ဒီနှစ်ထဲမှာ MI ရဲ့ Folding Phone အသစ်မြင်ရနိုင်ချေရှိ

MI ကကွေးနိုင်တဲ့ဖန်သားနဲ့ဒေါင်လိုက် Galaxy Z flipနဲ့အလားတူခေါက်ချိုးဖုန်းတစ်လုံးပြုလုပ်နေပြီးဒီနှစ်ထဲမှာစျေးကွက်ထဲကို‌ရောက်ရှိလာနိုင်တယ်ဆိုပြီးသတင်းတွေထွက်နေပါတယ်။ Xiaomi အနေနဲ့ ကွေးနိုင်တဲ့ OLED display panel တွေကို Samsung ဆီကနေတိုက်ရိုက်မှာယူနေတဲ့လို့Supply chainတွေမှတဆင့်သိရပြီး display panel ကတော့ Galaxy Z flip နဲ့ဆင်တူထွက်လာနိုင်ပါတယ်။ ကျကွဲတာတွေနဲ့ပျက်စီးမှုဒဏ်တွေကိုခံနိုင်ဖို့အတွက် Xiaomi ကတော့ Samsung ရဲ့ Hinge ဒီဇိုင်းအတိုင်းပဲလုပ်ဆောင်နေပြီးဖုန်းရဲ့ကိုယ်ထည်ကိုအဆင်ပြေပြေနေရာပေါင်းစုံကနေကိုင်နိုင်မှာဖြစ်ပါတယ်

ယခုကောလဟာလကိုတော့ ZDnet in Korea ကစတင်ဖော်ပြခဲ့တာဖြစ်ပြီး Xiaomi ကဒီဖုန်းတွေကို 2020 ဒုနှစ်ဝက်မှာအကြီးအကျယ်ထုတ်လုပ်တော့မှာပါ။ဒီလိုကောလဟာလတွေဟာ  Xiaomi ဆီကနေယခုမှထွက်လာတာမဟုတ်ပါဘူး။ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်ကတည်းက Xiaomi က Folding ဖုန်းအတွက်ပြင်ဆင်နေတာပါ။ ထွက်ရှိထားတဲ့ render ပုံတွေကတော့ Galaxy Z flip ဖုန်းနဲ့တော်တော်လေးဆင်တူပြီးအရှေ့ဘက်မှာ အချိန်, Battery percentage နဲ့ notification တွေကိုပြပေးမဲ့ Display သေးသေးလေးပါပါမှာပါ။ ဘယ်ကုမဏီကပဲထုတ်ထုတ် Folding ဖုန်းတွေဟာစျေးကြီးလေ့ရှိပြီးသာမန်ဖုန်းတွေစျေးထက်အနဲဆုံးနှစ်ဆပိုကြီးပါတယ်။

ဒါပေမဲ့ ဒီဖုန်းက အရင်ထွက်ထားတဲ့ Galaxy Fold ထက်တစ်ဝက်လောက်စျေးသက်သာမယ်လို့လဲပြောနေကြပါတယ်။ဒီဖုန်းမှာပါလာမဲ့ Hardware spec တွေနဲ့ ဒီဇိုင်းအပြင်စျေးနှုန်းတွေကတော့ဘာမှတရားဝင်မသိရသေးပါဘူး။ဒါပေမဲ့မနှစ်က MI Mix alpha က snapdragon 855 Soc နဲ့ထွက်ထားတာဆိုတော့ယခု Fold ဖုန်းကလဲ Snapdragon ရဲ့နောက်ဆုံး processor နဲ့ထွက်လာဖို့တော်တော်ကိုအလားအလာရှိပါတယ်။ Software ကတော့ MI ရဲ့ custom UI ဖြစ်တဲ့ MIUI နဲ့ပဲထွက်လာနိုင်ပြီးခေါက်ဖုန်းဖြစ်တဲ့အတွက်လုပ်ဆောင်ချက်တွေကတော့ Fold ကိုဖွင့်လိုက်ရင် APP တွေ Tablet အရွယ်အစာနဲ့ကြည့်လို့ရတာတို့တစ်ခုထက်ပိုတဲ့ window တွေဖွင့်နိုင်တာတို့က‌တော့သေချာပေါက်ကိုပါဝင်လာမှာပါ။‌

Author : Hein Htet

Ref : Gsmarena,bussinessinsider

Previous
Previous

Vivo V19 ကို မြန်မာပြည်တွင် စတင်မိတ်ဆက်တော့မည်ဖြစ်

Next
Next

IDC မှ၂၀၂၀ ပထမ သုံးလပတ်အတွက် စမတ်ဖုန်းဈေးကွက်ဝေစု အချက်အလက်များထုတ်ပြန်