Flagship ဖုန်းတွေနဲ့ဂိမ်းမင်းဖုန်းတွေရဲ့အဓိကကွာခြားချက်

ကမ္ဘာ့ပထမဆုံး 144 Hz display နဲ့ Nubia ရဲ့ Red Magic Gaming ဖုန်းဟာ Gaming ဖုန်းနဲ့ Flagship ဖုန်း Standard မတူဘူးဆိုတာကိုကွင်းကွင်းကွက်ကွက်ပြသနေတဲ့ဖုန်းတစ်လုံးပါ။တော်တော်များများက Flagship ဖုန်းဆိုရင် Performance မြင့်မယ် Performance မြင့်မယ်ဆိုရင်ဂိမ်းဆော့လို့သေချာပေါက်ကောင်းမယ်ဆိုပြီးအကြမ်းအားဖြင့်မှတ်ယူလို့ရပါတယ်။ဒါပေမဲ့တစ်ခုထဲကိုအာရုံစိုက်ထားတဲ့ဖုန်းနဲ့ယေဘုယျကောင်းတဲ့ဖုန်းနဲ့ကကွာခြားချက်တွေရှိပါတယ်။ CPU နဲ့ GPU combination က Red magic မှာ Snapdragon 865 နဲ့ GPU က Adreno 650 တို့ပါဝင်ပါဝင်ပါတယ်။ဒီအတွဲကကျွန်တော်တို့ S20 series US version မှာတွေ့ရတဲ့အတွဲပါ။အဲ့တော့ Brand အစွဲမကြည့်ဘူး Hardware ကိုအဲ့လိုအတွဲမျိုးကိုင်ချင်တယ်ဆိုရင်တော့ဒီဖုန်းကနှစ်ခါပြန်စဉ်းစားရမဲ့အရွေးချယ်မှုပါ။

Gaming ဆိုတဲ့ term ကနေရာတော်တော်များများမှသုံးကြပါတယ်။ Gaming Mouse, gaming keyboard, Gaming Laptop, Gaming Rig နောက်ဆုံး gaming console အထိအခေါ်အဝေါ်တွေအများကြီးရှိပါတယ်။ Gaming လို့ပြောလိုက်တာနဲ့တန်းသိသာစေတဲ့အချက်ကတော့ RGB light တွေပါ။ Red magic ရဲ့တည်ဆောက်ပုံကအနောက်ဘက်မှာ Red magic ဆိုတဲ့စာလေးကို RGB နဲ့အလင်းဖောက်ထားတယ်။အဲ့ကောင်လေးက ဂိမ်းဆော့နေတာတို့ notification ဝင်တာတို့ဆိုရင် RGB lighting လေးကလင်းလာမှာပါ။ဒါကဂိမ်းမင်းဖုန်းနဲ့ရိုးရိုး Flagship ဖုန်းနဲ့သိသာတဲ့ဒီဇိုင်းပိုင်းကွာြခားချက်တစ်ခုပါ။ဒါပေမဲ့‌အားနည်းချက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်အဲ့တာတွေမလိုတဲ့လူတွေအတွက် RGB strip ကဖုန်းအားသက်သက်ကုန်စေတဲ့အချက်ပါပဲ။

Flagship ဖုန်းတွေနဲ့မတူတဲ့နောက်အချက်ကသူ့မှာ 3.5 mm Headphone jack ပါဝင်ခြင်းပါ။Headphone jack ပါဝင်ခြင်းက Gamer တွေအတွက်အဆင်အပြေဆုံးအချက်ပါ။ဘာလို့လဲဆိုတော့ wireless တွေက latency ရှိလို့ပါ။တစ်ကယ်ဂိမ်းဆော့မဲ့လူတွေအတွက်က Headphone jack ကအဆင်အပြေဆုံးပါ။ သူ့မှာ Headphone jack အပြင်ကို E-sport mode ထဲကိုဝင်ဖို့အတွက် Side Button တစ်ခုပြီးတော့ဘယ်ဘက်နဲ့ညာဘက်မှာ အပူထွက်ဖို့ Fan ပေါက်နှစ်ခုအပြင်ကိုညာဘက်အပေါ်နဲ့အောက်မှာ Shoulder Button နှစ်ခုထည့်ပေးထားပါတယ်။အဲ့ခလုတ်နှစ်ခုကကျွန်တော်တို့ Shooting Game တွေကစားတဲ့အခါမှာ function key အနေနဲ့သုံးလို့ရပါတယ်။အဲ့ခလုတ်နှစ်ခုက console feeling လေးနဲနဲပေးပါတယ်။ ဒါကဂိမ်းမင်းဖုန်းနဲ့ Performance မြင့်တဲ့ Flag ship ဖုန်းနှစ်ရဲ့နောက်ထပ်ကွာခြားချက်တစ်ခုပါ။ဂိမ်းမင်းဖုန်းဖြစ်တဲ့အတွက် Camera က သေချာတယ် Flagship ဖုန်းတစ်လုံးရဲ့ကင်မရာကိုခြေဖျားတောင်မှီမှာမဟုတ်ဘူး။ဒါပေမဲ့သူ့မှာကင်မရာသုံးလုံးကိုဂိမ်းဆော့ဖို့အတွက်ဝယ်မဲ့ယောကျာ်းလေးတွေအနေနဲ့လက်ခံနိုင်လောက်စရာအနေအထားမှာရှိပါတယ်။အဲ့တော့ဒီဖုန်းကိုဂိမ်းဆော့ကြည့်တာတော်တော်လေးကိုမိုက်တယ်။ဒီဖုန်းကိုGaming mode နဲ့ဖွင့်ပြီးကစားမယ်ဆိုရင်သူ့ရဲ့ Fan တွေကတော်‌တော်လေးအလုပ်လုပ်ပြီးတော့အသံကျယ်ပါတယ်။Gaming Laptop တွေလောက်တော့အသံမကျယ်ပေမဲ့ထွက်နေတဲ့အသံကသိသာပါတယ်။ဒီဖုန်းမှာလွတ်နေတဲ့အချက်နှစ်ချက်က ၄၅၀၀ mAh Battery နဲ့ Face recognition ပါ။ Battery က ၅၀၀၀ လောက်ဖြစ်သင့်ပြီး Face recognition မပါပါဘူး။ဒါပေမဲ့ Under Display fingerprint ကသူ့ဟာနဲ့သူအဆင်ပြေပါတယ်။

အဲ့တော့ဒီ Article မှာအဓိကပြောချင်တာကတော့ Gaming ဖုန်းနဲ့ Flagship ဖုန်းရဲ့အဓိကကွာခြားချက်ပါ။စျေးနှုန်း ၈သိန်း၉သောင်းမှာ day to day usage ကောင်းကောင်းသုံးနိုင်တဲ့ Gaming ဖုန်းတစ်လုံးရှာနေတဲ့လူတွေအတွက်ကတော့ Redmagic ဖုန်းကိုထည့်သွင်းစဉ်းစားသင့်ပါတယ်။

Author: Hein Htet

Photocrd : MSPoweruser , andorid Police

Previous
Previous

ကိုယ့်ရဲ့ အဖိုးတန်System လေးကိုဘယ်လိုကာကွယ်မလဲ?

Next
Next

အနာဂတ် Apple ရဲ့ MacBook တွေဟာ iPhone တွေနဲ့တူလာနိုင်ချေရှိ iPhone တွေရဲ့ခေတ်ပြောင်းဒီဇိုင်းဟာ MacBook တွေများဖြစ်လာနိုင်မလား။