နိုင်ငံတကာအာကာသစခန်းနဲ့အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့တဲ့ SpaceX Crew Dragon
ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိကပိုင် SpaceX ရဲ့ Crew Dragon အမည်ရှိတဲ့အာကာသယဉ်ဟာနိုင်ငံတကာအာကာသစခန်းနဲ့အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့ပါတယ်။ SpaceX နဲ့ အမေရိကန်အတွက်အကြီးမားဆုံးအောင်မြင်မှုမှတ်တိုင်ဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကလွှတ်တင်ဖို့စီစဉ်ခဲ့ပေမဲ့ရာသီဥတုအခြေအနေကြောင့်နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။ Bob Behnken နဲ့ Doug Hurley တို့ဟာ ဆယ်စုနှစ်တစ်ခုနီးပါးမှာပထမဆုံးအာကာသပတ်လမ်းကြောင်းထဲကိုရောက်ရှိခဲ့တဲ့အာကာသယဥ်မှူးနှစ်ဦးဖြစ်ပါတယ်။ NASA ကမဟုတ်တဲ့ပထမဆုံးပုဂ္ဂလိကပိုင်အာကာသယဉ်နဲ့ဂြိုလ်ပတ်လမ်းကိုပတ်နိုင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာအာကာသစခန်းကိုချိတ်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။အရင်တုန်းကနိုင်ငံတကာအာကာသစခန်းကိုရိက္ခာတွေထောက်ပံ့မယ်ဆိုရင်ရှရှားရဲ့အာကာသယဥ်တွေကိုအားကိုခဲ့ရတာဖြစ်ပါတယ်။

ဒီ Mission သာအောင်မြင်စွာပြီးဆုံးသွားမယ်ဆိုရင်လူတွေနဲ့အာကာသခေတ်အတွက်အချိုးအကွေ့တစ်ခုဖြစ်လာမှာပါ။ နိုင်ငံတကာအာကာသစခန်းနဲ့ချိတ်ဆက်မဲ့ Crew Dragon ကို Falcon 9 ဒုံးပျံထိပ်မှာလွှတ်တင်ခဲ့တာဖြစ်ပါတယ်။အမေရိကန်မြေပေါ်မှာ NASA မှနောက်ဆုံးအကြိမ်လွှတ်တင်ခဲ့တုန်းက အာကာသယဉ်အမည်မှာ Space shuttle ဖြစ်ပြီးစုစုပေါင်းအာကာသယဥ်မှုးလေးယောက်နဲ့ July လ ၈ ရက်နေ့မှာဖလော်ရီဒါမှထွက်ခွာခဲ့တာဖြစ်ပါတယ်။အဲ့ကတည်းကအမေရိကန်အနေနဲ့အာကာသယဥ်မှူးတွေနဲ့ရီက္ခာတွေကိုနိုင်ငံတကာအာကာသစခန်းကိုပို့ဖို့ရှရှားအပေါ်မှီခိုခဲ့ရတာပဲဖြစ်ပါတယ်။ယခု SpaceX ရဲ့ program က NASA မှ ရှရှားအာကာသယဉ်တွေအပေါ်မှီကိုနေရမှုကိုလျှော့ချနိုင်ခဲ့တာပဲဖြစ်ပါတယ်။ NASA က Crew Dragon အာကာသယဥ်အတွက် SpaceX ကိုကနဦးမတည်ခဲ့တာဖြစ်ပြီး SpaceX အနေနဲ့ဒီ Mission အောင်မြင်စွာပြီးဆုံးသွားမယ်ဆိုရင်ဒီ Capsule ကိုအသုံးပြုပြီးလူတိုင်းအတွက်အာကာသခရီးစဉ်လုပ်ငန်းကိုဖန်တီးနိုင်တော့မှာပါ။
Author : Hein Htet
Ref : theverge