ကမ္ဘာမြေမှ ဂြိုလ်ပတ်လမ်းကြောင်းထဲကို Falcon 9 နဲ့ အတူ Linux ကိုအသုံးပြုခဲ့တဲ့ Space X
9 နှစ်အတွင်းမှာ US အနေနဲ့အာကာသယဥ်မှုးနှစ်ဦးကိုအမေရိကန်မြေပေါ်အာကာသလမ်းကြောင်းမှတစ်ဆင့်နိုင်ငံတကာအာကာသစခန်းကိုအောင်မြင်စွာပို့ဆောင်နိုင်ခဲ့ပါတယ်။အာကာသယှဥ်မှုးနှစ်ဦးဖြစ်တဲ့ Bob Behnken နဲ့ Doug Hurley တို့ကိုကမ္ဘာမြေပတ်လမ်းကြောင်းထဲကိုအောင်မြင်စွာပို့ဆောင်ပေးနိုင်ခဲ့တဲ့ Falcon 9 ကို Linux Operating system နဲ့ပျံသန်းခဲ့တာဖြစ်ပါတယ်။

စူပါကွန်ပြူတာတွေ internet of things ( IOT) ပစ္စည်းတွေနဲ့တခြားအရေးကြီးပစ္စည်းပေါင်းများစွာနဲ့အတူ Falcon 9 ပျံသန်းခဲ့တာကတော့ Linux ဖြစ်ပါတယ်။Onboard Operating System ကတော့ Falcon 9 အတွက်သီးသန့်ထုတ်ထားတဲ့Linux ဗားရှင်းဖြစ်ပြီးအဲ့ Linux ကို ပုံမှန် duel core x86 processor သုံးလုံးပေါ်မှာ Runနေတာဖြစ်ပါတယ်။ အဲ့ OS ပေါ်မှာမှ software တွေဟာ Processor တစ်ခုချင်းဆီအတွက်သက်သက်ဆီ Run တာဖြစ်ပြီး C/C++ နဲ့ရေးထားတာဖြစ်ပါတယ်။
အဲ့တော့ဘာလို့ CPU သုံးခုလိုအပ်တာလဲပေါ့။ဒါကိုတော့ StackExchange Space Exploration မှာရှင်းပြထားပါတယ်။SpaceX ကလုံခြုံရေးအာမခံချက်အတွက် Actor Judge ဆိုတဲ့ System တစ်ခုကိုအသုံးပြုပါတယ်။အဲ့ System မှာ ဆုံးဖြတ်ချက်တစ်ခုချလိုက်တိုင်းဆုံးဖြတ်ချက်ကို CPU တစ်ခုနဲ့တစ်ခု ယှဥ်ကြည့်ပါတယ်။သုံးခုထဲမှာ CPU တစ်ခုကတစ်ခြား CPU တွေရဲ့ဆုံးဖြတ်ချက်ကိုသဘောမတူတာရှိခဲ့မယ်ဆိုရင်အဲ့ဆုံးဖြတ်ချက်ကိုပယ်ပလိုက်ပြီးလုပ်နေတဲ့ကိစ္စမှန်သမျှကိုအစကနေပြန်လုပ်ပါတယ်။

အာကသာယဥ်မှာသုံးတဲ့ CPU တွေဆိုတာစျေးကွက်ထဲက CPU တွေလိုမဟုတ်ပဲအာသယဥ်တစ်စီးချင်းဆီအတွက်သပ်သပ်တည်ဆောက်ရတာဖြစ်ပြီးစမ်းသပ်တဲ့ယဉ်ကနေစပြီးနောက်ဆုံးပျံသန်းတဲ့အမျိုးမျိုးစမ်းသပ်ထုတ်လုပ်ရတာဖြစ်ပါတယ်။ထုတ်လုပ်ဖို့ကြာချိန်ကလဲ 1 နှစ်ကနေ 10နှစ်အထိကြာသွားနိုင်ပါတယ်။အဲ့တော့အဲ့လိုသင့်တော်တဲ့ Processor တွေကိုစမ်းရင်းစမ်းရင်းနဲ့နောက်ဆုံးလွှတ်တင်တဲ့အခါမှာသုံးတဲ့ CPU က ကျနော်တို့စျေးကွက်ထဲမှာနောက်ဆုံးဝယ်ယူနိုင်တဲ့ CPU ထက် ဆယ်နှစ်လောက်မော်ဒယ်နောက်ကျနေတာလဲဖြစ်နိုင်ပါတယ်။
ဟုတ်ပါတယ်။အဲ့လိုအိုဟောင်းနေတဲ့ CPU တွေကိုသူတို့လိုချင်တဲ့ performance နဲ့ အလုပ်အတွက်သုံးကြပါတယ်။အာကာသယဥ်မှုးတွေကတော့ HP ရဲ့ ZBook 15s ကို Debian Linux , Scientific Linux နဲ့ window 10 ဆိုပြီးခွဲသုံးကြပါတယ်။ Linux system ကတော့ Remote terminal နဲ့ဝင်တဲ့နေရာတွေမှာသုံးပြီး Window system ကိုတော့ Web, Email နဲ့ အပျော်သုံးတဲ့နေရာတွေမှာသုံးပါတယ်။
Author : Hein Htet
Ref : ZDnet