TECNO Mobile မှ Pouvoir 4 Pro ကို ပြည်တွင်း ဂိမ်းကစားသမားများနှင့် ဗီဒီယိုဖန်တီးသူများအတွက် စတင်မိတ်ဆက်
TECNO Mobile သည် April လ ၃၀ ရက်နေ့တွင် နာမည်ကြီး Pouvoir မျိုးဆက်သစ် စမတ်ဖုန်းတစ်လုံးကို စတင် မိတ်ဆက်ခဲ့ပါသည်။TECNO သည် တစ်ကြိမ်အားသွင်းရုံဖြင့် လေးရက်ကြာ အသုံးပြုနိုင်သော 6000mAH ဘက္ထရီ ပါဝင်သည့် Pouvoir 4 Pro ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ကျောဘက်တွင် 16MP AI Quad camera နှင့် 5MP+2MP+AI lens ပါဝင်မှာ ဖြစ်ပြီး , အရှေ့ဘက်တွင် flash မီးနှစ်လုံး အထောက်အပံ့ပေးထားသော 16MP camera ပါဝင်မှာ ဖြစ်သည်။ 7-inch HD+ Drop Display ကြောင့် Pouvoir 4 Pro သည် Entertainment အတွက် ဖြစ်စေ၊ ဂိမ်းဆော့ရန်အတွက် ဖြစ်စေ အသင့်တော်ဆုံး ဖုန်းတစ်လုံးဖြစ်လာနိုင်ဖွယ် ရှိပါသည်။ Android Q ပေါ်တွင် TECNO ၏ HI OS 6.0 အသုံးပြုထားသည့် Pouvoir 4 Proသည် မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်းသို့ မကြာမီ ရောက်ရှိလာပါတော့မည်။ ဈေးနှုန်း ၂၂၉,၀၀၀ ကျပ်ဖြင့်ရောင်းချသွားမှာ ဖြစ်ပါသည်။

ယခင်ဖုန်းများထက် ပိုမို ပေါ့ပါးပါးလွှာသော Premium glossy ဒီဇိုင်းဖြင့် ဖန်တီးထားသော Pouvoir 4 Proတွင် Face Unlock, Fingerprint Sensorတို့လည်း ပါဝင်တာကြောင့် လုံခြုရေး ပိုမိုကောင်းမွန်ပါသည်။ ဘေးဘက်တွင် Virtual Google Assistant ခလုတ်တစ်ခု ပါဝင်ခြင်းကလည်း Google Assistant ကို အချိန် နေရာမရွေး လက်တစ်ကမ်းတွင် ရှိစေပါသည်။
Integrated Entertainment Product ဖြစ်သည်နှင့်အညီ Pouvoir 4 Pro ကို အကောင်းဆုံးသော entertainment အတွေ့အကြုံအတွက် 7- inch မျက်နှာပြင်နှင့် 90.55% screen ratio ဖြင့် ထုတ်လုပ်ထားပါသည်။ ထိုကျယ်ပြန့်သော မျက်နှာပြင်နှင့် လိုက်ဖက်စွာ အသံကို တိကျပြတ်သားစွာ နားဆင်နိုင်မည့် dual speakers ကိုလည်း ထည့်သွင်းပေးထားပါသည်

Jason Wong [Country Manager of TECNO Mobile Myanmar] ကလည်း “ ပြည်တွင်းဈေးကွက်အတွင်းရှိ TECNO ချစ်ပရိသတ်များက ဗီဒီယိုတွေ အချိန်ကြာကြာ ကြည့်ကြတယ် ပြီးတော့ ဂိမ်းကောင်းကောင်း ဆော့နိုင်မယ့် Smartphone ကို အလိုရှိကြတာကို သိရပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ်နည်းပညာရော AI technology များပါ အသုံးပြုထားသည့် Pouvoir 4ကို အသစ်အဆန်းကြိုက်ကြသည့် ပြည်တွင်း ဝယ်ယူသူများက နှစ်ခြိုက်ကြလိမ့်မည် လို့ ကျွန်တော် ယုံကြည်ချက်ရှိပါတယ်။ တာရှည်ခံသော ဘက္ထရီ၊ အကောင်းမွန်ဆုံးသော Memory နှင့် Processor ကြောင့် အထစ်အငေါ့မရှိတဲ့ Smooth Mobile Experience ကို ရရှိမှာလည်း ဖြစ်ပါတယ်။ အသင့်တော်ဆုံး ဈေးနှုန်းကြောင့် အသုံးပြုသူများကို ပေးရတဲ့ဈေးထက် ပိုမိုထိုက်တန်သော အတွေ့အကြုံသစ်ကို ခံစားရစေမှာပါ” လို့ ပြောကြားခဲ့ပါသည်။
Pouvoir 4 Pro တွင် 128GB+6G Memory အသုံးပြုထားကြောင့် ဂိမ်းဆော့ရာတွင် အထစ်အငေါ့ ကင်းရှင်းစေမှာပါ။ ဂိမ်းကစားရာတွင် Fire key အဖြစ်အသုံးပြုနိုင်သော Magic Button တစ်ခုလည်း ပါဝင်ပါသည်။ PUBG ကစားသူများ အတွက် High quality PUBG game experience ရရှိစေပြီး ပါဝါ ၅၀ရာခိုင်နှုန်း သက်သာစေမည့် Screen Off Gaming Mode လည်း ပါဝင်မှာဖြစ်ပါသည်။

Cameraအားဖြင့်လည်း အရှေ့ရော အနောက်ပါ ကောင်းမွန်ဆုံး ကင်မရာများကို အသုံးပြုထားပြီး အလိုအလျာက် low light ဗီဒီယိုများကို လင်းစေမည့် Low Light Video Record Mode လည်း ပါဝင်သည်။
Android Q ၏ customized version ဖြစ်သော HiOS ကို အသုံးပြုထားပြီး Ice Jadeite, Misty Grey and Fascinating Purple အရောင်သုံးမျိုး ရွေးချယ်စရာရှိပါသည်?
အချက်အလက်များကို ပိုမိုသိရှိရန်: https://www.tecno-mobile.com/mm/home/#/