May လ ၁၂ ရက်နေ့အတွက် POCO မိတ်ဆက်ပွဲကိုအတည်ပြု snapdragon 865 နဲ့ POCO f2 ဖုန်းမြင်ရနိုင်ချေရှိ
2018 တုန်းကမိတ်ဆက်ခဲ့တဲ့ POCO f1 ဖုန်းဟာမိတ်ဆက်ပြီးနာရီပိုင်းအတွင်းမှာပစ္စည်းပြတ်ရလောက်တဲ့အထိရောင်းကောင်းခဲ့တဲ့အထိအောင်မြင်မှုရခဲ့ပြီးထမဆုံး Snapdragon 845 ပါတဲ့စျေးအသက်သာဆုံးဖုန်းဖြစ်ခဲ့ပါတယ်။ အဲ့တုန်းကလေးသိန်းပတ်ချာလည်မှာ 845 ပါတဲ့ဖုန်းကိုဝယ်နိုင်တာ POCO ပဲရှိခဲ့ပါတယ်။ 2019 မှာ snapdragon 855 နဲ့မော်ဒယ်သစ်မျှော်လင့်ခဲ့ကြပေမဲ့ထွက်မလာခဲ့ပါဘူး။အခုအချိန်မှာတော့POCO က may 12 မှာ global event ကိုတရားဝင်ကြေငြာလိုက်တဲ့အတွက် snapdragon 865 နဲ့ POCO f2 ကိုမျှော်လင့်လို့ရပါပြီ။ POCO ကကြေငြာခဲ့တဲ့ twitter ပေါ်မှာတော့ second generation of POCO product is coming လို့ tweet ထားတဲ့ f1 ရဲ့ second generation f2 ဖြစ်ဖို့ရာခိုင်နှုန်းတော်တော်ကိုများပါတယ်။

ခန့်မှန်းချေ POCO f2 series ကတော့ f2 နဲ့ f2 pro ဆိုပြီးနှစ်မျိုးလာနိုင်ပါတယ်။ Snapdragon 865 ကအဓိက selling point ဖြစ်လာနိုင်ပြီး မျက်နှာပြင်တစ်ခုလုံးအပြည့်ဖြစ်လာဖို့အတွက် 20MP Pop up selfie ပါဝင်လာနိုင်ပါတယ်။ storage အတွက် 128 GB အတွက် UFS 3.0 နည်းပညာနဲ့ 256GB အတွက် UFS 3.1 နည်းပညာတို့ပါဝင်ဦးမှာပါ။ရိုးရိုးမှာတော့ RAM 6GB storage 128GBနဲ့ Pro မှာတော့ RAM 8BG နဲ့ storage 256GB တို့လာနိုင်ပါတယ်။အရောင်တွေကတော့ အပြာ,မီးခိုး,အဖြူနဲ့ခရမ်းရောင်တို့ပါဝင်လာနိုင်ပြီးတစ်ချို့တွေကတော့ Redmi K30 ကို POCO brand ပြောင်းပြီးထွက်လာမယ်လို့လဲပြောနေကြပါတယ်။လူတိုင်းစိတ်ဝင်စားနေကြတဲ့စျေးနှုန်းကတော့တရားဝင်မသိရသေးသလို့ Pro မော်ဒယ်က OnePlus 8 ထက်စျေးပိုကြီးနိုင်တယ်လို့လဲပြောနေကြပါတယ်။
Author : Hein Htet
Ref : gadget360
Photocrd : GSMarena