တစ်နှစ်အတွင်း ဖုန်းမှန်ကွဲလျှင် တစ်ကြိမ် အခမဲ့လဲလှယ်ပေးမည့် TECNO Mobile

မြန်မာနိုင်ငံအတွင်းသို့ အကြီးဆုံး Battery 6000mAh ပါဝင်သော Pouvoir 4 Pro ကို ယူဆောင် မိတ်ဆက်ခဲ့သော TECNO Mobile သည် ဝယ်ယူသုံးစွဲသူများအတွက် “'365 days broken screen protection” ဆိုသည့် တစ်နှစ်အတွင်း ဖုန်းမှန်ကွဲလျှင် တစ်ကြိမ် အခမဲ့လဲလှယ်ပေးမည့် အာမခံအကြောင်းကို ထပ်မံမိတ်ဆက် ပြောကြားခဲ့ပါသည်
တစ်နှစ်အတွင်း ဖုန်းမှန်ကွဲလျှင် တစ်ကြိမ် အခမဲ့လဲလှယ်ပေးမည့် အာမခံကြောင့် သုံးစွဲသူများသည် TECNO ဖုန်းများကို ဝယ်ယူပြီးသည့် နောက်ပိုင်းတွင်လည်း ပိုမို စိတ်ကျေနပ်ဖွယ်ကောင်းသော after-sales service ကို ခံစားရမှာဖြစ်ပါသည်။ ထိုအာမခံချက်သည် TECNO၏ SPARK4, SPARK4 Lite, Pouvoir 4, Pouvoir 4 Pro နှင့် SPARK5 Pro တို့ပေါ်တွင် သက်ရောက်မှု ရှိမှာဖြစ်ပါသည်
“ကျွန်တော်တို့က သုံးစွဲသူများကို တစ်နှစ်အတွင်း ဖုန်းမှန်ကွဲလျှင် တစ်ကြိမ် အခမဲ့လဲလှယ်ပေးမည့် အာမခံကြောင့် ကျွန်တော်တို့ TECNO အမှတ်တံဆိပ်ပေါ်တွင် ပိုမို ယုံကြည်စိတ်ချလာစေရန် ရည်ရွယ်ပါသည်။ထို့အပြင် မြန်မာနိုင်ငံသားများ၏ TECNO အမှတ်တံဆိပ်ကို တခဲနက်ချစ်ခင်မှုကို မေတ္တာတုံ့ပြန်ချင်သောကြောင့်လည်း ဒီအာမခံကို ထပ်မံပေးအပ်ရခြင်း ဖြစ်ပါသည်” ဟု Myanmar Country Managerဖြစ်သူ Mr. Jason Wang ကပြောကြားခဲ့သည်။
“ယခင်နှစ်ထက် ယခုနှစ်ပိုင်းတွင် ရောင်းအား သိသာစွာ တိုးတက်လာပြီး နောက်ပိုင်းတွင်လည်း သုံးစွဲသူများအတွက် အံ့အားသင့်ဖွယ်  သင့်တင့်သောဈေးနှုန်းနှင့် အရည်အသွေးမြင့်သော Smartphone များကို ထမ်မံယူဆောင်လာပါဉီးပါမည်” ဟု တဆက်တည်းပြောကြားခဲ့ပါသည်။

ပိုမိုသိရှိလိုပါက >>> https://www.facebook.com/TECNOMobileMyanmar/

Previous
Previous

Chrome browser ရဲ့ Incognito Mode မှာ ခြေရာလိုက်ခံနေလို့ Google ကို 5 billion လျှော်ကြေးနဲ့တရားစွဲ

Next
Next

နိုင်ငံတကာအာကာသစခန်းနဲ့အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့တဲ့ SpaceX Crew Dragon