2020 work from home ကာလနှင့် wireless airbuds များရဲ့အကျိူးသက်ရောက်မှု

Covid-19 outbreak ကြောင့် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ အလုပ်မသွားရတော့ဘဲ အိမ်ကနေပဲ အလုပ်လုပ်နေရတဲ့လူတွေ ရှိလာကြသလိုကျောင်းသားတွေဆိုရင်လည်း အိမ်ကနေပဲစာသင်နေကြရပါတယ်။အလုပ်မရှိတဲ့လူ‌တွေကလဲအိမ်ထဲမှာပဲနေကြရင်း Covid-19 ကိုကာကွယ်နေကြပါတယ်။ဘယ်မှမသွားရတဲ့ ဒီလိုအချိန်မှာ အိမ်ကနေစာသင်နေတဲ့ ကျောင်းသားတွေနဲ့ အလုပ်လုပ်နေရတဲ့ဝန်ထမ်းတွေကြားမှာ Video conferencing platform တွေနဲ့အတူ wireless airbuds တွေလည်း လိုအပ်လာပါတယ်။

wireless earbuds တွေဟာ အလုပ်လုပ်ဖို့သာမကဘဲ အိမ်မှာ ဆူညံနေတဲ့အခါအသုံးဝင်တဲ့အပြင်ဖျော်ဖြေရေးအတွက်လည်း အသုံးဝင်လာပါတယ်။ ရိုးရိုး ကြိုးနဲ့ earphone တွေနေရာမှာ headphone jack မပါဝင်တော့တဲ့ဖုန်းတွေနဲ့အတူ wireless earbuds တွေကနေရာဝင်ယူလာပါပြီ။ phone တွေတင်မကဘဲlaptop တွေအပြင် tablet တွေပါ headphone jack တွေမပါဝင်တော့ပါဘူး။ Headphone jack မပါဝင်တော့တဲ့အဓိကအကြောင်းအရင်းကတော့ဖုန်းတွေတည်ဆောက်တဲ့အခါမှာ Headphone jack ထည့်တဲ့နေရာမှာတခြားအစိတ်အပိုင်းတွေအတွက်နေရာလွတ်ပိုထွက်လာဖို့အတွက်အပြင် Battery capacity ကြီးကြီးမားမားတွေထည့်ဖို့အတွက်ဖြစ်ပါတယ်။

Wireless earbuds တွေဟာအရင်ကြိုးနဲ့ earphone တွေတုန်းကလိုရှုပ်ရှုက်ခက်မနေဘဲBatteryနည်းပညာတွေဟာလည်းတိုးတက်လာတာကြောင့်တစ်ခါအားသွင်းထားရုံနဲ့တစ်နေကုန်သုံးလို့ရပါတယ်။ချိတ်ဆက်ရတဲ့အပိုင်းမှာလည်းကိုယ့်ဖုန်းနဲ့တစ်ခါ setup လုပ်ပြီးတာနဲ့နောက်ထပ်အခါပေါင်းများစွာလွယ်လွယ်ကူကူသုံးနိုင်မှာဖြစ်တဲ့အတွက်တော်တော်မိုက်ပါတယ်။ ကြိုးထိုးထားစရာမလိုတဲ့အတွက်ဂိမ်းဆော့တဲ့နေရာမှာဖုန်းကိုအဆင်ပြေပြေကိုင်ပြီးဆော့နိုင်တာတစ်ကယ်အားသာတဲ့တစ်ချက်ပါ။ကြိုးမဲ့ဖြစ်သွားတဲ့အတွက်လှုပ်လှုပ်ရှားရှားလုပ်စရာတွေဖြစ်တဲ့ဟင်းချက်တာတို့ Gym ဆော့တာတို့အတွက်လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တဲ့အတွက် ဥပမာ လက်နဲ့ earphone ကြိုးငြိပြီးဖုန်းလွတ်ကျသွားတာတို့မဖြစ်နိုင်တော့တဲ့အတွက် Screen အက်တာတို့အနောက်ဘက်ကွဲတာတို့ကိုကာကွယ်ပြီးသားဖြစ်ပါတယ်။ဒါ့အပြင် wireless earbuds တွေမှာ touch နဲ့အလွယ်တကူထိန်းချုပ်လို့ ရတဲ့လုပ်‌ဆောင်ချက်တွေပါဝင်လာတဲ့အတွက် သီချင်းကျော်တာနောက်ပြန်ရစ်တာဖုန်းခေါ်တာတွေအတွက်နားမှာတပ်ထားလိုက်တာနဲ့ဖုန်းကိုပြန်ကိုင်စရာမလိုတော့ပါဘူး။

