Private mode သို့မဟုတ် incognito mode သုံးတာတစ်ကယ်ပဲစိတ်ချရလို့လား
Private browsing ဆိုတာကတော့ကိုယ်က Internet နဲ့ Web browsing ကို ဖုန်းတစ်လုံးထဲကွန်ပြူတာတစ်လုံးထဲကိုအတူတူသုံးတဲ့အခါမှာကိုဘာတွေသုံးခဲ့သလဲဆိုတာတစ်ဖက်ကလူမသိအောင် History တွေမကျန်ခဲ့တဲ့ Mode တစ်ခုပါ။
Private mode ဒါမှမဟုတ် incognito mode ဟာ ကိုယ့်ရဲ့ သဲလွန်စခြေရာတွေကိုအတိုင်းအတာတစ်ခုအထိထိန်းသိမ်းပေးနိုင်ပေမဲ့ခြေရာခံနိုင်မဲ့နည်းလမ်းတွေတော့ရှိပါသေးတယ်။ကိုယ်နဲ့ network တစ်ခုထဲအတူတူသုံးတဲ့လူတွေတင်မကသင်သုံးနေတဲ့ WIFI ကိုထောက်ပံ့ပေးထားတဲ့ ISP ကို့ရဲ့ဖုန်းအော်ပရေတာ,သင့်ရဲ့အစိုးရ အပြင်နောက်ဆုံးသင့်ကိုကြည့်မရတဲ့ Hacker တွေကအစခြေရာခံနိုင်ပါတယ်။

Private Browsing mode ကိုဘယ်သူကစခဲ့တာလဲ။
ဒီ feature ကိုတော့ Apple ရဲ့ Browser Safari (ဆာဖရီ) မှာ ၂၀၀၅ ခုနှစ်ကနေစတင်ပါဝင်လာတာပါ။နောက်ပိုင်းသိပ်တောင်မကြာပါဘူးပြိုင်ဘက် Google တို့ Mozilla တို့မှာလဲအသီးသီးပါဝင်လာပြီးအခုဆိုရင် Browser မှန်ရင် Incognito ( Private browsing ) mode ပါဝင်ရမယ်ဆိုပြီးဖြစ်လာပါပြီ။ Private Browsing mode ကိုသုံးရင်ကိုယ်သုံးနေတဲ့ Page ကနေခွဲပြီးသူ့အတွက်သပ်သပ် Browsing Page တစ်ခုကျလာပါတယ်။Private mode ထဲဝင်သွားရင်တော့ internet ပေါ်မှာကိုယ်ဘယ်နေရာတွေကိုသွားလည်ခဲ့သလဲဆိုတာကိုမှတ်ထားမှာမဟုတ်ပါဘူး။ Private mode ကနေတစ်ဆင့် Website တစ်ခုကို Login ဝင်လိုက်တယ်ဆိုရင် ကိုသုံးလက်စ Browser Page ကိုပိတ်လိုက်သည့်တိုင်အောင် cookie တွေကို Save လုပ်မှာမဟုတ်ပါဘူး။ဒီနည်းလမ်းဟာ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်သက်ရောက်ပါတယ်။ကိုယ်ကရိုးရိုး Browsing Mode မှာသုံးခဲ့တဲ့ Cookie တွေကိုလဲ Private Browsing mode ထဲဝင်သုံးမယ်ဆိုရင်လဲ Cookies တွေကိုသိမှာမဟုတ်ပါဘူး။ဥပမာ ကိုယ်က ရိုးရိုး browsing mode မှာ Facebook ကိုတစ်ခါ Login ဝင်ပြီးသွားရင် Password ပြန်ထည့်စရာမလိုတော့ပေမဲ့ အဲ့ Browser မှာပဲ Facebook ကို incognito mode နဲ့ပြန်သုံးမယ်ဆိုရင် Passwordကိုပြန်ထည့်ပေးရမှာပါ။ဆိုလိုရင်းကတော့ Cookies တွေဟာ Private Browsing mode နဲ့ Normal Browsing mode မှာအပြန်အလှန်သက်ရောက်မှုမရှိပါဘူး။Private browsing mode ဟာ Third party တွေအနေနဲ့သင့်ရဲ့လှုပ်ရှားမှုတွေကိုခြေရာခံရာမှာအနည်းငယ်ပိုပြီးခက်ခဲသွားပါတယ်။

Incognito mode ရဲ့ကန့်သတ်ချက်များ
Private mode ကိုပေးသုံးထားတဲ့ Browser တွေဟာလုံးဝဥဿုံလုံခြုံမှုကိုပေးနိုင်တာမဟုတ်ပါဘူး။ဒါပေမဲ့ Private Home network ကိုအတူတူအသုံးပြုနေတဲ့လူတွေအတွက်တော့ security အလွှာပါးပါးလေးတော့ပေးနိုင်ပါတယ်။ ဒါပေမဲ့ Incognito mode ကသင့်ရဲ့ အင်တာနက်အသုံးပြုမှုအချက်လက်တွေကို network admin တွေနဲ့ Public network လွှင့်ထားတဲ့သူတွေထောက်လှမ်းမှုကနေကာပေးနိုင်မှာတော့မဟုတ်ပါဘူး။အဲ့တာကြောင့်ကော်ဖီဆိုင်မှာဖြစ်ဖြစ်စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် Public network ကိုသုံးတော့မယ်ဆိုရင် VPN ကျော်သုံးတာစိတ်အချရဆုံးပါပဲ။
Private browsing mode ကိုလွယ်လွယ်ကူကူနဲ့အနိုင်ယူနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။
သင့်ရဲ့ကွန်ပြူတာက Network traffic နဲ့ DNS တောင်းဆိုမှုတွေကိုခြေရာခံနိုင်တဲ့ Malware စွဲကပ်နေရင်တော့ Incognito mode လဲမကယ်နိုင်ပါဘူး။နောက်ပြီးတော့ Fingerprinting လို့ခေါ်တဲ့နည်းလမ်းတစ်ခုကိုလည်းအနိုင်မယူနိုင်ပါဘူး။ Fingerprinting နည်းလမ်းကတော့ third Parties တွေက (ကြေငြာ network တွေမှာသုံးတဲ့) သင့်ရဲ့ Network အသုံးပြုမှုတွေကိုခြေရာခံဖို့သင့်ကွန်ပြူတာတွေရဲ့ Features တွေကိုထောက်လှမ်းတာပါ။ Fingerprinting ကဘာလို့စိတ်ဝင်စားဖို့ကောင်းလဲဆိုတော့တခြား Malware တွေနဲ့ trojans တွေလောက်လူတွေရဲ့အာရုံစူးစိုက်မှုကိုသိပ်မရလို့ပါ။
Author: Hein Htet
Ref : How To Geek