ကိုယ့်ရဲ့ အဖိုးတန်System လေးကိုဘယ်လိုကာကွယ်မလဲ?

ကျွန်တော်ပြောပြပေးသွားမဲ့ Topic လေးကတော့ကိုယ့်ရဲ့ System ကိုမသမာသူတွေလက်ထဲကနေဘယ်လိုကာကွယ်မလဲဆိုတာပဲဖြစ်ပါတယ်။ကျနော် system လို့သုံးနှုန်းထားတဲ့အတွက် ဖုန်း၊လက်ပ်တော့၊ကွန်ပြူတာအကုန်လုံးပါဝင်ပါတယ်။Cyber security Awareness လေးလဲနဲနဲပါဝင်ပါမယ်။

ပထမဆုံးအနေနဲ့ ကို့ရဲ့systemအတွင်းကိုလုံအောင်ကာရပါမယ်။အပြင်ကလာတဲ့ ရန်တွေကိုကာကွယ်နိုင်တဲ့နည်းလမ်းနှစ်ခုရှိပါတယ်။ နည်းပညာနဲ့ကာကွယ်ချင်းကတော့နည်းလမ်းတစ်ခုဖြစ်ပြီးနောက်နည်းလမ်းတစ်ခုကတော့ကို့ရဲ့သတိနဲ့ကာကွယ်ချင်းတို့ပဲဖြစ်ပါတယ်။

ပထမဆုံးနည်းပညာနဲ့ကာကွယ်ခြင်းနည်းလမ်းကိုကျနော်ပြောပြပေးသွားပါမယ်။

ကိုယ့်ရဲ့ system ကိုအိမ်တစ်လုံးလို့မြင်ကြည့်လိုက်ပါ။ အိမ်တစ်အိမ်မှာခြံစည်းရိုးရှိရပါမယ်။ antivirus program ဆိုတာကတော့ခြံစည်းရိုးနဲ့တူပါတယ်။ ကို့အိမ်ထဲကိုမဝင်သင့်တာတွေမဝင်ရအောင်ခြံစည်းရိုးကကာထားသလိုပါပဲ

Antivirus program ကလဲကို့ရဲ့systemထဲကိုမဝင်သင့်တာတွေမဝင်ရအောင်တားဆီးပေးပါတယ်။ antivirus program ကခွင့်ပြုချက်မရှိတဲ့ code တွေ software တွေ virus နဲ့ တရားဝင်မဟုတ်တဲ့ကြော်ငြာတွေပါတားဆီးပေးပါတယ်။ ဒီနေ့ခေတ်မှာ antivirus program အပြင် anti-spy software တွေပါသုံးတာပိုကောင်းပါတယ်။ Spyware ဆိုတာ ကို့ရဲ့ personal information ကို့ယ့်အဖွဲ့အစည်းရဲ့ သတင်းအချက်အလက်တွေကိုကိုယ့်ရဲ့ခွင့်ပြုချက်မပါဘဲရယူပြီးရောင်းစားတာပါ။တစ်ချို့ကျတော့လဲကိုယ့်ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက်လုပ်ကြပါတယ်။Spywareတွေဆိုတာသာမန် antivirus program နဲ့ဖယ်ရှားလို့မရအောင်လုပ်ထားတာများပါတယ်။ Anti-spy software တွေကကိုယ့် system ကိုအချိန်နဲ့တပြေးညီကာကွယ်ပေးပြီး spyware တွေကိုသီးသန့် fight ဖို့ရည်ရွယ်ပြီးထုတ်ထားတာပါ။တစ်ချို့ antispywareတွေကြတော့ပိုက်ဆံနဲ့ပေးဝယ်မှထိထိရောက်ရောက်ကာကွယ်တာတွေရှိပါတယ်။အဲ့ဒိအတွက်ကိုကပိုက်ဆံနဲ့ပေးမဝယ်ချင်ဘူးဆိုရင်firewallသုံးပီးတော့လဲကာကွယ်နိုင်ပါတယ်။ firewall မှာ inbound rule တွေ outbound rule တွေထဲ့ပြီးကာကွယ်နိုင်တဲ့အတွက်ကိုယ်မသင်ကာတဲ့ connection တွေ့တာနဲ့ outbound rule အသစ်ထဲ့ပြီး connection ကိုနောက်တစ်ခါကို့ရဲ့system ကိုလာမချိတ်နိုင်အောင်လုပ်လိုက်လို့ရပါတယ်။ firewall ကကိုယ့်အိမ်အတွက်ခြံစောင့်နဲ့တူပါတယ်။ကို့အိမ်ထိကို သူစိမ်းတွေမဝင်အောင်တားဆီးပေးနိုင်သလို အိမ်ရှင်ခွင့်ပြုထားတဲ့လူမှပေးဝင်တာမျိုး ကို့အိမ်ထဲကိုပစ္စည်းတစ်ခုရောက်လာပြီဆိုရင်အိမ်ရှင်ကိုမပေးခင်စစ်ပြီးဆေးပြီးမှပေးတာမျိူးအစရှိတဲ့အလားတူလုပ်ဆောင်ချက်တွေကိုလုပ်ဆောင်ပေးပါတယ်။အဲ့အတွက်ခြံစည်းရိုးလဲရှိပြီခြံစောင့်လဲရှိပြီဆိုရင်အနဲနဲ့အများတော့ လုံခြုံပါပြီ။ကို့အိမ်လေးကိုထိန်းသိမ်းရပါသလိုပဲ systemကိုလဲအမြဲ up to date ဖြစ်နေသင့်ပါတယ်။ antivirus နဲ့ security policy တွေအမြဲ up to date ဖြစ်နေဖို့ကအရေးကြီးဆုံးပါပဲ။

