2020နှစ်ကုန်မှာ Tiktok ကိုပြိုင်ဖို့ video sharing လုပ်ဆောင်ချက်အသစ်တစ်ခုမိတ်ဆက်ဖို့ကြိုးစားနေတဲ့ YouTube

Tiktok ရဲ့အလွန်အမင်းနာမည်ကြီးလာမှုကိုယှဉ်ပြိုင်ဖို့အတွက် YouTube က‌ဗီဒီယိုအတိုလေးတွေကိုကိုယ်တိုင်ရိုက်ပြီးဝေမျှနိုင်မဲ့ YouTube app ထဲကလုပ်ဆောင်ချက်အသစ်တစ်ကို 2020 နှစ်ကုန်မှာမိတ်ဆက်တော့မှာပါ။ဒီလုပ်ဆောင်ချက်ကိုတော့ shorts လို့နာမည်ပေးထားပြီး Tiktok ရဲ့လုပ်ဆောင်ချက်အတိုင်းပဲဗီဒီယိုအတိုလေးနဲ့ Vlog တွေပါရိုက်ပြီး YouTube ပေါ်မှာတင်နိုင်မှာပါ။တရုတ်အခြေစိုက် ByteDance ရဲ့ tiktok ဟာ download ဆွဲသူ ၂ ဘီလီယံနီးပါးရှိခဲ့ပြီး meme နဲ့ internet ရဲ့ culture ပါဖြစ်လာပါတယ်။ US မှာမိတ်ဆက်ပြီးသိပ်မကြာခင်မှာပဲဗီဒီယီုဖန်တီးသူတွေရဲ့အကြိုက်ဆော့ဖ်ဝဲတစ်ခုဖြစ်လာခဲ့ပါတယ်။YouTube app ထဲမှာပဲအပိုပါလာမှာဆိုတော့နောက်ထပ် Application တစ်ခု download ထပ်ဆွဲစရာမလိုတော့ပဲ user တွေအနေနဲ့ Platform ရဲ့ရှိပြီးသား သီချင်းတွေကို ဗီဒီယိုဖန်တီးရာမှာအသုံးချနိုင်မှာပါ။ Subscribers တွေအများကြီးရရှိပြီးသား video ဖန်တီးသူတွေအနေနဲ့လဲသူတို့ရဲ့ပရိသတ်တွေကိုနောက်ထပ် app အသစ်တစ်ခုမှာပြောင်းရွေ့ကြည့်ရှုဖို့အတွက်သပ်သပ်ကြီးတိုက်တွန်းစရာမလိုတော့ပါဘူး။

YouTube CEO Susan Wojcicki TikTok global head Alex Zhu

US အ‌ခြေစိုက်ကုမဏီတွေနဲ့ Startup တွေကလဲ Tiktok ရဲ့တစ်ဟုန်ထိုနာမည်ကြီးယှဉ်ပြိုင်ဖို့ကြိုးစားခဲ့ပေမဲ့လဲမအောင်မြင်ခဲ့ပါဘူး။အရင်ကထွက်ရှိခဲ့ဖူးတဲ့အလားတူ application တစ်ခုဖြစ်တဲ့ Musical.ly ကလဲ Tiktok ကုမဏီBytedance ကဝယ်ယူလိုက်ပါတယ်။wall street journel ရဲ့ဖော်ပြချက်ထဲမှာ‌တော့ YouTube ရဲ့  Video sharing "Short" လုပ်ဆောင်ချက်အသစ်ကိုဒီနှစ်ထဲမှာသေချာပေါက်ကိုမြင်ရနိုင်ပါတယ်။

Author : Hein Htet (Phase II)

Ref : Business insider

Previous
Previous

ကျန်းမာရေးဝန်ထမ်းတွေအတွက်မျက်နှာအကာတွေကိုကိုယ်တိုင်ဒီဇိုင်းဆွဲပြီးထောက်ပံ့တော့မဲ့ Apple

Next
Next

စတိုင်ကျလှပပြီး လုပ်ငန်းသုံး၊ ကျောင်းသုံးအတွက် Smart Companion ဖြစ်လာတဲ့ HUAWEI MateBook D