iPhone 11 ထုတ်လုပ်မှုကိုအီန္ဒိယမှာစတင်နေပြီဖြစ်တဲ့ Apple

Apple ကတော့ iPhone 11 ကို အိန္ဒိယမှာစထုတ်နေပါပြီ။ဒီအကြောင်းကိုတော့စီးပွားကူသန်း‌ရောင်းဝယ်ရေးဝန်ကြီး Piyush Goyal (ပီယုရ် ဂွေးလ်) ကသောကြာနေ့မှာ Tweet လုပ်ခဲ့ပါတယ်။iPhone XR အတွက် ထုတ်လုပ်မှုကိုစီစဉ်ရန် စတင်ပြီးနောက်ထပ် ၉လ အကြာမှာ iPhone 11 ထုတ်လုပ်နိုင်ခဲ့တာပါ။ဒီလိုပြည်တွင်းထုတ်လုပ်မှုဟာကုမဏီအနေနဲ့ handset တွေတင်သွင်းခအခွန် ၂၀ ရာခိုင်နှုန်းကိုရှောင်ရှားနိုင်မှာပါ။Apple ကို iPhone ထုတ်လုပ်မှုတွေအတွက်ထောက်ပံ့ပေးမဲ့ suppliers တွေဖြစ်တဲ့ Foxconn, Wistron နဲ့ Pegatron တို့ကလည်း အိန္ဒိယမှာအကြီးအကျယ်ရင်းနှီးမြှပ်နှံမှုထားပါတယ်။

Tweet ထားတဲ့ထဲမှာတော့ “Apple ဟာ iPhone 11 ထုတ်လုပ်မှုကိုအိန္ဒိယမှာစတင်နေပြီးထိပ်တန်းစမတ်ဖုန်း‌မော်ဒယ်ကိုပထမဆုံးအကြိမ်နိုင်ငံအတွက်ယူဆောင်လာခဲ့ပါပြီ။”

အိန္ဒိယစျေးကွက်ဟာစမတ်ဖုန်းထုတ်လုပ်သူတွေအတွက်အရေးကြီးတဲ့စျေးကွက်တစ်ခုဖြစ်လာပြီးဒါကတော့ သန်း ၅၀၀ ကျော်တဲ့စမတ်ဖုန်းအသုံးပြုသူတွေကြောင့်ပါ။တခြားကုမဏီတွေဖြစ်တဲ့ Samsung နဲ့ Xiaomi တို့လည်းပွားများလာတဲ့စျေးကွက်လိုအပ်ချက်တွေကြောင့်ရင်းနှီးမြှပ်နှံမှုတွေပြုလုပ်ထားပြီးဖြစ်ပါတယ်။ပေါက်ကွဲလာတဲ့စျေးကွက်လိုအပ်ချက်တွေက Apple နဲ့ တခြား supplier တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။

Apple ရဲ့ အဓိက Supplier ဖြစ်တဲ့ Foxconn ဟာ iPhone နဲ့ တခြား Apple devices တွေအတွက် ဒေါ်လာ ၁ ဘီလီယံရင်းနှီးမြှပ်နှံဖို့စီစဉ်ထားပါတယ်။ iPhone မော်ဒယ်တွေထုတ်လုပ်မဲ့ Apple စက်ရုံတွေချဲ့ကားနိုင်ဖို့ပါ။

Apple ကအိန္ဒိယနိုင်ငံပြည်တွင်းစမတ်ဖုန်းထုတ်လုပ်မှုကို 2017 ‌မေလကတည်းက iPhone SE နဲ့စတင်ခဲ့တာပါ။ မနှစ်ကအောက်တိုဘာမှာ Apple အနေနဲ့ iPhone XR ကိုလည်း locally ထုတ်လုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံစမတ်ဖုန်းထုတ်လုပ်မှုကိုချဲ့ကားနိုင်ရန်အတွက် iPhone SE 2020 ကိုလည်းဆက်လက်ထုတ်လုပ်သွားဖို့ရှိတယ်လို့သိရပါတယ်။ ဒီအတိုင်းသာဆို iPhone SE (2020)  ဟာအိန္ဒိယနိုင်ငံအတွက်စျေးအသက်သာဆုံးနဲ့လူတိုင်းဝယ်ကိုင်နိုင်တဲ့ iPhone တစ်လုံးဖြစ်လာမှာပါ။

Author : Hein Htet

Ref :360Gadgets

Previous
Previous

အာရှတိုက်၏ အကောင်းဆုံး နံပါတ် ၁ အမှတ်တံဆိပ်အဖြစ် ၉ နှစ်ဆက်တိုက် Samsung ရပ်တည်လျက်ရှိ

Next
Next

Samsung galaxy unpack event နဲ့ Note 20 အတွက်ကောလဟာလများ