ခေတ်အဆက်ဆက် iPhone တွေဟာစျေးနှုန်းအပြင်တခြားဘာတွေဖြည်းဖြည်းချင်းပြောင်းလဲလာသလဲ?တခြားရောဘာတွေပြောင်းလဲဖို့ရှိလဲ?

နဲနဲလောက် smart phoneတွေနဲ့အတူ iPhone ကခေတ်ရေစီးကြောင်းမှာဘယ်လိုမျိုးလေးတွေပြောင်းလဲလာလဲဆိုတာလေးကိုပြောရအောင်။အခုအချိန်မှာ iPhone SE ကလဲဝင်တော့မယ်။ Apple store ကိုလဲမြန်မာနိုင်ငံမှာတရားဝင်သုံးလို့ရတော့မယ်ဆိုတော့apple service လေးတွေကိုလဲနဲနဲရှင်းပြပါမယ်။ Apple ID ကိုဒီနိုင်ငံပြန်သုံးမယ်ဆိုရင်အရင်US store itune gift card ထဲကပိုက်ဆံတွေ 0.5 လောက်ကအစအကုန်သုံးရမှာပါ။ ပြီးတော့ store ပြောင်းလိုက်မယ်ဆိုရင် အရင် store မှာ download လုပ်ခဲ့တဲ့ application တွေ ပျက်မှာပါ။ဒါပေမဲ့အားသာတာတစ်ခုဒီက Visa card information ကိုထဲ့လိုက်တာနဲ့ apple music ကိုခြောက်လလောက် free သုံးနိုင်မဲ့အပြင် apple arcade ကိုပါ free တစ်လသုံးနိုင်မှာပါ။ Apple music  ကတစ်လကို 3ဒေါ်လာပဲကျမှာဆိုတော့မြန်မာငွေလေးထောင့်ငါးရာပဲကျမှာဆိုတော့ထူးရှယ်တန်တာပါ။

iPhone 1st generation 

Apple ကပထမဆုံး iPhone ကိုမိတ်ဆက်ခဲ့တုန်းက iPhone ဆိုပြီးတော့ပဲမိတ်ဆက်ခဲ့ပါတယ်။မိတ်ဆက်ခဲ့တဲ့တုန်းက iPhone လို့ပဲခေါပြီးနောက်တော့မှ iPhone 1 လို့လဲခေါ်ကြသလို 2G network ပဲရတဲ့အတွက် iPhone 2G ဆိုပြီးတော့လဲခေါ်ကြပါတယ်။ ပထမဆုံး Multitouch screen နဲ့ ambient light sensor တို့ပါဝင်ပြီး‌တော့‌တော်တော်လေးစျေးကြီးတယ်လို့ပြောလို့ရပါတယ်။စစရောင်းတဲ့စျေးကဒေါ်လာ ၅၀၀ ပါ။ အဲ့တာတောင် 3Gနက်ဝေ့ါမရသေးပါဘူး။ဒါပေမဲ့ At&t network မှာအင်တာနက် web browsing ကို touch screen နဲ့သုံးလို့ရမယ်ဖုန်းပြောလို့ရမယ်ပေါ့။အဲ့တာကိုတောင်‌ဒေါ်လာ 500 နဲ့စရောင်းခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာတော့ iPhone 3G ဆိုပြီးပထမဆုံး 3G နက်ဝေါ့ခ်နဲ့ iPhone အပြင်ပထမဆုံး App အခု ၅၀၀ ပါတဲ့ App -store ပါရှိနေပါပြီ။ နောက်တော့ video recording ပါလာတဲ့ 3GS နဲ့ font camera ပါလာတဲ့ iPhone 4 ဆိုပြီးဆက်တိုက်ထွက်ခဲ့တယ်။ဒါပေမဲ့ Processor မှာတော့ iPhone3GS အထိ ARM processor ကိုသုံးခဲ့ပြီး iPhone 4 ကြမှ Apple ကသူ့တို့ရဲ့ကိုယ်ပိုင် A processor ကိုစသုံးတာပါ။ အဲ့တုန်းက iPhone 4 ဟာအပါးဆုံး smart phone ဖြစ်ပြီး သူနဲ့ပြိုင်ဘက်တွေဖြစ်တဲ့ Samsung galaxy S နဲ့ တခြားဖုန်းတွေ HTC desire , google nexus တို့ မှာ ပလတ်စတစ်ဘောင်တွေသုံးနေတဲ့အချိန်မှာ iPhone မှာတော့ စမတ်ဖုန်းတွေမှာပထမဆုံးအလူမီနီယမ်ဘောင်နဲ့ထွက်ခဲ့ပါတယ်။အဲ့ဘက်ခေတ်တုန်းက iPhone တွေမှာကြီးမားတဲ့တိုးတက်မှုဆိုတာကိုအမြဲတွေ့ရပါတယ်။