Wireless airbuds ကိုဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့မေလ ၂ ရက်နေ့မှာစျေးကွက်ထဲကိုရောက်ရှိမဲ့ OPPO Enco free Headphone, OPPO Enco W31 နဲ့ OPPO Enco M31 တို့ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Enco free မှာအရောင်ကိုအဖြူနဲ့အနက်ဝယ်ယူနိုင်မှာဖြစ်ပြီးဂိမ်းကစားသူတွေနဲ့ video ကြည့်ရှုရတာကို ကြိုက်တဲ့သူတွေအတွက် Bluetooth transmission မှာအသံနောက်ကျခြင်း မဖြစ်အောင် OPPO binaural low-latency Bluetooth transmissionက audio ပဲဖြစ်ဖြစ် visual ပဲဖြစ်ဖြစ် ဘယ်နှင့် ညာဘက်ကို အသံပြိုင်တူထွက်စေပါတယ်။ ဖုန်းcalls တွေအတွက် AI noise cancellation ပါရှိတာမလို့  ဆူညံတဲ့ ပတ်ဝန်းကျင်မှာတောင် အသံများကို ကြည်လင်ပြတ်သားစွာ ကြားနိုင်ပါတယ်။ in-ear and semi-in-ear tips ကို စိတ်ကြိုက်လဲလှယ် အသုံးပြုနိုင်ပါတယ်။ Reno 2 series နဲ့ reno 3 series ထဲကတစ်ခုခုကို Enco free နားကြပ်နဲ့အတူတူဝယ်ယူရင် 20000 ကျပ်လျှော့စျေးရမှာဖြစ်ပါတယ်။

nco W31 ကတော့အဖြူ‌ရောင်တစ်မျိုးထဲဝယ်ယူနိုင်မှာဖြစ်ပြီး BT 5.0 နဲ့ wireless  range ကတော့ ၁၀ မီတာအထိရမှာပါ။လွယ်လွယ်နဲ့ မပြုတ်ကြတဲ့ ဒီဇိုင်းနဲ့မလို့ အားကစားလုပ်တဲ့အချိန်၊ လှုပ်ရှားသွားလာတဲ့ အချိန်တွေအတွက်အဆင်ပြေမှာပါ။Pop နဲ့ classical သီချင်းတွေအတွက် Balance Mood နဲ့ Rock,EDM တွေကို Bass သံပြင်းပြင်းနဲ့ ခံစားနိုင်မယ့် Bass Mode ဆိုပြီး Audio Mode (၂)မျိုးလည်း ပါဝင်ပါသေးတယ်။ ဖုန်းပြောတဲ့အချိန် မလိုအပ်တဲ့ အသံတွေ မပါစေဖို့ Anti-wind noise chambers နဲ့ Environmental Noise Cancellation Algorithm က လုပ်ဆောင်ပေးတဲ့အပြင် နားကြပ်တစ်ဖက်စီမှာ Internal High Sensitivity Microphones(၂)ခုစီ ပါဝင်လို့ ကိုယ့်အသံကို တစ်ဖက်က  ကြည်ကြည်လင်လင် ကြားရစေမှာပါ။

Enco M31 ကတော့ အနက်ရောင်နဲရရှိမှာဖြစ်ပြီး ၁၂ နာရီ Battery life ရရှိမှာဖြစ်ပြီး ဖုန်းပြောရင် ဆူညံသံတွေကိုလျှော့ချပေးမဲ့ noise reduction လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။Neckband ဒီဇိုင်းနဲ့ OPPO Enco M31ကတော့ Earbud Type နားကြပ်တွေကို အခုထိ အကျင့်မရသေးသူတွေအတွက် ရွေးချယ်စရာပါ။

Previous
Previous

Facebook ရဲ့ messenger room ကိုမသုံးခင်သိထားသင့်တဲ့အချက်များ

Next
Next

ခေတ်အဆက်ဆက် iPhone တွေဟာစျေးနှုန်းအပြင်တခြားဘာတွေဖြည်းဖြည်းချင်းပြောင်းလဲလာသလဲ?တခြားရောဘာတွေပြောင်းလဲဖို့ရှိလဲ?