IDC မှ၂၀၂၀ ပထမ သုံးလပတ်အတွက် စမတ်ဖုန်းဈေးကွက်ဝေစု အချက်အလက်များထုတ်ပြန်

ဈေးကွက်ကိုသုသေတနပြုလုပ်နေကြ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ IDC ရဲ့ စစ်တမ်းထုတ်ချက်တွေအရ ၂၀၂၀ ခုနှစ် ပထမသုံးလပတ် အတွင်းမှာ တစ်ကမ္ဘာလုံးရဲ့ စမတ်ဖုန်းတင်ပို့ရောင်းချရမှု အခြေအနေဟာ ၁၁.၇ ရာခိုင်နှုန်းအထိကျဆင်းလာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကတစ်ကမ္ဘာလုံးအနှံ့ဖြစ်ပွားနေတာနှင့် အတူ အဆိုပါ ဂယက်က စမတ်ဖုန်းထုတ်လုပ်တင်ပို့ရောင်းချတဲ့ ကုမ္ပဏီတွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိခဲ့ပါသည်။

Samsung, Huawei နဲ့ Apple တို့ဟာ တစ်ကမ္ဘာလုံး စမတ်ဖုန်းတင်ပို့ရောင်းချတဲ့ အကြီးဆုံးကုမ္ပဏီ ၃ခု စာရင်းမှာ အစဉ်လိုက် ဆက်လက်တည်ရှိနေပါသည်။ IDC ရဲ့ ထုတ်ပြန်မှုအရ ပထမ ၃လပတ်အတွင်းမှာဆိုရင် စမတ်ဖုန်းအလုံးရေ တင်ပို့ရောင်းချရမှုအနေနဲ့ Samsung က ၅၈.၃သန်း၊ HUAWEI က ၄၉သန်း နဲ့ Apple က ၃၆.၇သန်းဆိုပြီး တင်ပို့ရောင်းချခဲ့ရတာပဲဖြစ်သည်။ HUAWEI အနေနဲ့လည်း စမတ်ဖုန်းတင်ပို့ရောင်းချရသူ စာရင်းမှာ ဒုတိယနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာအရ စမတ်ဖုန်းအလုံးရေ တင်ပို့ရောင်းချရမှု အရေအတွက်ဟာ အကျပိုင်းဘက်ကို ဦးတည်ခဲ့နေပေမယ့် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်အလက်တစ်ချို့လည်း ထွက်ပေါ်လာခဲ့ပါသေးသည်။ Strategy Analytics ရဲ့ စစ်တမ်းထုတ်ပြန်ချက်အရဆိုလျင် 5G စမတ်ဖုန်းထုတ်လုပ်တင်ပို့ရောင်းချမှုဟာ ၂၄ သန်းအထိ တိုးတက်ပြီး တင်ပို့ရောင်းချခဲ့ရပါသည်။ ၂၀၁၉ ခုနှစ်ကဆိုလျင် 5G စမတ်ဖုန်းထုတ်လုပ်တင်ပို့ရောင်းချရမှုဟာ ၁၈.၄ သန်းသာ ရှိခဲ့ရာက ယခုနှစ်မှာ 5G စမတ်ဖုန်းတွေရဲ့ တင်ပို့ရောင်းချရမှုဟာ ပိုမိုတိုးတက်လာခဲ့တာကို တွေ့ရှိရပါသည်။

Huawei နှင့် Samsung ဟာ 5G စမတ်ဖုန်းထုတ်လုပ်မှုအပိုင်းမှာ ဆက်လက်ဦးဆောင်နေဆဲဖြစ်သည်။ ၂၀၂၀ ပထမသုံးလပတ်အတွင်းမှာ ဆိုလျင် HUAWEI က 5G စမတ်ဖုန်းအလုံးရေ ၈သန်းကျော်၊ Samsung က အလုံးရေ ၈.၃ သန်းကျော် အသီးသီးထုတ်လုပ်တင်ပို့ရောင်းချနိုင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီ၂ခုပေါင်း တင်ပို့ရောင်းချရတဲ့ အရေအတွက်ဟာ တစ်ကမ္ဘာလုံးဈေးကွက်ဝေစုရဲ့ ၆၈ ရာခိုင်နှုန်းအထိကို ကြီးစိုးထားနိုင်ခဲ့ပြီး Mate30, Mate30 Pro စတဲ့ 5G စမတ်ဖုန်းတွေဟာလည်း အသုံးပြုသူများအကြားမှာ ရေပန်းစားခဲ့သည်။