ပြီးတော့ 4s ထွက်ခဲ့သမျှဖုန်းတွေထဲမှာစိတ်ဝင်စားဖို့အကောင်းဆုံးနဲ့ flagship Smartphone တွေရဲ့ သမိုင်းကိုပြောင်းခဲ့တဲ့ဖုန်းလို့တောင်ပြောလို့ရပါတယ်။ဒီလိုဖုန်းမျိုး ဒီလိုစွမ်းဆောင်ရည် ဒီလိုဒီဇိုင်းနဲ့ ဒီလို feeling မျိုးပေးစွမ်းနိုင်တဲ့ဖုန်းက flagship ဖုန်းဆိုတာမျိုး‌ပေါ့။စျေးနှုန်းကိုပါ flagship စျေနှုန်းဆိုတာကိုသတ်မှတ်‌ပေးခဲ့တာပေါ့။iPhone ဆိုတာအဲ့အချိန်ကတည်းက screen size နဲ့ display ကအစလုံးဝသူ့ပုံစံနဲ့သူပဲလူတိုင်းကကြည့်လိုက်တာနဲ့ iPhone ပဲဆိုပြီးသိသာတယ်။

နောက်ပြီးတော့ iPhone 5 ဘာတွေပြောင်းလဲသွားလဲ? အသိသာဆုံးပြောင်းလဲမှုဆိုရင် Displayပေါ့ iPhone 1 ကနေစပြီးတော့ အသိသာဆုံးပြောင်းလဲမှုတွေစလာတဲ့မော်ဒယ်ပေါ့ LTE connection နဲ့ lighting connector တွေပါပါလာပြီး အဲ့အချိန်မှာကျွန်တော်တိုးနည်းပညာရဲ့အတိုးတက်ဆုံးနဲ့အပြောင်းလဲဆုံးအချိန်တွေကိုမြင်တွေ့နေရပြီ။ Android ဘက်မှာဆိုရင် Galaxy S3 က 4.8 inches နဲ့လူတိုင်းနီးပါးရဲ့လက်ထဲကို android နဲ့ IOS ဖုန်းတွေရောက်ရှိလာပါပြီ

