နောက်လထဲမှာ လူတိုင်းဝယ်နိုင်မဲ့ AirPods အသစ်ကိုမိတ်ဆက်လာနိုင်ချေရှိမဲ့ Apple ထုတ်ကုန်အသစ်တွေရဲ့စျေးနှုန်းတွေကိုလျှော့ပေးပြီး Apple ကသူ့ရဲ့ Ecosystem ကြီးကိုလူတိုင်းအတွက်ဖြန့်ကားတော့မှာလား?
Apple ရဲ့ airpods အသစ်ကနောက်လထဲမှာ 13 လက်မMacbook အသစ်နဲ့အတူမိတ်ဆက်လာနိုင်ပါတယ်။ မတ်လထဲမှာ iPhone SE အသစ်နဲ့အတူမိတ်ဆက်ဖို့စီစဉ်ခဲ့ပေမဲ့လဲ Covid-19 ကြောင့်ပွဲကိုဖျက်လိုက်ရပါတယ်။ အဲ့တာကြောင့်ပဲ iPhone SE ကိုသတင်းအနေနဲ့သာ Website မှာကြေငြာခဲ့ပါတယ်။ မတ်လထဲမှာတော့ CPU အသစ်နဲ့အဆင့်မြင့်တင်ထားတဲ့ 13 လက်မ Macbook အသစ်နဲ့အတူ Airpods ProLite လို့ခေါ်နိုင်မဲ့ Airpods မော်ဒယ်အသစ်တစ်မျိုးကိုမိတ်ဆက်လာနိုင်ပါတယ်။ AirPods pro ထက်ပိုပြီးစျေးသက်သာနိုင်မဲ့ဒီAirpods အသစ်မှာ Airpods pro ရဲ့ဒီဇိုင်းကိုပဲပိုပြီးတိုတဲ့လည်တံနဲ့ထွက်လာနိုင်ပါတယ်။ပိုနည်းသွားတဲ့စျေးနှုန်းအတွက် noise cancellation လုပ်ဆောင်ချက်ကိုတော့လက်လွှတ်နိုင်ရပါတယ်။ဒါဟာApple အနေနဲ့ General audience တွေကိုဦးစားပေးလာပြီလားဆိုတဲ့အချက်ကိုမေးရတော့မှာဖြစ်ပါတယ်။ဒီအကွက်ဟာ mid-range Phone စျေးကွက်နဲ့ တခြား wireless airpodsတွေရဲ့ စျေးကွက်ကိုပါပစ်မှတ်ထားလာမှာဖြစ်ပါတယ်။

ထွက်ရှိထားတဲ့ iPhone SE အသစ်မှာ audio sharing လုပ်ဆောင်ချက်နဲ့အတူယခု air pods အသစ်ကိုပါသက်သာတဲ့စျေးနှုန်းနဲ့ထွက်ရှိလာမယ်ဆိုရင်ဒီနှစ်မှာလူတိုင်းရဲ့လက်ထဲကို apple product တွေရောက်ရှိလာနိုင်ပါတယ်။ဒီနှစ်ခုပေါင်းကိုဒေါ်လာ ၆၀၀ မကျော်တဲ့စျေးနဲ့ရမယ်ဆိုရင်စျေးကွက်ထဲမှာ apple Ecosystem ကတော်တော်ကြီးကိုနေရာရလာနိုင်ပါတယ်။ ဒါ့အပြင်အသစ်ထွက်ရှိလာတော့မဲ့ 13 လက်မ MacBook အသစ်ကိုပါသတင်းတွေထွက်နေတဲ့ AMD ရဲ့ Ryzen chipset နဲ့အတူစျေးနှုန်းကိုပါထပ်လျှော့ပေးလိုက်ဦးမယ်။ ဥပမာ အခုလက်ရှိဒေါ်လာ ၉၉၉ နဲ့ရောင်းနေတဲ့ MacBook Air ကို ဒေါ်လာ ၇၀၀ ဝန်းကျင်လောက်နဲ့တစ်ကယ်ကြီးထွက်လာမယ်ဆိုရင် (AMD processor နဲ့ဆိုဖြစ်နိုင်ပါတယ်) Apple က တစ်ခြားတံဆိပ်တွေရဲ့ စျေးကွက်ဝေစုတွေကိုပါခြိမ်းခြောက်လာတော့မှာပါ။ Apple က 2016 တုန်းက iPhone SE ပထမမျိုးဆက်ကိုမိတ်ဆက်တုန်းကသူနဲ့အတူမိတ်ဆက်ခဲ့တဲ့ MacBook air ကိုဒေါ်လာ ၈၉၉ နဲ့ရောင်းပေးခဲ့ပါတယ်။(တိုက်ဆိုင်တာလဲဖြစ်နိုင်ပါတယ်)။ဒီပုံစံအတိုင်းဆို Apple ကသူ့ရဲ့ Ecosystem ကြီးကို Product တွေရဲ့စျေးနှုန်းကိုလျော့ပြီးအကြီးအကျယ်ဖြန့်ကားတော့မှာပါ။
Author : Hein Htet (Phase II)
Ref : Macrumors,Techspot