွန်လိုင်းရုပ်ရှင်ဝန်ဆောင်မှု အက်ပလီကေးရှင်းများတွင် ပိုမိုအဆင့်မြင့်သည့် နည်းပညာများ အသုံးပြုလာကြပါသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း Viu သည် ကိုရီးယား၊ အိန္ဒိယ ရုပ်ရှင်ဇာတ်လမ်းတွဲများကို အဓိကထားပြသပေးခဲ့ပြီး ယခုအခါတွင် မြန်မာရုပ်ရှင်ဇာတ်လမ်းများကိုလည်း ပြသပေးနေပြီ ဖြစ်ပါသည်။ အဆိုပါ ဇာတ်လမ်းများအားလုံးအား ၁၀၀% မြန်မာစာတန်းထိုးနှင့် ပြသပေးနေပြီး ဒေါင်းလုတ်လည်း အလွယ်တကူ ရယူနိုင်ပါသည်။ လေ့လာဆန်းစစ်ချက်များအရ ရုပ်ရှင်ကြည့်ရှုသူများအနေဖြင့် ဇာတ်လမ်းများကို ဒေါင်းလုတ်ရယူကြည့်ရှုခြင်းကို ပိုမိုအားသန်သောကြောင့် Viu အနေဖြင့်လည်း ပလက်ဖောင်းပေါ်ရှိ ဇာတ်လမ်းများအားလုံးကို အလွယ်တကူ ဒေါင်းလုတ်ရယူနိုင်စေရန် ပြုလုပ်ပေးထားပါသည်။

နိုင်ငံတကာရုပ်ရှင်ဇာတ်လမ်းတွဲများ ကြည့်ရှုနိုင်သည့် ထိပ်တန်းအွန်လိုင်း ရုပ်သံဝန်‌ဆောင်မှုတစ်ခုအနေဖြင့် ပြည်တွင်းရုပ်ရှင်ဇာတ်လမ်းတွဲများကိုပါ ပြသပေးလျှက်ရှိပြီး နိုင်ငံတကာတွင် လူကြိုက်များသော ဇာတ်ကားအချို့ကိုလည်း အချိန်နှင့်တစ်ပြေးညီ ပြသပေးလျှက် ရှိပါသည်။ မကြာသေးမီကာလအတွင်း၌ A World of Married Couple, Mahomini, Daayan, Lady Boy, ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆိုင်းကြိုက်တဲ့မောင်၊ ပြဿနာ၊ လေးပါးကျော့ရှိန်ဝရဇိန် အစရှိသည့် ဇာတ်ကားများကို လူကြည့်များပြားခဲ့ပြီး ထိုကဲ့သို့ ဇာတ်လမ်းအမျိုးအစားစုံလင်စွာ ပြသပေးနိုင်မှုကြောင့်လည်း Viu ၏ ကမ္ဘာတစ်ဝှမ်းရှိ ဗွီဒီယိုကြည့်ရှုမှုအား ၆၉% အထိ တိုးမြင့်လာစေခဲ့ပါသည်။

မြန်မာနိုင်ငံရှိ ရုပ်ရှင်ကြည့်ရှုသူများအနေဖြင့် ရုပ်သံကြည်လင်ပြတ်သားမှု အရည်အသွေး၊ သင့်တင့်မျှတသည့် လစဥ်ကြေးနှင့် ကြည့်ရှုအသုံးပြုရ လွယ်ကူအဆင်ပြေမှုပေါ် မူတည်၍ မိမိနှင့်အဆင်အပြေဆုံးဖြစ်မည့် အွန်လိုင်းရုပ်သံလိုင်းများကို ရွေးချယ်ရှာဖွေကြပါသည်။ ထို့အပြင် အသုံးပြုသူများသည် ရုပ်ရှင်ကြည့်ရှုရာ၌ မိုဘိုင်းဖုန်းများကိုသာ အသုံးပြုပြီးကြည့်ရှုကြသည်ကိုလည်း  ယခုနောက်ပိုင်းတွင် သိသာထင်ရှားစွာ တွေ့မြင်ရပါသည်။ ထိုသို့ မိုဘိုင်းဖုန်းများမှ ကြည့်ရှုလာမှုများကြောင့် ဒေတာအသုံးပြုမှုသက်သာစေရန်လည်း Viu ကဲ့သို့ အွန်လိုင်းရုပ်သံဝန်ဆောင်မှုများမှ မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပူးပေါင်းမိတ်ဖက်လာကြပါသည်။ အကျိုးဆက်အနေဖြင့် အသုံးပြုသူများမှ sign up ပြုလုပ်ရန်မလို၊ subscription fees ပေးဆောင်ရန်မလိုအပ်ဘဲ ရုပ်ရှင်ဇာတ်လမ်းတွဲများကို အဆင်ပြေသက်သာစွာ ကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ ထို့အပြင် မြန်မာရုပ်ရှင်ချစ်ပရိတ်သတ်များအတွက်လည်း Viu Originals များကို ပေးအပ်ရန် ရှိပါသည်။ ကမ္ဘာတစ်ဝှမ်း၌လည်း Viu Originals ပေါင်း ၅၀ ကျော်အား သက်ဆိုင်ရာ ဘာသာစကား စာတန်းထိုးဖြင့် Viu စျေးကွက်တည်ရှိရာ နိုင်ငံပေါင်း ၁၆ နိုင်ငံ၌ ပြသပေးနေပါသည်။

