iPhone 8 ဒီဇိုင်းနဲ့ A13 bionic chip တို့ပါဝင်တဲ့ iPhone SE (2020) ကို Apple တရားဝင်ကြေငြာ

Apple ကတော့သူတို့ရဲ့ အများပြန်လည်တောင်းဆိုနေတဲ့ iPhone SE မျိုးဆက်သစ် iPhone SE (2020)ကို Official website မှာကြေငြာလိုက်ပါပီ။ US ဒေါ်လာ 399  နဲ့စတင်မဲ့ iPhone SE အသစ်ဟာ စွမ်းဆောင်ရည်အကောင်းဆုံး iPhone 11 proရဲ့ A13 Bionic chipset ကို 4.7 Display  အရွယ်အစားနဲ့ကျစ်ကျစ်လစ်လစ်သုံးနိုင်မှာပါ။ဖုန်းရဲ့ဒီဇိုင်းဘာမှသိပ်မထူးခြား ကောလဟာလတွေအတိုင်းပဲ iPhone 8 ရဲ့ပုံစံအတိုင်းပဲထွက်ရှိလာပါတယ်။ဖုန်းရဲ့ကိုယ်ထည်ကိုဖန်သား Aluminum ဘောင်နဲ့တည်ဆောက်ထားပြီး Home Button  ပြန်လိုချင်နေသူများအတွက် Touch ID နဲ့ Water resistant နဲ့ Dust resistant ပါပါဝင်မှာပါ။ Battery ပိုင်းမှာ‌တော့ apple က video playback ပိုင်းကို 13 နာရီထိအသုံးခံနိုင်မယ်လိုကြေငြာထားပါတယ်။ ( iPhone 8 နဲ့အတူတူပါပဲ) 18W fast charging အပြင် Wireless charging ပါ‌ထောက်ပံ့ပေးလာမှာပါ။

အရင် iPhone 8 မှာလိုပဲ Retina display မှာTrue Tone functionပါဝင်လာမှာဖြစ်ပြီး စပီကာကလဲ Stereo speaker ပါ။ ချိတ်ဆက်မှုပိုင်းအတွက် Wifi 6 နဲ့ LTE cellular data အပြင် Audio sharing feature ပါသုံးနိုင်မှာပါ။ ကင်မရာကိုတော့အနောက်ဘက်မှာ 12MP wide single camera ထည့်သွင်းပေးထားပြီး Portrait Mode ကို Depth control လုပ်ဆောင်ချက်နဲ့ရိုက်ကူးနိုင်မဲ့အပြင် Optical image Stabilizationလဲပါဝင်ဦးမှာပါ။ Video recording ကိုတော့ 4K,60FPs အထိရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။အရှေ့ဘက်မှာလဲ Portrait mode ရိုက်ကူးနိုင်မဲ့ 7MP camera ပါဝင်မှာဖြစ်ပြီး 1080p 30FPS နဲ့ video recording ရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။

ဒီဖုန်းက iPhone 8 အရွယ်အစားကိုကြိုက်တဲ့သူတွေအပြင် A13 Bionic chip နဲ့ wireless charging ကိုဆယ်သိန်းကျော်စျေးနှုန်းပေးမကိုင်ချင်သူတွေအတွက်ဖြစ်လာမှာပါ။ ရိုးရိုးရှင်းရှင်း ဒီဇိုင်းနဲ့ notch ကြီးကိုမုန်းနေသူများအတွက် အရင်လို Home button ပြန်ထည့်ပေးလိုက်ပြီးစျေးနှုန်းကတော့အရင် iPhone SE စျေးနှုန်းအတိုင်းပါပဲ။ Storage ပိုင်းမှာတော့ 64,128 နဲ့ 256GB သုံးမျိုးရွေးချယ်နိုင်မှာပါ။အ‌ရောင်ကတော့ အနီ,အနက်နဲ့အဖြူ သုံးရောင်ဝယ်နိုင်မှာဖြစ်ပြီးစျေးနှုန်ကတော့ခန့်မှန်းမြန်မာငွေ 8သိန်းဝန်းကျင်လောက်ရှိပါမယ်။

Author :Hein Htet

Previous
Previous

iPhone 8 နဲ့ 8plus ထုတ်လုပ်မှုကိုရပ်ဆိုင်းသွားတော့မယ့် Apple

Next
Next

လုံခြုံရေးမေးခွန်းထုတ်ခံနေရသော Zoom အကောင့်ငါးသိန်းကျော်အမှောင်လောကတွင်ရောင်းချခံနေရ