ကျန်းမာရေးဝန်ထမ်းတွေအတွက်မျက်နှာအကာတွေကိုကိုယ်တိုင်ဒီဇိုင်းဆွဲပြီးထောက်ပံ့တော့မဲ့ Apple

Apple ရဲ့ အမှုဆောင်အရာရှိချုပ် Tim Cook က COVID-19 အပေါ်ကုမဏီရဲ့တုံ့ပြန်မှုကိုချပြလိုက်ပါတယ်။ Twitter မှာ Tim Cook က ‘ Apple အနေနဲ့အစိုးရနဲ့ပူးပေါင်းပြီးလိုအပ်တဲ့နေရာတွေမှာထောက်ပံနိုင်ဖို့အတွက် mask သန်း၂၀၀ အဆင်သင့်ဖြစ်နေပြီ”လို့ဆိုပါတယ်။ရှေ့တန်းကနေတိုက်ပွဲဝင်နေရတဲ့ကျန်းမာရေးဝန်ထမ်းတွေကိုကူညီနိုင်ဖို့အတွက်ဖြစ်ပါတယ်။

Apple က ကျန်းမာ‌ရေးဝန်ထမ်းတွေအတွက် face shield ကိုဖြန့်ဖြူးရာမှာထုတ်ကုန်ဒီဇိုင်နာတွေ,အင်ဂျင်နီယာတွေ,ထုတ်ပိုးမှုအသင်းတွေနဲ့ပူးပေါင်းခဲ့ပါတယ်။မျက်နှာအကာရဲ့ပုံစံကိုတော့ CEO တင်ကွက်က twitter မှာတင်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ Senta Clara Valley မှာရှိတဲ့ Kaiser ဆေးရုံကိုတင်ပို့မှာဖြစ်ပြီးမျက်နှာအကာတစ်ခုခြင်းဆီကိုအလွယ်တကူတပ်ဆင်နိုင်မှာဖြစ်ပါတယ်။ကုန်ပစ္စည်းထုတ်လုပ်မှုကိုတော့ US နဲ့ china မှာလုပ်ကိုင်နေတာပါ။ Apple အနေနဲ့ ဒီသီတင်းပတ်အကုန်မှာ Face Shields အခုတစ်သန်းတင်ပို့ဖို့ပြင်ဆင်နေပြီးနောက်အပတ်တွေမှာလဲနောက်ထပ်အခုပေါင်းတစ်သန်းကို US တစ်နိုင်ငံလုံးကိုဖြန့်ဖြူးနိုင်ဖို့ကြိုးစားနေပါတယ်။ US အပြင်တခြားလိုအပ်နေတဲ့နေရာတွေပါကူညီနိုင်ဖို့တိုးချဲ့သွားဦးမှာပါ။

Apple ရဲ့ CEO တင်ကွက်က “ကျွန်တော်တို့ရဲ့အာရုံစိုက်မှုကအခြေအနေတစ်ခုမှာလိုအပ်နေတဲ့ကျန်းမာရေးစောင့်‌ရှောက်သူတွေကိုအလျှင်မြန်ဆုံးကျွန်‌တော်တို့ကူညီနိုင်ဖို့အတွက်ထူးခြားတဲ့နည်းလမ်းတွေအပေါ်မှာပဲဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

Author : Hein Htet ( Phase II )

Ref : theverge

Previous
Previous

အိမ်တွင်းအောင်းရင်းဂိမ်းကစားတဲ့အခါစိတ်ချမ်းသာတဲ့ Performance ရအောင်ဘာတွေလိုအပ်မလဲ

Next
Next

2020နှစ်ကုန်မှာ Tiktok ကိုပြိုင်ဖို့ video sharing လုပ်ဆောင်ချက်အသစ်တစ်ခုမိတ်ဆက်ဖို့ကြိုးစားနေတဲ့ YouTube