ဒီလိုပြောင်းလဲလာတဲ့အချိန်မှာ iPhone က iPhone 5S မှာပထမဆုံး finger print sensor ကိုထဲ့လိုက်ပါတယ်။ အဲ့တုန်းကလူတိုင်းက finger print ဆင်ဆာကိုiPhone တွေမှာ ပါလာမယ်ဆိုတာသိတယ် ဒါပေမဲ့ ဘယ်မှာပါလာမလဲဆိုတာမသိသေးတဲ့အပြင် Home buttom မှာထဲ့ပေးလိုက်တော့အားလုံးကအံအားသင့်ကြသလို နောက်ပိုင်းဖုန်းတွေမှာ finger print တွေအလိုလိုထဲ့လာကြပါပြီ။အဲ့အချိန်တုန်းက iPhone ကပထမဆုံး finger print ထည့်တဲ့ဖုန်းမဟုတ်ပါဘူး။ပထမဆုံး Fingerprint ထဲ့တဲ့ဖုန်းက Motorola Atirx ဖုန်းပါ။အဲ့တုန်းက 5S အပြင်ဒေါ်လာတစ်ရာသပ်သာတဲ့ ပလတ်စတစ်‌ဘော်ဒီအ‌‌ရောင်အမျိုးမျိုးနဲ့ finger print မပါတဲ့ 5C ကိုရောင်းခဲ့တယ်။ဒါပေမဲ့အလုပ်မဖြစ်ခဲ့ပါဘူး iPhone ကိုဘယ်သူမှ ပလတ်စတစ်‌ဘော်ဒီနဲ့မကြိုက်ကြပါဘူး။‌ဒေါ်လာတစ်ရာလောက်နဲ့ပိုကောင်းတဲ့ iPhoneကိုပဲရွေးချယ်ကြပါတယ်။အဲ့အချိန်မှာပြိုင်ဘက်တွေက screen size ၅ လက်မနဲ့အထက်တွေဖြစ်နေကြတဲ့အချိန်မှာ Apple ကိုအဓိက complain တက်ကြတာတစ်ခုပဲရှိပါတယ် screen size ပါ။ နောက်နှစ် iPhone 6 ကြတော့ screen size ၄.၇ လက်မ နဲ့ပထမဆုံး Plus size ၅.၅ လက်မအထိထုတ်ခဲ့သလို IOS ရဲ့ အသွင်အပြင်တွေကလဲလုံးဝကိုပြောင်းလဲသွားပါပြီး အဲ့ကနေစပြီးတော့ ဖုန်းတွေက screen size တွေကြီးလာလိုက်တာဒီနေ့အထိ size တွေကြီးလာလိုက်တာ အကြီးဆုံး ၆.၉ inches အထိဖြစ်သွားပါပြီ။ ၂၀၁၄ ကိုရောက်လာတယ် iPhone 6s အရောင်တစ်မျိုးတိုးလာတယ်။processor A8 ကနေပြီးတော့ A9 ဖြစ်သွားတယ်။ 3D touch ပါလာတယ်။ နောက်ပြီးတော့ iPhone 7 နဲ့ 7 plusကင်မရာနှစ်လုံးပါလာတယ်။ကင်မရာဒီဇိုင်းပြောင်းတာကလွဲရင် ဒီဇိုင်းပိုင်းမှာကျန်တာအတူတူပဲ။အဲ့ကနေစပြီးတော့ စမတ်ဖုန်းတွေဟာ ကင်မရာပိုင်းကိုအဓိကအဆင့်မြင့်တင်လာကြတယ်။ကင်မရာတွေနှစ်လုံးတွေအပြင်သုံးလုံးလေးလုံးတွေဖြစ်လာသလိုဖုန်းတိုင်းအလိုလိုမှာလဲ Bokeh effect တွေပါလာတယ်။Head phone jack ကိုဖြုတ်ပစ်ခဲ့တဲ့ trend ကိုချပေးခဲ့သလိုအဲ့တုန်းက apple ကတော့ ‌ဒီထက်ပိုပြီးရေစိုခံနိုင်ဖို့အပြင်အထဲကအစိတ်အပိုင်းတွေမှာနေရာလွတ်တွေပိုထွက်အောင်လို့ပြောခဲ့ပါတယ်။

iPhone 8 နဲ့ 8 plus အရောက်မှာတော့ အနောက်ဘက်မှန်သားနဲ့ wireless charging တွေပါလာတဲ့အပြင် notch မကြိုက်တဲ့လူတွေအတွက်‌ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။ပြီးတော့ iPhone 8 မော်ဒယ်ဟာ iPhone 7 ကိုပဲဒီထက်ပိုပြီး Premium ဆန်အောင်ပြောင်းလဲလိုက်တဲ့ဖုန်းဖြစ်သလို iPhone SE အသစ်မထွက်ခင်အထိ Home button တွေဟာအဆုံးသတ်သွားပါပြီ။

