OPPO မှ UK တွင် စျေးကွက် ဦးဆောင်သူများနှင့်အတူ ပထမဆုံး 5G Standalone (SA) Network ကို အကောင်အထည်ဖော်မှုတွင် ပူးပေါင်းလုပ်ဆောင်
OPPO သည် ဥရောပ၏ 5G SA ကွန်ရက်တည်ဆောက်မှုတွင် ထင်ရှားသော မှတ်တိုင် တစ်ခုဖြစ်သည့် 5G Standalone (SA) Network များနှင့် 5G SA Network Slicing Services များကို ပထမဦးဆုံး တပ်ဆင် နိုင်ခဲ့မှုကို Vodafone နှင့် Ericsson တို့နှင့် အတူ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်းကို ဇူလိုင်လ (၃) ရက်နေ့တွင် ကြေညာခဲ့သည်။
UK ရှိ Coventry တက္ကသိုလ်တွင် တပ်ဆင်ထားသော Network အသစ်များကို Qualcomm Technologies နှင့် MediaTek ၏ 5G မိုဘိုင်းပလက်ဖောင်း အသီးသီးဖြင့် အားဖြည့်ထားသော OPPO ၏ 5G စမတ်ဖုန်းများဖြင့် စစ်ဆေးအတည်ပြု ခဲ့သည်။
OPPO နှင့် Ericsson တို့သည် Qualcomm Techologies၊ MediaTek တို့နှင့် သီးခြားစီ ပူးပေါင်းလုပ်ဆောင်များ ပြုလုပ်ပြီး OPPO ၏ Find X2 Pro နှင့် Reno3 စမတ်ဖုန်းများကို အခြေခံကာ Network Slice Switching Software များ တီထွင် ထုတ်လုပ်ခဲ့ကာ သုံးစွဲသူများ၏ လိုအပ်ချက်အမျိုးမျိုးအတွက် မတူညီသော Slice အမျိုးမျိုးကို ပြောင်းလဲအသုံးပြုကာ အကောင်းဆုံးအတွေ့အကြုံများကို ရရှိနိုင်စေနိုင်ရန် ဆောင်ရွက်ခဲ့သည်။ Slice တစ်ခုသည် မြန်နှုန်းမြင့် အင်တာနက်ကို ရရှိနိုင်ရန် အသုံးပြုပြီး အခြား Slice မှာ ကျောင်းသားကျောင်းသူများနှင့် တက္ကသိုလ်ဝန်ထမ်းများ၊ ဆရာ ဆရာမများအတွက် သီးသန့်ချိတ်ဆက်မှု (Dedicated Connection) ကို ပေးစွမ်းရန်နှင့် နှောင့်နှေးကြန့်ကြာခြင်း၊ ထစ်ငေါ့ခြင်း မရှိဘဲ ကြည်လင်ပြတ်သားသော အဝေးသင် သင်ကြားရေး၊ သင်ယူရေးတို့ကို လုပ်ဆောင်နိုင်ရန် ကူညီသည်။
3GPP (မိုဘိုင်းဆက်သွယ်ရေးများအတွက် Protocols များ သတ်မှတ်ပေးသော စံချိန်စံညွှန်းအဖွဲ့အစည်းများကို ချုံငုံခေါ်ဆိုခြင်း) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ 5G ကို NSA (Non-Standalone) နှင့် SA (Standalone) ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပြီး SA သည် 5G Base Station များနှင့် 5G Core Network များကို အသုံးပြုထားသော တစ်ဦးတည်း ရပ်တည် နိုင်သည့် ကွန်ရက်တည်ဆောက်ပုံကို ဆိုလိုသည်။ အနာဂတ်တွင် အသုံးအများဆုံး ကွန်ရက်ဖွဲ့စည်းပုံ ဖြစ်လာမည့် 5G SA တိုးတက်ဖွံ့ဖြိုးရေးကို ကမ္ဘာတစ်ဝန်းရှိ အဓိက ဆက်သွယ်ရေး အော်ပရေတာများက အားတက်သရော ကြိုးစား လုပ်ဆောင်နေကြသည်ပင် ဖြစ်သည်။
ထို့အပြင် တစ်ဖက်တွင် 5G ပင်မကွန်ယက် ဖွဲ့စည်းပုံတွင် အသုံးပြုနိုင်သော 5G Network Slicing ဆိုသည်မှာ Physical Network ကို Virtualized end-to-end Network အများအပြားအဖြစ် ခွဲခြမ်းစိတ်ဖြာပေးသော နည်းပညာဖြစ်သည်။ Network Slice အပိုင်းအခြားတိုင်းသည် တစ်ခုတည်း ရပ်တည်နိုင်ပြီး ကိုယ်ပိုင် အရင်းအမြစ်များ ရှိသောကြောင့် Applications များ၏ ဝိသေသ အမျိုးမျိုးအလိုက် သုံးစွဲသူတို့၏ လိုအပ်ချက် အမျိုးများစွာကို ဖြည့်ဆည်းပေးနိုင်အောင် ပိုမို အဆင်ပြေလွယ်ကူစွာနှင့် လိုသလို ခွဲဝေအသုံးပြုနိုင်မည်ဖြစ်သည်။
5G SA နှင့် Network Slicing နည်းပညာတို့သည် OPPO ၏ 5G ဆိုင်ရာ ရှေ့ဆောင် သုတေသနတို့၏ နောက်ဆုံး အောင်မြင်မှုများဖြစ်ပြီး 5G ပိုင်းတွင် ဆက်လက်ဦးဆောင်နိုင်စေရန် R&D ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ OPPO သည် အသိဉာဏ်မြင့်မားသော ဆက်သွယ်မှုများ ရောက်ရှိလာမည့် အနာဂတ်ကို ယုံကြည်လျက်ရှိပြီး 5G သည် ထို အမြင်ရှုထောင့်၏ ကျောရိုးပင် ဖြစ်သည်။ OPPO သည် ပါတနာများနှင့်အတူ 5G နည်းပညာများကို ပိုမို အဆင့်မြှင့်တင်ရန်နှင့် အသုံးပြုသူများ၏ အတွေ့အကြုံများကို လေ့လာစစ်ဆေးအကဲဖြတ်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီ (Carriers) များ၊ လက်လီရောင်းချသူများတို့နှင့် ပူးပေါင်းကာ လူအများနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ OPPO သည် ဥရောပတွင် ထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီကြီး ၄၀ ကျော်နှင့် ပါတနာအဖြစ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကာ အထူးကောင်းမွန်သော ထုတ်ကုန်များ၊ လက်ရှိနှင့် အနာဂတ် ပါတနာများနှင့် ပိုမို ခိုင်မာနက်ရှိုင်းသော ပူးပေါင်း ဆောင်ရွက်မှုများနှင့် အတူ ရေရှည်တည်တံ့သော အောင်မြင်မှုများကို ဆက်လက်တည်ဆောက်သွားမည်ပင်ဖြစ်သည်။