iPhone 8 နဲ့ 8plus ထုတ်လုပ်မှုကိုရပ်ဆိုင်းသွားတော့မယ့် Apple
iPhone SE ကိုမနေ့ကကြေငြာပြီးနောက်မှာတော့ Apple အနေနဲ့iPhone 8 ထုတ်လုပ်မှုကိုရပ်ဆိုင်းလိုက်ပါပြီ။၂၀၁၇ စက်တင်ဘာ တုန်းကမိတ်ဆက်ခဲ့တဲ့ iPhone 8 မှာ ဘေးဘောင်ထူထူ Home button အပြင် 7+ တုန်းကလို Touch ID ပါထည့်သွင်းခဲ့ပါတယ်။ဒါပေမဲ့လဲအဲ့တုန်းက အနောက်ဘက်မှန်သား,အလူမီနီယံဘောင်နဲ့ wireless charging တို့ပါဝင်ခဲ့တာကြောင့် သူနဲ့တူတူမိတ်ဆက်ခဲ့တဲ့ iPhone X ရဲ့ notch မကြိုက်တဲ့လူတွေအတွက်ရွေးချယ်စရာဖြစ်ခဲ့ပါတယ်။ ယခု iPhone SE မှာတော့ iPhone 8 ဒီဇိုင်းနဲ့တည်ဆောက်ပုံကိုအထဲကSpecs တွေတိုးလိုက်ပါတယ်။စျေးကိုလဲယခင် iPhone SE မော်ဒယ်တုန်းကလိုတန်တဲ့စျေးနဲ့ရောင်းပေးလိုက်ပြီး iPhone 8 နဲ့ 8 plus ထုတ်လုပ်မှုကိုရပ်ဆိုင်းလိုက်ပါတယ်။ iPhone 8 နဲ့ iPhone SE နဲ့မှာအဓိကကွာခြားချက်ကတော့ A 13 bionic chip ဖြစ်ပါတယ်။အနောက်ဘက်က Apple logo ကိုလဲအလယ်မှာရွေ့လိုက်ပါတယ်။ ကောလဟာလတွေအရ iPhone SE plus ကို Apple ကပြင်ဆင်နေတယ်လို့လဲသိရပါတယ်။

ဒီ iPhoneSE ဟာ အရင် iPhone 6,6plus,6s,6splus,7,7plus တို့ကိုင်ထားတဲ့လူတွေအတွက်ရွေးချယ်စရာနောက်ထပ် upgrade ဖြစ်လာမှာပါ။ ဒါပေမဲ့ 5.5 inches အရွယ်အစားရှိတဲ့ iPhone 8 plus ကိုတိုက်ရိုက်အစားထိုးလို့ရတဲ့ ဖုန်းတော့မရှိသေးပါဘူး။ 8 plus မော်ဒယ်ကို ဝယ်ချင်တယ်ဆိုရင်တော့ဆိုင်တွေမှာကျန်တဲ့အလုံးတွေနဲ့ Amazon တို့မှာဝယ်လို့ရပါတယ်။ယခု iPhone lineup မှာ iPhone 11, iPhone 11 Pro, iPhone 11 ProMax, iPhone XR နဲ့ iPhone SE (2020) တို့နဲ့ရွေးချယ်စရာတော်တော်တိုးသွားပါပြီ။ iPhone SE အသစ်မှာတော့ A13 chip ရဲ့အစွမ်းကြောင့် ကင်မရာတစ်လုံးထဲနဲ့ Portrait bokeh ပုံတွေကိုရိုက်ကူးနိုင်မှာဖြစ်ပြီး Ultra wide feature ကိုတော့လက်လွှတ်ရမှာပါ။
Author : Hein Htet ( Phase II )
Ref : macrumors, applehacks