Samsung ၏ Lifestyle TV အသစ်များတွင် Eco-Packaging အားစတင်အသုံးပြုသွားမည်
Samsung Electronics သည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချပေးနိုင်ရန် ၎င်း၏ Lifestyle TV အသစ်များအတွက် ပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် ထုပ်ပိုးမှုပုံစံသစ်တစ်မျိုးကို အသုံးပြုသွားမည်ဟု ကြေညာလိုက်သည်။သဘာဝပတ်ဝန်းကျင်အတွက် သင့်တော်သော ကတ်ထူအလွှာထပ်များဖြင့် ဖန်တီးထားသည့် ထုပ်ပိုးမှုပုံစံသစ်ကို Serif၊ The Frame နှင့် The Sero မော်ဒယ်အသစ်များတွင် အသုံးပြုသွားမည်ဖြစ်ပြီး ဝယ်ယူအသုံးပြုသူများအနေဖြင့် ထုပ်ပိုးသောပုံးများကို ပြန်လည်အသုံးပြုနိုင်မည့်အပြင် အခြားသော စိတ်ဝင်စားစရာ သုံးစွဲပုံအမျိုးမျိုးကိုလည်း ဖန်တီးနိုင်မည်ဖြစ်သည်။Samsung သည် ၎င်း၏ သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် အလွှာထပ်ပါကတ်ထူပုံးများ၏ တစ်ဖက်တစ်ချက်စီတွင် dot matrix ဒီဇိုင်းကို ရိုက်နှိပ်ပေးထားသည်။ အသုံးပြုသူများအနေဖြင့် ကတ်ထူပုံးများကို အလွယ်တကူဖြတ်တောက်နိုင်ပြီး စားပွဲခုံငယ်များ၊ အိမ်မွေးတိရစ္ဆာန်လေးများအတွက် နေအိမ်များ အစရှိသော လူသုံးကုန် ပစ္စည်းများဖန်တီးကာ ပြန်လည် အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် သုံးစွဲသူများသည် ထို eco- friendly ကတ်ထူပုံးများဖြင့် လူသုံးကုန်ပစ္စည်း ပြုလုပ်နည်း လမ်းညွှန် ကိုလည်း ပုံးပေါ်မှ QR code ကို scan ဖတ်ခြင်းဖြင့် ရယူနိုင်မည်ဖြစ်သည်။
TV တစ်ဝိုက်တွင် စင်နှင့် ပရိဘောဂများကိုထားလေ့ရှိသည့် The Serif တီဗီပိုင်ရှင်များသည် ကြောင်အတွက်အိမ်များ၊ မဂ္ဂဇင်းထားရန်စင်၊ remote control အပါအဝင် အီလက်ထရောနစ်ပစ္စည်းများ ထားရှိရန်နေရာများကို ဤကတ်ထူပုံးများနှင့် ဆောက်လုပ်နိုင်သည်ဟု Samsung က ဖြည့်စွက်ပြောကြားသည်။ယခုနှစ် အစောပိုင်းတွင် Samsung သည် သယံဇာတများကို ထိရောက်စွာ ချွေတာ အသုံးပြုမှုကို မြှင့်တင်ပေးမည့် ၎င်း၏ eco- packaging စိတ်ကူးစိတ်သန်းအတွက် CES 2020 Innovation Awards ကိုဆွတ်ခူးရရှိခဲ့သည်။

"သုံးစွဲသူတွေက သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေကို တန်ဖိုးထားလုပ်ဆောင်တတ်တဲ့ ကုမ္ပဏီတွေ အမှတ်တံဆိပ်တွေဆီက ကုန်ပစ္စည်းတွေကို ဝယ်ယူကြတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ရဲ့ eco-packaging နည်းပညာက ကျွန်တော်တို့ရဲ့ ဝယ်ယူသုံးစွဲ သူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို တစ်ဖက်တစ်လမ်းက ကူညီလျော့ချ ပေးနိုင်တယ် ဆိုတဲ့ အတွေ့အကြုံအသစ်နဲ့ ကိုယ်နေထိုင်တဲ့ သဘာဝပတ်ဝန်းကျင် အကျိုးပြုမှုကို ကိုယ်တိုင်ခံစားရစေနိုင်မှာဖြစ်ပါတယ်" ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူကို ဇာနည်ဝင်းထက်မှပြောကြားသည်။မြန်မာနိုင်ငံတွင် Samsung သည် ၂၀၂၀ခုနှစ် ၏ ဒုတိယနှစ်ဝက်တွင် The Serif TV အမျိုးအစားကိုစတင်ရောင်းချ သွားမည်ဖြစ်ပြီး အသေးစိတ်ကို မကြာမီတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။