တခြား update တွေကတော့ကြုံရင်ကြုံသလို update လုပ်ပေးရင်ရပါပြီ။

ကို့အိမ်မှာ Wifi သုံးတယ်ဆိုရင် router ရဲ့ firmwareကို update လုပ်ပေးထားဖို့လဲလိုပါလိမ့်မယ်။ wifi သုံးပြီး internet ကိုထွက်တော့မယ်ဆိုရင် browser ကိုသုံးရတာဖြစ်တဲ့အတွက်ကို့ system ရဲ့လုံခြုံရေးက Browser ပေါ်မှာအများကြီးမှုတည်နေပါတယ်။ browser မှာကိုယ့်လုံခြုံရေးနဲ့ပတ်သက်တာတွေကို ပြန်ကြည့်လို့ရပြီး ကြိုက်တဲ့ security Level တွေသတ်မှတ်လို့ရပါတယ်။ location ကိုပိတ်တာတွေ နောက်ဆုံး download ဆွဲတာတွေပါပိတ်လို့ရပါတယ်။ browser အမျိုးအစားတွေကတော့ အများကြီးပါ။လက်ရှိမှာ firefox နဲ့ Chrome ကတော့နာမည်ကြီးလူသုံးများပါတယ်။အခုကျတော်ပြောခဲ့တာတွေကတော့နည်းပညာကိုနည်းပညာနဲ့ကာကွယ်ခြင်းပဲဖြစ်ပါတယ်။

နောက်တစ်ပိုင်းကိုယ်ပိုင်သတိနဲ့ကာကွယ်ခြင်းမှာတော့ သတိထားမိဖို့ မသင်ကာစရာလေးတွေကိုပြောပြပေးသွားပါမယ်။အိမ်တစ်အိမ်မှာသော့ခလောက်တွေကအရေးကြီးသလိုပဲကို့ System ရဲ့ password တွေနဲ့ email အကောင့်နဲ့ website password တွေကအရေးကြီးပါတယ်။ Password ပေးတဲ့အခါမှာမရိုးရှင်းဖို့နဲ့မထပ်ဖို့ကအရေးကြီးပါတယ်။ရိုးရှင်းနေရင်ခန့်မှန်းရလွယ်ပြီး ထပ်နေရင်တော့ တစ်ခုရတာနဲ့ တစ်ဘရိတ်ထဲအကုန်ရသွားမှာပါ။

ကို့ရဲ့email ထဲကို phishing mail တွေဝင်ရောက်လာရင်သတိထားမိဖို့အတွက်ပါ။ Phishing mail ဆိုတာကတော့ ဉပမာ ‌appl‌e ကပို့လာသလိုလိုနဲ့ ကို့ရဲ့ informationကို ချော့ယူတာပါ။ ဗြုန်းစားကြီးဆိုသလို သင့် apple id informationမှားယွင်းနေပါတယ်အသစ်ပြန်ထည့်ပါတို့ အဲ့လိုမျိုးဆိုရင်တော့ sender email ကိုတစ်ချက်ပြန်စစ်ကြည့်ပါ။ apple email address မဟုတ်ဘူးဆိုရင်တော့ဖျက်ပြစ်လိုက်ပါတော့။ တစ်ချို့မသမာသူတွေကအဲ့လို phishing mail တွေကတစ်ဆင့်သူတို့ကိုယ်ပိုင်ပုံတူရိုက်ထားတဲ့ Website တွေဆီကိုခေါ်သွားတက်ပါတယ်။သူတို့ဖန်တီးထားတဲ website တွေမှာကို့ရဲ့ password တွေ informationတွေထည့်လိုက်ပြီဆိုရင်ပါသွားပါပြီ။နောက်တစ်ချက်ကတော့သိသိသာသာကြီးမြူဆွယ်တာပါ။

Iphone 11 မဲပေါက်ပါတယ်ဒီ link ကိုဝင်ပြီး ဆုကိုထုတ်ယူပါတို့ သင့်ကိုဒိတ်ချင်နေတဲ့ကောင်မလေးတွေသင့်အနားမှာစောင့်ကြိုနေပါတယ်တို့ဘာတို့

ကို့ကမသိပဲအဲ့လင့်ကိုနိုပ်လိုက်ရင် iphone 11 နဲ့ စော်မရပဲ Bloatware တွေနဲ့ virusတွေပဲဝင်လာပါလိမ့်မယ်။

Author : Hein Htet

Photocrd : Jealous computer

Previous
Previous

တရုတ်နိုင်ငံမှာရင်နှီးမြုပ်နှံမှုများရပ်ဆိုင်းလိုက်ပြီး Facebook , Amazon , Apple တို့နည်းတူ အိန္ဒိယမှာ ဒေါ်လာ 10 Billion ရင်းနှီးမြုပ်နှံလိုက်တဲ့ Google

Next
Next

Flagship ဖုန်းတွေနဲ့ဂိမ်းမင်းဖုန်းတွေရဲ့အဓိကကွာခြားချက်