Snapdragon 768G 5G processor အသစ်ကိုမိတ်ဆက်လိုက်တဲ့ Qualcomm
Snapdragon 765 နဲ့ဖုန်းတွေကတော့ထွက်ရှိလို့လာပါပြီ။ ဒါပေမဲ့ 765 မော်ဒယ်ကိုအဆင့်မြှင့်တင်ထားတဲ့ 768G 5G processor အသစ်ကိုတော့ Qualcomm ကထပ်မံမိတ်ဆက်လိုက်ပါတယ်။ဒီ processor အသစ်က CPU နဲ့ GPU စွမ်းဆောင်ရည်တွေမှာအလေးပေးမြှင့်တင်ပေးထားတာပဲဖြစ်ပါတယ်။ 5G modems ပထမဆုံးထည့်သွင်း 765 နဲ့ 765G မော်ဒယ်နှစ်မျိုးကတော့မနှစ်ကဒီဇင်ဘာလမှာ 865 နဲ့အတူမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ 865 ကတော့ 5G defaults ပါဝင်ပြီး cellular modem သပ်သပ်တစ်ခုလိုပါတယ်။ 765 နဲ့ 765G မှာအဓိကကွာခြားချက်ကတော့ G version မှာ Adreno 620 GPU ပါဝင်ပြီး ရိုးရိုး 765 version နဲ့ယှဥ်ရင် 20 ရာခိုင်နှုန်းစွမ်းဆောင်ရည်ပိုကောင်းပါတယ်။Qualcomm ကတော့ GPU စွမ်းဆောင်ရည်မှာ 786G က 765 ထက်စာရင် 15 ရာခိုင်နှုန်းပိုကောင်းတယ်လို့ပြောထားသလို CPU clock speed ကိုလည်း 2.4GHZ ကနေ 2.8 GHZ အထိတိုးမြင့်ထားပါတယ်။ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ 765G ကို overclock လုပ်ထားတာပါ။တခြားနေရာတွေမှာတော့ 768G ကအရင် processor တွေနဲ့အတူတူပါပဲ။

Snapdragon X52 modem ပါဝင်ပြီး mmWave နဲ့ sub-6GHz 5G ကို support ပေးပြီး standalone 5G network နဲ့ရော standalone မဟုတ်တာနဲ့ရောဒီ modem ကကိုက်ညီမှုရှိမှာပါ။နောက်ထပ် Qualcomm ရဲ့ 5th generation AI engine နဲ့ Elite gaming လုပ်ဆောင်ချက်တွေပါပါဝင်လာမှာပါ။

765G လိုပဲ 768G က gaming စွမ်းဆောင်ရည်ကိုအဓိကထားမှာဖြစ်ပြီးသူရဲ့ ပထမဆုံးဖုန်းကတော့ရှောင်မီရဲ့ K30 5G racing edition ဖြစ်လာမှာပါ။ဒီ Processor က snapdragon 865 နဲ့ 865 plus သုံးထားတဲ့ flagship killer upper midrange ဖုန်းတွေအတွက်ဖြစ်လာမှာပါ။ 5G ပါမှလိုချင်မယ်ဆိုတဲ့သူတွေအတွက် midrange ဖုန်းတွေမှာ Qualcomm ရဲ့ 5G အတွက်ဖြေရှင်းချက်လဲဖြစ်လာမှာပါ။အဲ့တော့ 768G သုံးထားတဲ့ 5G midrange ဖုန်းတွေကိုမျှော်ရဦးမှာပါ။
Author : Hein Htet
Ref : The verge, Gizmochina