မြန်မာနိုင်ငံသည် လူဦးရေ၊ ဒေတာအသုံးပြုမှု၊ စမတ်ဖုန်းအသုံးပြုမှု စာရင်းကောက်ချက်များအရ အွန်လိုင်းရုပ်ရှင်စျေးကွက်အတွက် အလားအလာရှိသော စျေးကွက်တစ်ခုဖြစ်ပါသည်။ ထိုကဲ့သို့ အခွင့်အရေးများနှင့်အတူ အခက်အခဲများလည်း ရှိနေပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှသူအချို့သည် email အသုံးပြုခြင်းနှင့် ပတ်သက်၍ အကျွမ်းတဝင် မရှိသောကြောင့် ထိုသူတို့အကြိုက် သဘာဝနှင့် ကိုက်ညီမည့် ရုပ်ရှင်ဇာတ်ကားများအား အီးမေးလ်မှတစ်ဆင့် အချက်ပေး ပေးပို့၍ မရသောကြောင့် အသုံးများသော လူမှုကွန်ရက်ဖြစ်သည့် Facebook မှ ပိုမိုအသားပေးကြေညာပေးရပါသည်။

မြန်မာနိုင်ငံရှိ အွန်လိုင်းရုပ်ရှင်ကြည့်ရှုသူများမှ အွန်လိုင်းရုပ်ရှင်ကြည့်သည့် အလေ့အထ ပြောင်းလဲလာသည်နှင့် အတူ အွန်လိုင်းရုပ်သံဗွီဒီယိုများကို ပိုမိုတက်ကြွစွာ ကြည့်ရှုလာကြပါသည်။ မကြာသေးမီက Media Partners Asia’s AMPD Research ၏ ၂၀၂၀ ခုနှစ် ထုတ်ပြန်ချက်အရ အရှေ့တောင်အာရှတစ်ခွင်တွင် YouTube မှလွဲလျှင် Viu သည် အွန်လိုင်းရုပ်သံဝန်ဆောင်မှုများထဲ၌ ပထမနေရာကို ရယူနိုင်ခဲ့ပါတယ်။ အွန်လိုင်း ရုပ်သံဝန်ဆောင်မှု၏ အနာဂတ်အနေနှင့် Viu ကြည့်ရှုသူများအား အသစ်အသစ်သော စိတ်ဝင်စားဖွယ်ဇာတ်ကားများလည်း ပေးအပ်သွားမည် ဖြစ်ပါသည်။

Viu အကြောင်း

Viu သည် ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ စသည့် အာရှနိုင်ငံများနှင့် ဘာရိန်၊ အီဂျစ်၊ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးစသည့် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများအပါအဝင် ဈေးကွက်ပေါင်း ၁၇ ခုတွင် အသုံးပြုနိုင်သည့် ထိပ်တန်း အွန်လိုင်း ဗီဒီယိုဝန်ဆောင်မှု (OTT) ဖြစ်ပြီး ၎င်းအား မကြာသေးမီကပင် တောင်အာဖရိကတွင် ဝန်ဆောင်မှု စတင်မိတ်ဆက်ခဲ့ပြီး ဖြစ်သည်။

Viu တွင် Ads များပါဝင်သည့် ဗားရှင်းနှင့် features များ စုံစုံလင်လင် ပိုမိုပါဝင်သည့် ပရီမီယမ် ဗားရှင်းဟူ၍ နှစ်မျိုးရှိပြီး ထိပ်တန်းရုပ်ရှင်ထုတ်လုပ်သူများထံမှ အာရှရုပ်ရှင်ဇာတ်ကားများကို မြန်မာစာတန်းထိုးဖြင့် ပြသလျက်ရှိသည်။

အသုံးပြုသူများအနေဖြင့် အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုခြင်း၊ ဒေါင်းလုတ် ရယူခြင်းတို့ကို မည်သည့် စက်ပစ္စည်း၊ ကွန်ယက်နှင့်မဆို အဆင်ပြေလွယ်ကူစွာ ရယူကြည့်ရှုနိုင်ပါသည်။Viu App ကို App Store နှင့် Google Play တို့မှ အခမဲ့ ရယူပြီး ဖုန်း၊ တက်ဘလက်တို့မှ အခမဲ့ ရယူကြည့်ရှုနိုင်သလို www.viu.com ၌လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Previous
Previous

Pixel 5, Pixel 4a, Pixel 4a 5G တို့ကိုတစ်ခါတည်းကြေငြာခဲ့တဲ့ Google

Next
Next

ဘက်စုံသုံးအတွက်သင့်တော်သည့် HUAWEI MatePad အမျိုးအစားသစ်ကို မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်တော့မည်။