Facebook ရဲ့ messenger room ကိုမသုံးခင်သိထားသင့်တဲ့အချက်များ

ပုဂ္ဂိုလ်‌ရေးအချက်အလက်တွေကိုအ‌ရေးထားတယ်ဆိုတဲ့ Video chatting tools ဖြစ်တဲ့ Facebook ရဲ့ Messenger Room ကိုလာမဲ့အပတ်တွေမှာတကမ္ဘာလုံးအတိုင်းအတာနဲ့သုံးလို့ရတော့မှာပါ။မသုံးခင်မှာသိထားသင့်တာ‌လေးတွေရှိပါတယ်။ Messenger room ဟာ video conferencing platform မှာ Zoom နဲ့ယှဉ်ပြိုင်မှာဖြစ်ပြီး Facebook အကောင့်ရှိတဲ့ဘယ်သူမဆိုသုံးနိုင်မှာဖြစ်ပြီး Room ရဲ့အဓိပ္ပါယ်ကတော့ဘယ်သူမဆိုဝင်နိုင်အောင်ဖြစ်ပါတယ်။အယောက် 50 အထိပါဝင်နိုင်မှာဖြစ်ပြီး အကန့်လိုက်အကွက်တွေနဲ့မြင်ရမှာပါ။ messenger room ကိုတော့ messenger ကနေပဲသုံးနိုင်မှာပါ။အဲ့တော့ Messenger Room မသုံးခင်မှာသိသင့်တာလေးတွေဝေမျှပေးလိုက်ပါတယ်။

Data တွေကိုကိုင်တွယ်ပုံ

FTC charges ရဲ့အဆိုအရ Facebook က အသုံးပြုသူတွေရဲ့ data တွေကိုကိုင်တွယ်တဲ့နေရာမှာပေါက်ကြားမှုတွေရှိပြီးဘယ်လိုကိုင်တွယ်လဲဆိုတာကိုလဲ User တွေကိုအမှန်အတိုင်းမချပြဘူးလို့လဲဆိုပါတယ်။ဒါ့အပြင် Facebook အနေနဲ့ ဘီလီယံနဲ့ချီတဲ့အသုံးပြုသူ တွေရဲ့ဒေတာတွေကိုကိုင်တွယ်တဲ့နေရာမှာပေါ့ဆမှုတွေရှိတယ်လို့လဲဆိုပါတယ်။ဒီဒေတာတွေကိုတခြားနေရာမှာမသုံးနိုင်ဘူးလို့လဲပြောလို့မရပါဘူး။

Encryption

End to End Encryption မရှိတဲ့ video chat service ဟာအရေးကြီးတဲ့ Meeting calls တွေနဲ့ data အချက်အလက်တွေကိုအပြည့်အဝမကာကွယ်ပေးနိုင်ပါဘူး။ဒီလောက်လူတွေအများကြီး အယောက် ၅၀ လောက် chat နိုင်တဲ့ video conferencing service ကို end to end encryption ပေးဖို့ဆိုတာတစ်ကယ်တော့မလွယ်ပါဘူး။ end to end encryption မရှိရင်ရင်ဆိုင်ရမဲ့ပြဿနာတွေကတော့တစ်ကယ်လို့ကျွန်တော်တို့ရဲ့ဖုန်းလပ်တော့ကနေ Server ကိုသွားတဲ့လမ်းမှာ Data တွေဖြတ်ယူခံရမယ်ဆိုရင်ကြားထဲကမသမာသူကဖွင့်ဖတ်လို့ရသွားမှာပါ။ 32 ယောက်အထိ chat လို့ရတဲ့ Apple face time ကတော့ end to end encrypted လုပ်ထားပါတယ်။ပြောချင်တာက apple id ပါသွားရင်တောင် data တွေကိုကြားထဲကယူဖတ်လို့မရပါဘူး။ Facebook ကတော့ တစ်ယောက်နဲ့တစ်ယောက်သွားတဲ့ ဗီဒီယိုနဲ့အသံတွေကို server ကိုသွားတဲ data တွေကို encrypted လုပ်ထားပြီးအဲ့တာကလဲစည်းကမ်းတင်းကြပ်တဲ့တစ်ချိုနိုင်ငံတွေအတွက်ဖြစ်ပါတယ်။ Messenger မှာ end to end encryption ပါလာဖို့ဆိုတာတစ်နှစ်လောက်လိုပါသေးတယ်လို့ပြောထာတဲ့အတွက် Messenger Room သုံးမယ်ဆိုရင် security အမြင့်ကြီးတွေမျှော်လင့်လို့မရပါဘူးအဲ့တာအပြင်ကိုယ့်ရဲ့ Organization ထဲကအ‌ရေးကြီးတဲ့အချက်အလက်တွေရှဲမယ်ဆိုသတိထားပါ ‌မသမာသူတွေလက်ထဲရောက်သွားနိုင်ပါတယ်။

Messenger Room ကိုသုံးမယ်ဆိုရင် room ထောင်ရမှာဖြစ်ပြီးLink ကနေတစ်ဆင့်ဘယ်သူမဆိုဝင်နိုင်မှာဖြစ်ပြီးအဲ့လင့်ကို Newsfeed,Groups နဲ့ event တွေကိုလဲရှဲနိုင်မှာဖြစ်ပါတယ်။ Anyone with this link can join လို့ပြောထားတဲ့အတွက်ဒီလင့်ခ်ကိုရတဲ့လူမှန်သမျှဝင်နိုင်မှာဖြစ်ပြီး ဥပမာကိုယ်ကအဲ့လင့်ကို Facebook Groups တစ်ခုထဲကိုရှဲလိုက်မယ်ဆိုရင်အဲ့Groups ထဲကလူမှန်သမျှဝင်နိုင်မှာဖြစ်ပြီးအဲ့လင့်ကိုရသွားပြီးဆိုတာနဲ့ကိုယ့်ရဲ့  Messenger room ကိုအကုန်လုံးဆီကိုပွင့်နေမှာပါ။ Room ထောင်တဲ့လူကတော့ မလိုချင်တဲ့လူကိုKick နိုင်မှာဖြစ်ပြီးဒါပေမဲ့အရင်ဆုံးဝင်ဖို့အတွက်တော့ Room ကို unlock လုပ်ထားရမှာပါ။အဲ့လင့်ကိုတွေ့ကရာနေရာလျှေက်မရှဲဖို့တော့လိုပါလိမ့်မယ်။

Author : Hein htet

Ref :mashable

Previous
Previous

TECNO Mobile မှ Pouvoir 4 Pro ကို ပြည်တွင်း ဂိမ်းကစားသမားများနှင့် ဗီဒီယိုဖန်တီးသူများအတွက် စတင်မိတ်ဆက်

Next
Next

2020 work from home ကာလနှင့် wireless airbuds များရဲ့အကျိူးသက်ရောက်မှု