အနာဂတ် Apple ရဲ့ MacBook တွေဟာ iPhone တွေနဲ့တူလာနိုင်ချေရှိ iPhone တွေရဲ့ခေတ်ပြောင်းဒီဇိုင်းဟာ MacBook တွေများဖြစ်လာနိုင်မလား။
Apple အနေနဲ့ MacBook နဲ့ iMac တွေဟာ ပြိုင်ဘက် Window device တွေနဲ့မတူညီတဲ့မတူညီတဲ့ချဥ်းကပ်မှုတွေရှိပါတယ်။ တစ်ဖက်မှာ Window လပ်တော့တွေကတော့ မိုဘိုင်းနဲ့ Desktop ကွန်ပြူတာတွေရဲ့အရည်အသွေးတွေကိုလွန်ခဲ့တဲ့ခုနှစ်နှစ်ထဲက ထည့်သွင်းအသုံးပြုလာကြပါတယ်။ဥပမာ High end RTX graphic တွေနဲ့ software ပိုင်းမှာဆိုရင် VR ready laptop တွေပါ။ Apple ကတော့ထုံးထမ်းအစဉ်အလာအတိုင်းဖုန်းနဲ့ကွန်ပြူတာတွေရဲ့ OS တွေကိုသပ်သပ်စီခွဲထုတ်ထားခဲ့ပါတယ်။
Apple ကတော့ iPhone နဲ့ Mac တွေကိုSoftware သပ်သပ်ဆီခွဲသုံးတာကိုတော့ပြောင်းလဲဖို့အစီအစဉ်မရှိလောက်ပါဘူး။ Mac ကွန်ပြူတာတွေရဲ့ဆင့်ကဲ့တိုးတက်ပြောင်းလဲမှုဟာ iPhone တွေနဲ့တူလာနိုင်ပါတယ်။ဒီခန့်မှန်းချက်တွေထွက်လာတာဟာအခုနောက်ဆုံးမိတ်ဆက်လိုက်တဲ့ IOS နဲ့ UI ပိုင်းအရမ်းတူလာတဲ့ Mac OS Big Sur ကြောင့်ပါ။နောက်ထပ်အရေးကြီးဆုံးတစ်ခုကတော့ Apple အနေနဲ့သူတို့ရဲ့ MacBook CPU တွေကို Intel ဆီကနေခွဲထွက်ပြီးကိုယ်ပိုင် Processor တွေကိုထုတ်သုံးလာခြင်းပါ။ယခုခန့်မှန်းချက်အတွက်နောက်ထပ်အရေးကြီးဆုံးတစ်ခုပါ။ Apple က သူတို့ကိုယ်ပိုင်CPU တွေကိုပြောင်းသုံးဖို့ကိုလွန်ခဲ့တဲ့တစ်လကပြုလုပ်ခဲ့တဲ့ Worldwide Developer conference မှာကြေငြာခဲ့ပြီးဒီအရွေ့ဟာအနည်းဆုံးနှစ်နှစ်လောက်ကြာနိုင်တယ်လို့လဲပြောခဲ့ပါတယ်။ဒီလို ကိုယ်ပိုင် CPU တွေကိုပြောင်းသုံးခြင်းဟာ iPhone iPad တွေမှာထွက်ထားတဲ့ app တွေကိုMacBook မှာပါသုံးလို့ရစေမှာပါ။
CPU နဲ့ Mac ရဲ့ hardware နဲ့ Processing power ကိုလိုက်ပြီး iPhone iPad နဲ့ watch တွေမှာလုပ်ခဲ့သလိုမျိုး Mac ရဲ့ Feature တွေကိုလွယ်လွယ်ကူကူနဲ့ဒီဇိုင်းဆွဲဖို့လမ်းဖွင့်ပေးလိုက်သလိုမျိုးဖြစ်စေမှာပါ။ဒါကိုလဲ Apple CEO Tim cook အနေနဲ့ WWDC မှာအရိပ်အမြွက်ပြောကြားသွားခဲ့ပါသေးတယ်။

Mac တွေဟာ Window တွေနဲ့ယှဉ်ရင်ကလိချင်တဲ့လူတွေအတွက်အရမ်းပျင်းဖို့ကောင်းနေပါသေးတယ်။
ရာစုနှစ်ပေါင်းများစွာအပြောင်းအလဲသိပ်မရှိခဲ့တဲ့ Mac တွေအတွက်ကတော့ ကိုယ်ပိုင် CPU တွေနဲ့ Mac ရဲ့ Feature အသစ် Update အသစ်တွေကိုမျှော်လင့်လို့ရပါသေးတယ်။တစ်ဖက်က Window ကတော့ Developer ပေါင်းစုံဖြစ်တဲ့ Asus,Lenovo,Dell အစရှိတဲ့ Brand ပေါင်းစုံအပြင်ကွေးညွှတ်နိုင်တဲ့ Screen , Touch screen အပြင် ခေါက်ချိုးလို့ရတဲ့ Laptop တွေပါထွက်ရှိလို့လာပါပြီ။ MacBook ကတော့တီထွင်ဆန်းသစ်မှုအနေနဲ့ Touch bar လေးပဲပါလာသေးပါတယ်။စိတ်လှုပ်ရှားစရာအကောင်းဆုံးပါဝင်မှုကတော့ MacBook Pro နဲ့ Air တို့ရဲ့ ဒီဇိုင်းအသစ် keyboard တွေပါ။Butterfly keyboard ကိုဝိုင်းဝန်းကန့်ကွက်ရာမှထွက်လာတာပဲဖြစ်ပါတယ်။

ဘာတွေပဲဖြစ်ဖြစ် Apple ကတော့ Laptop နဲ့ Desktop ထုတ်လုပ်သူတွေစာရင်းမှာ Top 5 ဝင်နေဆဲပါပဲ။
International Data Corporation ရဲ့အချက်အလက်တွေအရ Lenovo ကထိပ်ဆုံးကဦးဆောင်နေပြီးသူ့နောက်မှာတော့ Dell , HP နဲ့ Acer တို့အသီးသီးရပ်တည်နေပါတယ်။ Mobile နဲ့ Desktop တွေရဲ့ OS တွေကိုတူညီရမယ်ဆိုတဲ့ idea ကို Apple ကတော့သဘောတွေ့ဟန်မတူပါဘူး။
Author : Hein Htet
Ref : Business Insider