အခိုးခံထားရတဲ့ apple ထုတ်ကုန်တွေကို Apple မှပြန်ပေးဖို့သတိပေး Lock ချပြီး ခြေရာခံ
Apple ကတော့သူတို့ထုတ်ကုန်တွေဖြစ်တဲ့ iPhone နဲ့ iPad တွေကိုခိုးယူခဲ့သူတွေကိုပြတ်ပြတ်သားသားသတိပေးလိုက်ပါတယ်။ခိုးယူခံထားရတဲ့ iPad နဲ့ iPhone တွေကိုခြေရာခံပြီး screen lock လို့ခိုးကြောင်ခိုးဝှက်ဖွင့်လို့မရအောင်ဖုန်းကို Disable ချလိုက်ပါတယ်။ပြီးတော့ Phone screen မှာယူသွားတဲ့ Apple store မှာသွားပြန်ထားဖို့နဲ့သက်ဆိုင်ရာကိုအကြောင်းကြားထားကြောင့်ပါသတိပေးထားပါတယ်။အဆိုပါ Apple ရဲ့ သတိပေး Message screen shot တွေက twitter နဲ့ reddit တွေမှာချက်ချင်းပဲပြန့်နှံ့သွားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပိတ်ထားရတဲ့ Apple store တွေကိုလောလောလတ်လတ်ပြန်ဖွင့်ပေးလိုက်ပြီးနောက်မှာ NewYork , Philadephia နဲ့ Washington DC တို့မှာရှိတဲ့ Apple Store တွေမှာဖောက်ထွင်းခိုးယူမှုတွေရှိလာတာပဲဖြစ်ပါတယ်။

Screenshot မှာပါတဲ့ စာသားကတော့
"Please return to Apple Walnut Street, "The device has been disabled and is being tracked. Local authorities will be alerted."
ခိုးယူခံရတဲ့ iPhone နဲ့ iPad တွေမှာကုမဏီက Preinstall လုပ်ထားတဲ့အထူး Software တစ်ခုပါဝင်ပြီး software မှတစ်ဆင့်ဖုန်းကိုလောခ့်ချတာနဲ့ခြေရာခံတာတွေလုပ်နိုင်ပါတယ်။ဒီ Software ကတော့ဝယ်ယူပြီးသား iPhone နဲ့ iPad တွေမှာတော့အလုပ်လုပ်မှာမဟုတ်ပါဘူး။ဆိုလိုတာက Apple က customer တွေရဲ့ကိုယ်ရေးကိုယ်တာလုံခြုံရေးကိုအလေးပေးတယ်လို့ပြောချင်တာဖြစ်ပါတယ်။Apple ကအဆိုပါ Software ကို Apple Store ထံမှ product တွေအလစ်သုတ်ခံရရင်ဖြစ်ဖြစ် ခိုးယူခံရရင်ဖြစ်ဖြစ်အဝေးကနေမသုံးနိုင်အောင်ပိတ်ပြီးခြေရာခံနိုင်အောင်ကြိုတင်စီစဉ်ထားတာပဲဖြစ်ပါတယ်။
Ref : CNN business,Fox4news
Author : Hein Htet