Chrome browser ရဲ့ Incognito Mode မှာ ခြေရာလိုက်ခံနေလို့ Google ကို 5 billion လျှော်ကြေးနဲ့တရားစွဲ
Brower မှာပါတဲ့ Incognito နဲ့ private mode ဆိုတာ Brower ကို history နဲ့ cookies တွေသုံးစွဲတာသိမ်းတာတွေကိုတားမြစ်ထားတဲ့ Mode လို့လူသိများကြပါတယ်။Google chrome က ကိုယ်ရေးကိုယ်တာအချက်အလက်ကိုအသုံးပြုသူတွေကိုခြေရာလိုက်ခံကာအလွဲသုံးစားလုပ်တယ်ဆိုပြီးစွဲချက်တင်သူတွေကလျှော်ကြေးဒေါ်လာ ၅ ဘီလီယံတောင်းဆိုထားပါတယ်။
Chrome ရဲ့ Incognito mode ကိုသုံးလိုက်ချင်းအားဖြင့် chrome browser ဆီက history တို့ cookies တို့အချက်အလက်တွေကိုဖုန်းထဲမှာသို့မဟုတ်ကွန်ပြုတာထဲမှာသိမ်းထားခြင်းကိုတားမြစ်လိုက်တာြဖစ်ပါတယ်။အဲ့တော့ကြောင့် Google ကိုယ်တိုင်ဒါမှမဟုတ် Third party companies တွေရဲ့ခြေရာခံခြင်းကိုလုံးဝကြီးတားမြစ်လိုက်တာမဟုတ်ပါဘူး။ Incognito mode ထဲမှာတောင်မှ Google က browsing data တွေကိုခြေရာခံတာတွေသူတို့ဆီမှာသိမ်းဆည်းထားပြီး Data တွေကို Publisher တွေ ကြောငြာထဲ့မဲ့သူတွေဆီကိုပြန်မျှဝေတာတွေပါလုပ်နိုင်ပါတယ်။

စွဲဆိုသူတွေက Googleဟာသုံးစွဲသူတွေရဲ့ browsing အချက်အလက်တွေကိုဘယ်လောက်ပဲuser ကိုယ်တိုင်ကကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုကာကွယ်ထားသည်ဖြစ်စေ( ဥပမာ VPN ခံပြီးသုံးတာမျိုး)အချက်အလက်တွေကိုခြေရာခံပြီးစုဆောင်းနေတယ်လို့ပြောကြပါတယ်။ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ Jose Castenda က chrome က အသုံးပြုသူတစ်ယောက်ချင်းဆီကို Internet ကို Browse လုပ်တဲ့အခါမှာကို့ရဲ့ခြေရာတွေကို Browser မှာဖြစ်ဖြစ်ကို့ရဲ့စက်ထဲမှာဖြစ်ဖြစ်မသိမ်းထားအောင်လုပ်ပြီးသားပါ။ incognito tab အသစ်ကိုဖွင့်လိုက်တိုင်း website က သုံးနေတုန်းမှာတော့ကို့ရဲ့ခြေရာတွေကိုလိုက်ခံနေဦးမှာဖြစ်တယ်လို့ပြောပါတယ်။
Author : Hein Htet
Ref: Gizmodo