အမေရိကန်နိုင်ငံရဲ့တားမြစ်ခြင်းကို‌ရှောင်ရှားဖို့တရုတ်နိုင်ငံကိုစွန်ခွာချေရှိနေတဲ့ Tik tok

နိုင်ငံတကာဆယ်ကျော်သက်တွေကြားထဲစိမ့်ဝင်ပြန့်ပွားနေတဲ့ Tik tok application ဟာ US ဘန်းကိုရှောင်ရှားဖို့အတွက်မိခင်တရုတ်နိုင်ငံကိုစွန့်ခွာဖို့ရှိနေတယ်လို့အိမ်ဖြူတော်အကြံပေးကပြောလိုက်ပါတယ်

ဘန်းမဲ့ကိစ္စမှာနောက်ဆုံးဆုံးဖြတ်ချက်တော့မချရသေးပါဘူး။ဒါပေမဲ့ Tiktok အနေနဲ့တရုတ်နိုင်ငံက‌နေစွန့်ခွာပြီးသီးသန့်ကုမ္ပဏီတစ်ခုအနေနဲ့ရပ်တည်နိုင်ပါတယ်လို့အိမ်ဖြူတော်အကြံပေး Larry Kudlow ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

Bytedance အနေနဲ့တစ်ကယ်လို့ Tiktok သာဘန်းခံလိုက်ရမယ်ဆိုရင်ကမ္ဘာတစ်ဝန်းကဘီလိယံနဲ့ချီတဲ့အသုံးပြုသူတွေကိုလက်လွှတ်ဆုံးရှုံးရဖွယ်ရှိပါတယ်Tiktok မှာအမေရိကန် CEO တစ်ယောက်ရှိနေပြီးဘေဂျင်းကိုထောက်လှမ်းရေးပြုလုပ်နေတယ်လို့လဲစွပ်စွဲကြလူတွေရှိပါတယ်။အိမ်ဖြူတော်အကြံပေး Larry Kudlow ကတော့ Tiktok ဘန်းထာထက်Platform ကိုတစ်စုံတစ်ယောက်ကဝယ်လိုက်တာကပိုမိုကောင်းမွန်တဲ့ဖြေရှင်းချက်ဖြစ်တယ်လို့လဲပြောကြားခဲ့ပါတယ်။

အိန္ဒိယကဘန်းခဲ့တဲ့ တရုတ် App ၅၉ခုမှာ Tik Tok မှာထိပ်ဆုံးကပါဝင်ခဲ့ပြီးအရှေ့တောင်အာရှမှာနာမည်အကြီးဆုံး App တွေဖြစ်တဲ့ Mobile Legend နဲ့ Wechat တို့ပါပါဝင်ခဲ့ပါတယ်။

Tik Tok ရဲ့အောင်မြင်မှုဟာတစ်ဟုန်ထိုးမြင့်မားခဲ့ပြီး Tiktok ရဲ့အောင်မြင်မှုနဲ့အတူ Bytedance ဟာသြဇာအာဏာကြီးတဲ့အင်တာနက်ကုပ္မဏီတစ်ခုဖြစ်လာခဲ့ပါတယ်။

Author: Hein Htet

Ref : gadget360

Previous
Previous

OPPO မှ UK တွင် စျေးကွက် ဦးဆောင်သူများနှင့်အတူ ပထမဆုံး 5G Standalone (SA) Network ကို အကောင်အထည်ဖော်မှုတွင် ပူးပေါင်းလုပ်ဆောင်

Next
Next

Data တွေပို့တဲ့အခါလုံခြုံမှုရှိအောင်စာဝှက်တဲ့နည်းလမ်း End to End encryption အကြောင်း