Notch နဲ့ထွက်လာတဲ့ iPhone X ကတော့ပထမဆုံး OLED display နဲ့ဖြစ်ပြီး iPhone တွေကြားထဲမှာအကြီးမားဆုံးဒီဇီုင်းပြောင်းလဲမှုဖြစ်လာသလို Notch trend ကိုချပြလိုက်တဲ့ဖုန်းလဲဖြစ်ပါတယ်။ပထမဆုံး Notch နဲ့ပီပီပြင်ပြင်ထွက်လာတဲ့ဖုန်းက Essential Phone ဖြစ်ပြီး iPhone X ထွက်မလာခင်ခြောက်လအလိုမှာထွက်လာတာပါ။ဒါပေမဲ့စိတ်မကောင်းစရာပါပဲဘယ်သူမှဂရုမစိုက်ကြပါဘူး။AR dot projector IR Depth sensing camera တို့နဲ့ Selfie portrait လုပ်ဆောင်ချက်တွေကိုအားလုံးလက်ထဲ‌ရောက်အောင်ပို့ပေးခဲ့ပါတယ်။အဲ့တော့ထုံးစံအတိုင်းပဲ iPhoneX ရဲ့ဒီဇိုင်းကို XS,XSmax တို့မှာဆက်သုံးခဲ့ပြီး OLED နဲ့ Telephoto မပါတဲ့ iPhone XR ကို 749 နဲ့ ရောင်းပေးခဲ့ပါတယ်။ iPhone XR ထွက်ပြီး apple ရဲ့‌ရောင်းအားတွေအောင်မြင်ပြီးနောက်ပိုင်းမှာ Apple က iPhone 11 ကိုလဲထိုနည်းလကောင်းပဲကျင့်သုံးခဲ့ပါတယ်။စျေးကိုဒေါ်လာ 50 လျှော့ပေးလိုက်ပြီး telephoto lens တောင်ထည့်ပေးလိုက်ပါသေးတယ်။ရွေးချယ်စရာနှစ်ခုပေးလာပြီးလူတွေများများလက်ထဲကိုသူတို့ရဲ့‌ Product တွေထည့်ပေးခဲ့ပါတယ်။

ဆိုတော့ iPhone 12 မှာလဲဒီ ဒီဇီုင်းကိုပဲသုံးလာနိုင်သလို notch ကို ဒီထက်သေးအောင်လုပ်မယ်လိုလဲထင်ကြေးပေးကြပါတယ်။အနောက်ကကင်မရာကိုနဲနဲပြောင်းမယ်။‌ရွေးချယ်စရာကို iPhone 12 ရိုးရိုးမော်ဒယ်မှာဆိုဒ်အကြီးနဲ့အ‌သေးပြီးရင် Pro မော်ဒယ်မှာရိုးရိုးဆိုဒ်နဲ့အကြီးဆုံး Max ‌မော်ဒယ်ကိုမှ 5G မော်ဒယ်နဲ့ထွက်လာနိုင်ပါတယ်။ iPhone SE ကလဲဒီနှစ်ရဲ့ရွေးချယ်စရာမော်ဒယ်ဖြစ်လာပြီးတော့နဲနဲဒီထက်ပိုပြီးတက်နိုင်တယ်ဆိုရင်တော့ iPhone 12 ဆိုဒ်အသေးဆုံးကို Processor အသစ်နဲ့စောင့်ကြည့်သင့်ပါတယ်။

Author : Hein Htet
Photo crd : Tomguide,tech advisor

Previous
Previous

2020 work from home ကာလနှင့် wireless airbuds များရဲ့အကျိူးသက်ရောက်မှု

Next
Next

၂၀၁၉ ခုနှစ်အတွက် PCT Patent Applications (မူပိုင်ခွင့် လျှောက်လွှာများ) စာရင်းတွင် ထိပ်ဆုံး (၅) နေရာအတွင်း OPPO ပါဝင်