Connected Device Ecosystem အတွက် Intelligence Laptop ဖြစ်လာတဲ့ HUAWEI MateBook D15
A.I (Artificial Intelligence) နည်းပညာ တစ်ခေတ်ဆန်းလာတဲ့ အချိန်မှာ A.I ပါဝင်တဲ့ Devices တွေ ၊ Vehicles တွေ မြင်လာရပေမယ့် တစ်စိတ်တဒေသ ဖွံ့ဖြိုးလာတဲ့ နည်းပညာ နောက်ကွယ် Laptop ကွန်ပျူတာတွေမှာ မမြင်ရသေးပါဘူး။
သို့ပေမယ့် Laptop စျေးကွက် ကိုင်လှုပ်ဖို့ ဒီဇိုင်းသစ် ၊ Features သစ် ၊ နည်းပညာတို့နဲ့အတူ ဝင်ရောက်လာခဲ့ပြီး Traditional Computer လုပ်တဲ့ ကုမ္ပဏီ မဟုတ်လင့်ကစား အဆိုပါ အားသာချက်တွေ ပေးစွမ်းလာတာ HUAWEI ပါ။
Cross-Screen (သို့) Multi-Screen Collaboration လို Feature မျိုး ၊ အဆိုပါ Feature ကို စမတ်ဖုန်းတွေမှာသာ မြင်ရလေ့ရှိပြီး Cross-Screen ကို 2016 ခုနှစ်မှာ စတင် အသုံးပြုခဲ့တာပါ။
လက်ရှိချိန်မှာတော့ MateBook D 15 မော်ဒယ် မိတ်ဆက်ထားပြီး သုံးစွဲသူတွေကို မတူညီတဲ့ Platform (Android နဲ့ Windows) နှစ်ခု ချိတ်ဆက်ပေးမယ့် Cross-Device Interaction ၊ ကိုယ်ထည် အလေးချိန် ပေါ့ပါးမှုရှိပြီး FullView Display နဲ့အတူ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပေးစွမ်းမယ့် Laptop တွေအဖြစ် ထွက်ရှိလာတာပါ။

Intelligent Ecosystem Blistered by HUAWEI Share
MateBook D Series မှာ HUAWEI Share Ecosystem ပါဝင်တယ်လို့ သိထားပြီးတဲ့အတိုင်း အဆိုပါ နည်းပညာဟာ စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ HUAWEI Share Technology ပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ ဒိအတွက်ကြောင့် ကုမ္ပဏီရဲ့ “1+8+N” Ecosystem နဲ့ ပိုပြီး နီးကပ်စေသလို အနာဂတ် အချိန်ကာလာတွေမှာ Smart ၊ Connected Living နည်းပညာတွေ ဖန်တီးလာနိုင်စေမှာပါ။
Android နဲ့ Windows OS နှစ်ခုအကြား ချိတ်ဆက်ပေးထားတဲ့ HUAWEI Share မှာ အားသာချက်တွေ ပါဝင်ပြီး ဥပမာ အနေနဲ့ ပြောရရင် MateBook ကို HUAWEI ဖုန်းနဲ့ Tap လုပ်လိုက်ရုံနဲ့ Instant Messaging App ကို ကွန်ပျူတာမှာ ချက်ချင်း ဖွင့်နိုင်တာမျိုး ၊ Files တွေကို Drag ဆွဲရုံနဲ့ ကွန်ပျူတာမှာ တစ်ခါထဲ Edit လုပ်နိုင်တာမျိုး ၊ ပြီးသွားရင် Messaging App ထဲ Edit လုပ်ထားတဲ့ File ကို ပြန်ဆွဲထည့်ရုံနဲ့ လွယ်လင့်တကူ အသုံးချနိုင် စေတာပါ။
ဒါ့အပြင် Android ဖုန်းပေါ်က News ၊ Office Apps တွေကို ကွန်ပျူတာမှာ ဖွင့်သုံးနိုင်သလို Keyboard ၊ Mouse အစရှိတဲ့ I/O နဲ့ အလွယ်တကူ Edit လုပ်နိုင်တဲ့အတွက် ပိုပြီးတော့ သက်တောင့်သက်သာ ဖြစ်စေပါတယ်။
ဒါကြောင့် HUAWEI Share နဲ့ MateBook Peripherals တွေကို ဖုန်းနဲ့ သုံးနိုင်စသလို Cross-Device ၊ Cross-System Work အတွက် ကောင်းမွန်တယ် ဆိုရမှာပါ။
