Data တွေပို့တဲ့အခါလုံခြုံမှုရှိအောင်စာဝှက်တဲ့နည်းလမ်း End to End encryption အကြောင်း

End to end encryption ကတော့ လုံခြုံတဲ့ဆက်သွယ်မှုဖြစ်အောင်ပြုလုပ်ပေးတဲ့နည်းလမ်းတစ်ခုပါ။Data အချက်အလက်တွေကို End system တစ်ခု (ဆာဗာ သို့မဟုတ် User) ကနေဆာဗာ သို့မဟုတ် user တစ်ခုဆီကိုပို့တဲ့နေရာမှာ third party တွေဝင်မရှုပ်နိုင်အောင် Hacker တွေကကြားထဲကဖြတ်ယူတာတွေမလုပ်နိုင်အောင် ကာကွယ်ပေးတဲ့နည်းလမ်းဖြစ်ပါတယ်။

End to End encryptionကိုနောက်တစ်နည်းအတိုကောက် (E2EE) လို့လဲခေါ်ပါတယ်။ဒီစနစ်မှာတော့ Data ကိုပို့တဲ့သူ System ကနေနောက် System တစ်ခုကိုပို့ရာမှာ ဝှက်စာအနေနဲ့ဖုံးအုပ်ထားတာဖြစ်ပြီးအဲ့ဝှက်စာကိုဖြေလို့ရတဲ့တစ်ခုထဲသော ဝှက်စာဖော်တဲ့သော့ရှိပါတယ်။ အဲ့သော့နဲ့မှသာပို့တဲ့သူရဲ့ဒေတာကိုဖော်လို့ရမှာပါ။အဲ့အတွက်ကြောင့်ကြားထဲက Hacker ဒါမှမဟုတ် Third Party တစ်ခုခုကကိုယ့်ရဲ့အချက်အလက်တွေကိုရသွားသည့်တိုင်အောင် Key မရှိတဲ့အတွက်ဖွင့်ဖတ်လို့ရမှာမဟုတ်ပါဘူး။Key မရှိတဲ့အတွက်ဖွင့်လိုက်ရင်လူနားမလည်တဲ့သင်္ကေတတွေပဲပေါ်နေမှာပါ။ဥပမာ ဝှက်ထားတဲ့စာတွေ @#^UJ*#&*))ၕ*&%!7!* သူ့မှာတော့အဓိပ္ပယ်တစ်မျိုးရှိပြီး ကြားထဲကလူက ဝှက်ထားတဲ့စာကိုပဲမြင်ရမှာပါ။

ကြားထဲမှာရှိနေတဲ့ဘယ်သူမဆို Data ကိုရသွားသည့်တိုင်အောင်ဖတ်နိုင်မှာမဟုတ်ပါဘူး။ဥပမာ Internet service provider တွေနဲ့ Application service provider တွေတောင်မဖတ်နိုင်ပါဘူး။ဖတ်လို့ရ‌အောင်ဖော်တဲ့ Key ကို cryptographic key လို့ခေါ်ပါတယ်။cryptographic key ကတော့ ဝှက်စာဖော်နိုင်ရုံတင်မကဘူးအပြန်အလှန်အားဖြင့်ဝှက်လဲဝှက်နိုင်ပါတယ်။ သူ့ကိုတော့ End point တစ်ခု (server) မှာသပ်သပ်သိမ်းထားပါတယ်။Key မှာတော့ Public key နဲ့ private Key ဆိုပြီးနှစ်ခုရှိပါတယ်။

ဥပမာ

မောင်မောင် နဲ့ ကျော်ကျော် ကဖုန်းဖြစ်ဖြစ်ကွန်ပြူတာဖြစ်ဖြစ် Device တစ်ခုကိုအသုံးပြုပြီးအပြန်အလှန်စာပို့မယ်ပေါ့။သူ့တို့နှစ်ယောက်ရဲ့ဖုန်းကတစ်ခုနဲ့တစ်ခုကိုတိုက်ရိုက်ချိတ်ဆက်လို့မရပါဘူး။ NFC ဆိုရင်တော့အရမ်းနီးလာရင်ဖုန်းနှစ်လုံးကတိုက်ရိုက်ချိတ်ဆက်လို့ရပါတယ်။အဲ့တော့သူ့တို့နှစ်ယောက်ကိုဆက်သွယ်ပေးပို့အတွက်ကြားထဲမှာ Server တစ်ခုရှိပါတယ်။အဲ့တော့ မောင်မောင်ကဆီစာပို့လိုက်တိုင်း server ဆီကိုအရင်သွားပါတယ်။Server ကနေမှတစ်ဆင့်ကျော်ကျော်ဆီကိုသွားပါတယ်။အဲ့တော့server ဆီကိုရောက်ဖို့အတွက်ကြားထဲမှာ Router တွေကိုဖြတ်ရပါတယ်။ Router တွေကိုဖြတ်တဲ့နေရာမှာအဲ့ Router တွေမှာထိုင်တဲ့လူက Router ကိုData တွေကိုဖြတ်နေတဲ့အချိန်မှာကြားထဲကနေ Data ကိုဖြတ်ယူလို့ရပါတယ်။အဲ့အတွက် Encryption method ကိုသုံးတာပါ။ရိုးရိုး encryption Method က မောင်မောင်က Server ကိုပို့လိုက်တဲ့စာကို server က decrypt လုပ်မယ်ပြီးရင် encrypt ပြန်လုပ်ပြီး ကျော်ကျော်ဆီကိုပို့မယ်။ဒါကရိုးရိုး encryption method ပါ။ End to end encryption ကတော့ Public key ကိုနှစ်ယောက်ကအပြန်အလှန် share ထားပါတယ်။ Private key ကိုတော့လျှို့ဝှက်ပြီးသုံးတဲ့အခါ ဘယ်သူမှမသိတဲ့ Share key တစ်ခုထွက်ပါတယ်။အဲ့တော့ server က‌နေတစ်ဆင့်သွားတောင် Private key အသုံးပြုပြီးထွက်လာတဲ့ Share keyကိုဘယ်သူမှမသိပါဘူး။အဲ့တော့အခုဆိုသူတို့မှာ Data တွေကိုလျှို့ဝှက်စွာပို့နိုင်တဲ့ channel တစ်ခုရလာပါပြီ။ စာတွေပို့လိုက်တိုင်းပို့လိုက်တိုင်းမှာ Public key နဲ့ Private key နှစ်စုံဆီထွက်ပါတယ်။key နှစ်စုံဖန်တီးတဲ့နေရာမှာကြားထဲက server နဲ့ဘာမှမဆိုင်ပါဘူး။အဲ့တော့ data တွေဖလှယ်တဲ့အခါမှာ server Hack ခံရသည့်တိုင်အောင်ကိုယ့် Data တွေပေါက်သွားသည့်တိုင်အောင် ဘယ်သူ့မှယူဖတ်လို့မရပါဘူး။ဒါကတော့ End to end encryption ရဲ့အကျိုးကျေးဇူးတစ်ခုပါ။

Author : Hein Htet

Previous
Previous

အမေရိကန်နိုင်ငံရဲ့တားမြစ်ခြင်းကို‌ရှောင်ရှားဖို့တရုတ်နိုင်ငံကိုစွန်ခွာချေရှိနေတဲ့ Tik tok

Next
Next

PUBG Mobile မှ ဂိမ်းအတွင်း စွန့်စားမှု အတွေ့အကြုံကောင်းများ အရှိန်အဟုန်မြင့်စွာ ရရှိစေရန်အတွက် YAMAHA MOTOR နှင့် ပူးပေါင်း