Samsung galaxy unpack event နဲ့ Note 20 အတွက်ကောလဟာလများ

Samsung ရဲ့နောက်ထပ် Product ကြီးကြီးမားမားမိတ်ဆက်မဲ့ပွဲကိုတော့August 5 ရက်နေ့မှာအတည်ပြုလိုက်ပါပြီ။ဒီပွဲကိုတော့ထုံးစံအတိုင်းပဲလူစုလို့မရတဲ့ Corona virus ကြောင့် online ပေါ်ကပဲ virtual လုပ်သွားမှာပါ။အဓိကပြသမဲ့ထုတ်ကုန်ကတော့ Samsung ရဲ့နောက်ထပ် Note series အသစ်ပါ။Trailer မှာပြသွားတာကတော့ Note 20 နဲ့အတူနောက်ထပ် Product အသစ်ငါးခုပါ။ Galaxy watch အသစ်နဲ့ နားကြပ်အသစ်လဲပါပါတယ်။

Teaser မှာတော့မိတ်ဆက်မဲ့ Product ငါးခုကိုအရိပ်လောက်လေးပဲပြထားပါတယ်။ဒီငါးခုကိုကြည့်ရသလောက်တော့ Tablet အသစ်,True wireless နားကြပ်တစ်ခု,ခေါက်ဖုန်းတစ်ခု,နဲ့ Penလေးထောင်ထားတဲ့ note 20 တို့ပါ။ဒီ Product တွေဟာအရင်ကသတင်းတွေထွက်ပြီး Development လုပ်နေတဲ့ Model တွေဖြစ်တဲ့ Galaxy Tab S7, Galaxy watch 3 နဲ့ Galaxy Buds live wireless နားကြပ်နဲ့ Fold နဲ့နောက်မျိုးဆက်သစ် galaxy Z fold 2 တို့ပဲဖြစ်ပါတယ်။ Samsung ကတရားဝင်ကြေငြာထားတဲ့ Product တစ်ခုကတော့5G version Galaxy Z Flip handset ပဲဖြစ်ပါတယ်။

[youtube https://www.youtube.com/watch?v=3BJ7fF2aQqY&w=770&h=434]

Note series အသစ် Galaxy Note 20 series

Note 20 အသစ်ကတော့ Samsung ကလုံးဝကို Focus လုပ်ပြီး Galaxy unpack ပွဲမှာပြသွားမှာပါ။ ဒီနှစ်မှာ Samsung ဆီကနေ Note 20 series ဖုန်းအသစ်နှစ်မျိုးမျှော်လင့်လို့ရပါတယ်။ ထုံးစံအတိုင်းပဲ Standard Note 20 နဲ့ပိုကြီးတဲ့ Note 20 ultra ဆိုပြီးနှစ်မျိုးလာနိုင်ပါတယ်။ Standard note 20 ကတော့ flat display (6.7 inches Resolution 2400x1080 ) နဲ့ဖြစ်နိုင်ပြီး Note 20 Ultra ကတော့ curve display ( 6.9 inches resolution ကတော့ 3200x1440 ) ဆိုပြီး Winfuture ရဲ့အဆိုအရသိရပါတယ်။တစ်ချို့ကောလဟာလတွေကတော့ ကြားမော်ဒယ်ဖြစ်တဲ့ Note 20 plus ဆိုပြီး 6.78 inches ကိုမှ resolution က2345x1084 ဆိုပြီးလဲခန့်မှန်းကြပါတယ်။ Note 20 ရဲ့ First look ကတော့ Samsung ကိုတိုင်သူတို့ website ပေါ်မှာမတော်တဆတင်ခဲ့မိတာပါ။ဒီအချိန်မှာတော့ကင်မရာBump ကိုပုံစံပြန်ပြင်ထားပါတယ်။ကင်မရာသုံးလုံးနဲ့ စတုတ္တမြောက်ဆင်ဆာကတော့ 3D Tof sensor ဒါမှမဟုတ် Laser autofocus ဖြစ်နိုင်ပါတယ်။အဓိက main camera ကတော့ 108 megapixel နဲ့ S20 ultra မှာသုံးထားတဲ့ထောင့်ချိုး Periscope zoom lens တို့ပြန်ပါလာနိုင်ပါတယ်။ zoom အတွက်တော့ S20 Ultra မှာသုံးထားတဲ့အဆ ၁၀၀ ကလက်တွေ့မှာသိပ်မသုံးကြတော့ဒီတစ်ခေါက် Note 20 မှာတော့ zoom အဆ ၅၀မှာရပ်လိုက်ပြီးပိုကောင်းတဲ့ပုံတွေထွက်လာအောင်လုပ်ပေးလာနိုင်ပါတယ်။ S Pen ကတော့ Note 10 မှာအသုံးပြုခဲ့တဲ့ Bluetooth နဲ့ချိတ်ဆက်လို့ရတဲ့ S Pen ပဲဖြစ်နိုင်ပါတယ်။ Note 10 နဲ့ခပ်ဆင်ဆင် ရိုးရိုးရှင်းရှင်း Gesture control လေးတွေပြန်သုံးလာနိုင်ပါတယ်။ဒီဇိုင်းပိုင်းကတော့အရှေ့ဘက်မှာ Punch hole ကင်မရာပါဖို့ကသေချသလောက်ဖြစ်နေတော့ Under display camera ကိုတော့နောက်ထပ်မော်ဒယ်တွေမှာပဲမြင်ရတော့မှာပါ။

အရောင်အသစ်ကတော့ ပုံထဲမှာပြထားတဲ့ကြေးနီအရောင်နဲ့ နောက်တစ်ရောင်ကတော့ S20 မှာသုံးခဲ့တဲ့မီးခိုးရောင်ဖြစ်ပါတယ်။Note 20 မှာ Snapdragon 865 နဲ့ Note 20 ultra မှာ 865 plus ဆိုပြီးနှစ်မျိုးပါဝင်လာနိုင်ပါတယ်။ Refresh rate ကတော့ 120 refresh rate ကတော့သေချာသလောက်ရှိနေပြီး Battery life နဲ့လိုက်ဖက်အောင် Software optimization ပိုင်းကိုပိုပြီးအဆင့်မြင့်တင်ပေးလာနိုင်ပါတယ်။

Author :Hein Htet
Ref : the verge,winfuture

Previous
Previous

iPhone 11 ထုတ်လုပ်မှုကိုအီန္ဒိယမှာစတင်နေပြီဖြစ်တဲ့ Apple

Next
Next

Private mode သို့မဟုတ် incognito mode သုံးတာတစ်ကယ်ပဲစိတ်ချရလို့လား