ဒါ့အပြင် HUAWEI Share ဟာ စမတ်ဖုန်း ၊ ကွန်ပျူတာတွေနဲ့ သုံးစွဲသူတွေကို ထိထိမိမိ Connect လုပ်ပေးနိုင်တဲ့ အလားလာကောင်းတစ်ခု ပိုင်ဆိုင်ထားသလို HUAWEI Laptop တွေဟာ ဘယ်လုပ်ငန်းဆောင်တာမဆို လုံလောက်တဲ့ စွမ်းဆောင်ရည် ပေးနိုင်ခြင်း ၊ User Experience ကောင်းမွန်ဖို့ Smart Device နှစ်မျိုး အားသာချက်ကို ပေါင်းစပ်ပေးနိုင်ခြင်း တို့ကြောင့် “1+8+N” Strategy ကိုလည်း ပိုကောင်းလာအောင် ဖန်တီးရာ ရောက်စေပါတယ်။
Transcendent Innovation
R&D (Research & Development) ပိုင်း အားကောင်းတဲ့အတွက် Intelligent နည်းပညာတွေ ဖန်တီးနိုင်ခဲ့လို့ HUAWEI အနေနဲ့ Laptop စျေးကွက်ကို သိသာထင်ရှားတဲ့ အားသာချက်တွေနဲ့ ကိုင်လှုပ်နိုင်ခဲ့တာပါ။
အထူးသဖြင့် စမတ်ဖုန်းတွေရဲ့ FullView Display ၊ HUAWEI Share လို နောက်ဆုံးပေါ် နည်းပညာတွေက ထင်ထင်ပေါ်ပေါ် ဖြစ်စေခဲ့သလို “1+8+N” Strategy အတိုင်း ပိုမိုကောင်းမွန်တဲ့ Intelligent Ecosystem ဆီ လျှောက်လှမ်းနေပါပြီ။
ဒီကတဆင့် သမားရိုးကျ ဖန်တီးမှုတွေ ကျော်ဖြတ်ရင်း Cross-Device Interaction လုပ်ဆောင်ချက်မှာ Laptop ကွန်ပျူတာကို Hub သဖွယ် Wearable Gadgets တွေအတွက် Smart Screen အဖြစ် သုံးလာနိုင်စေမှာပါ။
IBM ရဲ့ President ဖြစ်သူ Thomas John Waston Jr. ဆိုခဲ့ဖူးတဲ့ စကားအတိုင်း ကွန်ပျူတာ နည်းပညာဆိုတာ LeapFrog ဂိမ်းကစားသလိုပဲ ထုတ်လုပ်သူတွေဟာ စျေးကွက် ပိုင်ဆိုင်မှုရဖို့ တစ်ယောက်နဲ့တယောက် ကျော်တက်နေကြတာပါ။
လက်ရှိအနေထားအရ တချို့သော Brand တွေ ကျန်ရစ်နေတာမျိုး ရှိပေမယ့် Startup လုပ်ငန်းတချို့က လျှင်လျှင်မြန်မြန်ကို အောင်မြင်လာတာလည်း ရှိပါတယ်။ အထူးသဖြင့် နည်းပညာ ကြွယ်ဝမှုနဲ့ ဖန်တီးနိုင်မှု အမွေနှစ်တွေ ပေါင်းစပ်နိုင်လို့သာ ဖြစ်နိုင်သလို HUAWEI အနေနဲ့ အဆိုပါ အားသာချက်တွေ ပေါင်းစပ်ပြီး Laptop စျေးကွက်မှာ အောင်မြင်လာတာပါ။
Consumer Electronics ကိုကလည်း တသမတ်ထဲ ပြောင်းလဲနေတာဆိုတော့ တချိူ့သော အတားဆီးတွေ ကျော်လွားဖို့ ခက်ခဲ့သလို နည်းပညာ ဖန်တီးမှုရဲ့ အဟန့်တား တချို့လည်း ဖြစ်စေတာပါ။ HUAWEI အနေနဲ့ PC နဲ့ စမတ်ဖုန်းလို မတူညီတဲ့ Platform နှစ်ခုကို ပေါင်းကူးတံတားသဖွယ် ချိတ်ဆက်ပေးလိုက်တဲ့အခါ အဆိုပါ Barriers အတားဆီးတွေ ကျော်လွားဖို့ လွယ်ကူလာသလို အနာဂတ် နည်းပညာ ဖန်တီးဖို့လည်း ပိုမို အခွင့်ရေး ရရှိစေတာ ဖြစ်ပါတယ်။
သတိပြုရန် - HUAWE Share Feature တစ်ခုဖြစ်တဲ့ Multi-screen Collaboration အသုံးပြုလိုပါက MateBook တွေမှာ PC Manager Version 10.0.2.99 နဲ့အထက် လိုအပ်မှာဖြစ်ပြီး HUAWEI စမတ်ဖုန်းတွေမှာဆိုရင်တော့ EMUI 10.0 နဲ့ အထက် ရှိထားရမှာ ဖြစ်ပါတယ်။ Compatible ဖြစ်တဲ့ မော်ဒယ် အသေးစိတ် အကြောင်းလေ့လာချင်တယ်ဆိုရင်တော့ Official HUAWEI Website မှာ ကြည့်ရှုနိုင်ပါတယ်။