Google နဲ့ tech ကုမဏီအကြီးကြီးတွေကတော့ဒီနှစ်ကုန်ထိ work from home ကာလတိုးမြင့်လိုက်ပါပြီ

Google အပြင်တခြား Tech ကုမဏီအကြီးကြီးတွေဖြစ်တဲ့ Facebook amazon slack တို့ပါ 2020 နှစ်ကုန်ပိုင်းအထိအိမ်ကနေအလုပ်လုပ်ဖို့အတွက်အတည်ပြုလိုက်ပါတယ်။ Local guidelines တွေကတော့ ဇွန်လဆိုအကုန်အလုပ်ပြန်လုပ်နိုင်ပီလို့ဆိုပေမဲ့အဆိုပါကုမဏီကြီးတွေကတော့ 2020 နှစ်ကုန်အထိဝန်ထမ်းတွေကိုအိမ်ကနေပဲအလုပ်လုပ်ဖို့အတည်ပြုလိုက်ပါပြီ။ဒီနှစ်ကုန်ပိုင်းအထိပုံမှန်ရုံးအလုပ်နဲ့ပွဲတွေကျင်းပဖို့တော့မရှိပါဘူး။

အစိုးရတရားဝင်အမိန့်မထုတ်ပြန်ခင် အိမ်ကနေအလုပ်လုပ်ဖို့ကိုစတင်အကောင်အထည်ဖော်ခဲ့တာကတော့ silicon valley နဲ့ Seattle  မှာရှိတဲ့နည်းပညာကုမဏီတွေကစတင်ခဲ့တာပါ။ကျန်းမာရေးကျွမ်းကျင်သူတွေကတော့အိမ်ကနေအလုပ်လုပ်ခြင်းဟာဗိုင်းရပ်စ်ပြန့်ပွားချင်းကိုတားဆီးရာမှာလွန်စွာအထောက်အကူပြုသလိုsocial distancing ကိုလဲလိုက်နာရာရောက်တယ်လို့သုံးသပ်ကြပါတယ်။ ကမ္ဘာ့နေရာတော်တော်များများမှာ စီးပွား‌ရေးလုပ်ငန်းတွေပြန်လည်ဖွင့်လှစ်နေပြီး ကုမဏီအကြီးကြီးကဝန်ထမ်းတွေတော့အိမ်ကနေပဲအလုပ်လုပ်နေရပါတယ်။အဖြုရောင်ကော်လံနဲ့ရုံးအလုပ်တွေဘယ်တော့ပြန်ဖွင့်မလဲဆိုတာတော်တော်များများကလဲသိချင်နေကြပါတယ်။ဒါပေမဲ့ပြန်ဖွင့်လာရင်တော့အရင်လိုအနေအထားမဟုတ်ပဲ ရုံးထဲမဝင်ခင်အပူချိန်တိုင်းတာတို့တစ်ယောက်နဲ့တစ်ယောက်ခြောက်ပေခြားအလုပ်လုပ်တဲ့ပုံစံတွေနဲ့တွဲပြီးတွေ့မြင်ရမှာပါ။အဲ့တော့အရင်လိုရုံးတွင်းပါတီတွေနဲ့ TGIF တွေကိုဒီနှစ်ကုန်ပိုင်းထိပြန်မြင်ရဖို့တော့မရှိပါဘူး။

Author : Hein Htet

Ref : Forbes

Previous
Previous

Snapdragon 768G 5G processor အသစ်ကိုမိတ်ဆက်လိုက်တဲ့ Qualcomm

Next
Next

May လ ၁၂ ရက်နေ့အတွက် POCO မိတ်ဆက်ပွဲကိုအတည်ပြု snapdragon 865 နဲ့ POCO f2 ဖုန်းမြင်ရနိုင်ချေရှိ