‌ရှောင်မီက 23.8 လက်မ မျက်နှာပြင်အပြည့် Redmi 1A display ကို IPS screen နဲ့မိတ်ဆက်

ဒီအပတ်မှာထုတ်ကုန်အသစ်တွေကိုမိတ်ဆက်ဖို့ပြင်ဆင်နေတဲ့ Xiaomi က Redmi 10x ကို နဲ့အတူ Redmi smart TV နဲ့  RedmiBook Laptop တွေကိုပါမိတ်ဆက်သွားပါတယ်။အဲ့တာတွေအပြင် Redmi 1A လို့ခေါ်တဲ့ monitor ကိုပါမိတ်ဆက်သွားပါတယ်။ Redmi ရဲ့ display အသစ်မှာ အထူက 7.3 mm ပဲရှိပြီး display က‌ဘောင်အပြည့်မှာ field of view က 178 degree ရှိပါတယ်။ အောက်ဘက်ပိုင်းလေးပဲနဲနဲထူပြီးcontrast ratio က 1000:1 ရှိပါတယ်။ Aspect ratio က 16:9 ရှိပြီး Response time က 6ms ရှိပါတယ်။ TUV Rheinland- certified ရရှိထားတဲ့အတွက်အလင်းအားနည်းတဲ့အချိန်မှာမျက်လုံးသက်သာ‌‌‌အောင်အပြာရောင်အလင်းထုတ်လွှတ်မှုကိုထိန်းချုပ်ထားမှာပါ။ refresh rate ကတော့ ပုံမှန် 60 Hz ရှိပြီး ရှောင်မီကတော့ warranty 3လ ပေးထားပါတယ်။ Power ခလုတ်နဲ့အားသွင်းကြိုးနဲ့အတူ မော်နီတာရဲ့အနောက်ဘက်မှာတော့ HDMI နဲ့ VGA တို့ပါ support လုပ်ပေးထားပါတယ်။

ဒီ Monitor ကဘေး‌ဘောင်တအားသေးတော့ ရှောင်မီက မော်နီတာတွေကို ဆက်ပြီး display နှစ်ခုသုံးခုသုံးဖို့အကြံပေးထားပါတယ်။ ဒီ မော်နီတာမှာစိတ်ဝင်စားဖို့အကောင်းဆုံးကတော့ စျေးနှုန်ပဲဖြစ်ပြီးနှစ်ဆယ့်သုံးလက်မမျက်နှာပြင်အပြည့်ကို Rs 5300 ဆိုတော့ မြန်မာ‌ငွေ ၉သောင်းကျော်ကျော် တစ်သိန်းလောက်နဲ့ဝယ်ယူနိုင်မှာပါ။

Author : Hein Htet

Ref : Gadgets360, Ht tech

Previous
Previous

နိုင်ငံတကာအာကာသစခန်းနဲ့အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့တဲ့ SpaceX Crew Dragon

Next
Next

တန်ဖိုးသင့် Tablet တွေထဲမှာ ကောင်းမွန်တဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည် ပေးစွမ်းထားတဲ့ MatePad T8