၂၀၂၀ ပထမ သုံးလပတ် ကုန်ဆုံးခါနီးမှလည်း အဆိုပါ ကုမ္ပဏီ ၂ခုက HUAWEI P40 Series စမတ်ဖုန်းများနဲ့ Samsung S20 Series စမတ်ဖုန်းများကို အသီးသီးမိတ်ဆက်ခဲ့ကြပြီး ဒုတိယ သုံးလပတ်အတွက်လည်း 5Gစမတ်ဖုန်း ဈေးကွက်ပိုင်းကို ဆက်လက်ကြီးစိုးထားနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

တရုတ်ပြည်မကြီးရဲ့ပြည်တွင်းစမတ်ဖုန်းဈေးကွက်ဟာဆိုလျင်လည်း ကိုရိုနာဗိုင်းရပ်စ် ဂယက်ရဲ့ အစောဆုံး ရိုက်ခတ်မှုခံခဲ့ရတဲ့ ဒေသတစ်ခုဖြစ်ခဲ့ပြီး ပထမ သုံးလပတ် တစ်ခုလုံးဟာ လုံးဝအကျပိုင်းကို ဦးတည်နေခဲ့တာပဲဖြစ်ပါသည်။ Counterpoint ရဲ့ ထုတ်ပြန်မှု အရဆိုလျင် တရုတ်ပြည်မကြီး ဈေးကွက်ဟာဆိုလျင် ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း တွက်ချက်ထားခဲ့ပြီး ဝယ်လိုအားရော ထုတ်လုပ်နိုင်စွမ်းအား ၂ ခုလုံးပါကျဆင်းသွားခဲ့ပါသည်။ အချက်အလက်အားဖြင့် Vivo နှင့် Oppo ဆိုလျင် ၂၇% နှင့် ၃၀ရာခိုင်နှုန်းအထိ offline ဈေးကွက်တွင် ကျဆင်းခဲ့ပြီး Xiaomi ဆိုလျင် ၃၅% အထိနှစ်စဉ်တိုင်းတာချက်များအရ ကျဆင်းလာခဲ့ကြောင်းလည်းသိရသည်။

ဈေးကွက်တစ်ခုလုံးကျဆင်းနေတဲ့အခြေအနေများတွင် HUAWEI တစ်ခုတည်းသာတရုတ်ပြည်မကြီးဈေးကွက်တွင်အတက်ပိုင်းပြခဲ့ပြီးအလုံးရေ၂၈.၇သန်းကျော်ရောင်းချနိုင်ခဲ့ပြီးပြီးခဲ့သည့်သုံးလပတ်နှင့်နှိုင်းယှဉ်ပါက၆% အထိတိုးတက်ခဲ့ကြောင်းစာရင်းများအရသိရပါသည်။ Oppo နှင့် Vivo နှစ်ခုပေါင်းရောင်းချရမှုအရေအတွက်ထပ်သာလွန်နေခဲ့ပြီးကျဆင်းနေသောဈေးကွက်အခြေအနေမှာတိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်သည်။

Previous
Previous

ဒီနှစ်ထဲမှာ MI ရဲ့ Folding Phone အသစ်မြင်ရနိုင်ချေရှိ

Next
Next

TECNO Mobile မှ Pouvoir 4 Pro ကို ပြည်တွင်း ဂိမ်းကစားသမားများနှင့် ဗီဒီယိုဖန်တီးသူများအတွက် စတင်မိတ်ဆက်