ဟက်ကာနဲ့cyberလုံခြုံရေးပညာရှင်တွေကိုဒေါ်လာတစ်သိန်းနဲ့စိန်ခေါ်လိုက်တဲ့ Microsoft

ကုမဏီရဲ့ window ပေါ်မှာရှိတဲ့ custom OS တစ်ခုဖြစ်တဲ့ Linux ရဲ့ လုံခြုံရေးကိုဖောက်ထွင်းနိုင်တဲ့ဘယ်သူမဆို Microsoft ကဒေါ်လာတစ်သိန်းဆုချမယ်လို့ထုတ်ပြန်လိုက်ပါတယ်။ မနှစ်က Azure Sphere OS အတွက်တည်ဆောက်ထားတဲ့ custom Linux OS အသေးစားဖြစ်ပါတယ်။ဒီ OS မှာ Internet of things (IOT) platform တွေ run ဖို့အတွက်ဒီဇိုင်းတည်ဆောက်ထားပြီးအဲ့ platform ပေါ်က sandboxမှာအခြေခံဝန်ဆောင်မှုတွေနဲ့ app တွေလုံခြုံ‌ရေးအရသီးသန့် Run ဖို့ဖြစ်ပါတယ်။

Microsoft ကတော့ Azure Sphere OS ရဲ့ security အနေအထားကိုစမ်းသပ်ချင်နေပါပြီ။ Hacker တွေကို ‌‌ဒေါ်လာတစ်သိန်းနဲ့မြုဆွယ်ပြီးသူရဲ့ Pluton security subsystem ဒါမှမဟုတ် services နဲ့ app တွေသီးသန့် run တဲ့ sandbox ကိုဖောက်နိုင်ခဲ့ရင်‌ဒေါ်လာတစ်သိန်းဆုချီးမြင့်မှာပါ။သုတေသန program ထဲမှာပါတဲ့ ဒီ challenge က June 1stကနေ August 31 ရက်နေ့အထိအသက်ဝင်မှာဖြစ်ပါတယ်။ဒီစိန်ခေါ်မှုက Azure sphere OS မှာအာရုံစိုက်ထားတာဖြစ်ပြီး cloud ပိုင်းနဲ့မဆိုင်ပါဘူး။ စိန်ခေါ်လိုသူတွေကတော့ဒီလင့်မှာဝင်‌ရောက်လျှေက်ထားလို့ရပါတယ်။https://www.theverge.com/2020/5/6/21249038/microsoft-azure-sphere-bug-bounty-security-hacking?fbclid=IwAR3_pwJIfobtEEIJENf6LdJUgkCTxa1YZ8wxY2ktq3VRpgrtOYI1hXxqyA8

Azure sphere ကတော့မနှစ်က Build developer conference မှာကြေငြာခဲ့တာဖြစ်ပြီး Starbuck လိုကုမဏီကြီးတွေကအစ Azure sphere ရဲ့လုံခြုံရေးကိုအားကိုပြီး ကော်ဖီအပူချိန်ရေအရည်အသွေးတွေရဲ့အချက်အလက်တွေကိုထိန်းသိမ်းပေးတာဖြစ်ပါတယ်။

IOT devices တွေဟာ Microsoft ရဲ့အဓိကသော့ချက်ဖြစ်ပြီး IOT နဲ့ဆက်စပ်နေတဲ့ cloud ဟာလဲ Microsoft ရဲ့အကြီးမားဆုံး Hardware စီးပွားရေးနဲ့တန်းတူပါပဲ။နောက်ဆယ်စုနှစ်တွေမှာတွင်ကျယ်စွာသုံးလာမဲ့ IOT ကရိယာတွေရဲ့အဓိကအခရာဟာ Azure sphere ပဲဖြစ်ပါတယ်။ အဲ့တော့ cloud computing အရွေ့ကိုသွားနေတဲ့ Azure sphere ရဲ့လုံခြုံရေးကို ဒေါ်လာတစ်သိန်းပေးပြီးဦးနှောက်‌ဖောက်စားမှာပါ။

Author : Hein Htet

Ref : theverge.com

Previous
Previous

May လ ၁၂ ရက်နေ့အတွက် POCO မိတ်ဆက်ပွဲကိုအတည်ပြု snapdragon 865 နဲ့ POCO f2 ဖုန်းမြင်ရနိုင်ချေရှိ

Next
Next

Samsung ၏ Lifestyle TV အသစ်များတွင် Eco-Packaging အားစတင်အသုံးပြုသွားမည်