အိမ်တွင်းအောင်းရင်းဂိမ်းကစားတဲ့အခါစိတ်ချမ်းသာတဲ့ Performance ရအောင်ဘာတွေလိုအပ်မလဲ
ဒီနှစ်ကတော့ COVID-19 ကပ်ရောဂါကိုကာကွယ်တဲ့အနေနဲ့အိမ်ထဲမှာပဲနေကြတော့မှာဆိုတော့ကျွန်တော်တို့လို့လူငယ်တွေနဲ့လူလတ်ပိုင်းတွေအတွက်တော့လုပ်စရာတွေကုန်သွားလို့ပျင်းရင်းအလွယ်တကူကစားလို့ရတဲ့ဖုန်းဂိမ်းတွေပဲကစားကြမှာပါ။အဲ့တော့စိတ်အပန်းပြေအောင်ကစားတဲ့ဂိမ်းကြောင့်Lag တာတို့ထစ်တာတို့ဆိုရင် Performance မငြိမ်တာတို့ဆိုရင်စိတ်အပန်းမပြေပဲဒေါသထွက်ရမှာပါ။အဲ့တာကြောင့်ဂိမ်းဆော့တဲ့အခါမှာဖုန်းရဲ့ CPU နဲ့ GPU တို့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးတဲ့လုပ်ဆောင်ချက်တွေကအရေးကြီးပါတယ်။အဲ့တော့ 12 nm နည်းပညာနဲ့အထက်မြင့်တဲ့ CPU ကိုရွေးချယ်သင့်ပါတယ်။ပြီးတော့နောက်တစ်ခုကဂိမ်းဆော့တဲ့အခါမှာအနှောင့်အယှက်မဖြစ်အောင်ဖုန်းတွေမဝင်လာအောင် Pop-up notification တွေမပေါ်လာအောင်လုပ်ဆောင်ပေးတဲ့ Game mode တို့ Do not disturb တို့လိုလုပ်ဆောင်ချက်တွေရဲ့အရေးပါမှုကလဲတော်တော်ကြီးတွင်ကျယ်လာပါပြီ။ ဥပမာ,OPPO reno 3 နဲ့ Reno 3 pro မှာ Touch Optimization ပါဝင်တဲ့အတွက်ဂိမ်းဆော့တဲ့အခါမှာတုန့်ပြန်မှုပိုကောင်းလာပြီး Lagဖြစ်တာတွေလျှော့ချဖို့အတွက် Frame rate Optimization နဲ့ Hyper Boost တို့ကကူညီပေးပါလိမ့်မယ်။ နောက်တစ်ခု Battery capacity ကလဲဂိမ်းကိုတစ်ထိုင်တည်းအကြာကြီးဆော့ချင်တဲ့လူတွေအတွက်အရေးပါပါတယ်။
အဲ့တော့နောက်ထပ်အရေးကြီးလာတာကအားသွင်းတဲ့နှုန်းနဲ့ ဘက်ထရီပါ။ဒီနေ့ခေတ်မှာဖုန်းတွေအကုန်လုံးနီးပါးအနိမ့်ဆုံး 4000 mAh တွေနဲ့လာကြပါတယ်။ဒီတော့အားသွင်းတဲ့နှုန်းကမြန်နေမယ်ဆိုရင်ဂိမ်းဆော့ရတာသိပ်အနှောင့်အယှက်ဖြစ်မှာမဟုတ်ပါဘူး။ Fast charging မှာ OPPO ရဲ့ VOOC charge တို့ OnePlus ရဲ့ Dash charge တို့ကနာမည်ကြီးပါတယ်။ Reno 3 ကိုကျွန်တော်တစ်ပတ်စမ်းသုံးကြည့်တဲ့အတွင်းမှာဖုန်းအား20% ကနေ 60% ရောက်ဖို့ 25 မိနစ်လောက်ပဲကြာပါတယ်။ ကျွန်တော်အရင်ကိုင်ခဲ့တဲ့ OnePlus နဲ့မတိမ်းမယိမ်းပါပဲ။

ဂိမ်းဆော့တဲ့အခါမှာအရေးကြီးဆုံးဖြစ်တဲ့အပူမလွန်ကဲဖို့ကတော်တော်အရေးကြီးပါတယ်။ဖုန်းတွေကတစ်ခုနဲ့တစ်ခုအပူလွန်ကဲချင်းပြဿနာကိုကိုင်တွယ်ကြတာချင်းတော့မတူပါဘူး။ OnePlus နဲ့ Mi ဆိုရင် advanced liquid cooling system ပါဝင်သလို OPPO Reno 3 series မှာဆိုရင် Multi-cooling system ပါဝင်ပါတယ်။အဲ့တော့လက်ထဲမှာဂိမ်းဆော့ရင်အကြာကြီးကိုင်ရမဲ့ကိုယ့်ဖုန်းက cooling system တော့ပါဝင်သင့်ပါတယ်။
နောက်ဆုံးတစ်ချက်ဂိမ်းဆော့တဲ့နေရာမှာစိတ်ကျေနပ်မှုပေးနိုင်တာကတော့ အသံအရည်အသွေးပါ။ဒီနေ့ခေတ်မှာ Dolby နဲ့ပူးပေါင်းထားတဲ့ဖုန်းတွေကအသံအရည်အသွေးတော်တော်ကောင်းလာပါပြီ။အဲ့တော့ဖုန်းဝယ်ရင် Entertainment နဲ့ ဂိမ်းဆော့တဲ့အခါမှာအရေးပါတဲ့ Dolby Atmos Speaker ထောက်ပံ့ထားတဲ့ဖုန်းတွေကိုရွေးချယ်သင့်ပါတယ်။အဲ့တော့ဒီလိုအချက်တွေပါဝင်တဲ့ OPPO Reno 3 (8GB/128GB) ကို မြန်မာငွေ 499900 ကျပ် , Reno 3 Pro (8/256GB) ကိုတော့မြန်မာငွေ 629900 ကျပ်နဲ့ အိမ်ထဲကနေ Shop.com.mm မှတဆင့် ပို့ဆောင်ခအခမဲ့နဲ့မှာယူနိုင်ပါတယ်။အဲ့တော့ဒီဖုန်းတွေရဲ့အချက်အလက်တွေကိုဒီထက်ပိုသိချင်ရင်တော့ OPPO Myanmar facebook နဲ့ Website မှာသွားရောက်လေ့လာနိုင်ပါတယ်။
Photo crd : parade