Gaming ဖုန်းလောကထဲကိုနောက်‌ထပ်ခြေလှမ်းတစ်လှမ်းနဲ့ဝင်လာတဲ့ရှောင်မီရဲ့ Black shark 3

ဒီနေ့ခေတ်ဖုန်းတွေဝယ်ရင်ဘာကိုအဓိကထားပြီးစဉ်းစားကြလဲ?။ကိုယ့်အကြိုက်အမှတ်တံဆိပ်လား,ကိုယ်ကြိုက်တဲ့စွမ်းဆောင်ရည်နဲ့ဒီဇိုင်းလား,User experience ပိုင်းလား? Display လား, ကင်မရာလား,စျေးနှုန်းလား?  လားပေါင်းများစွာရှိပါတယ်။ဖုန်းထုတ်တဲ့ကုမဏီတွေကလဲကိုယ်အားသန်ရာကိုယ်ထုတ်ကြရုံသာမကတစ်ချိန်ထမှာဘက်စုံစွမ်းဆောင်ရည်နဲ့စျေးနှုန်းကိုတက်နိုင်သလောက်လူအများလက်ထဲရောက်အောင်ထုတ်ကြပါတယ်။ ဒီလိုရွေးချယ်စရာတွေအများကြီးထဲမှာစမတ်ဖုန်းထုတ်လုပ်သူအများစုပစ်မှတ်ထားလာကြတဲ့နယ်ပယ်ကတော့ ဂိမ်းမင်းနယ်ပယ်ဖြစ်ပါတယ်။ဂိမ်းမင်းဖုန်းတွေကအောင်မြင်လာတာသိပ်မကြာသေးပါဘူး။ ပထမဆုံး Android ဂိမ်းမင်းဖုန်းအနေနဲ့အောင်မြင်လာတာကတော့ Asus ရဲ့ ROG စမတ်ဖုန်းဖြစ်ပါတယ်။ ဒီဖုန်းမှာပါဝင်လာတဲ့ specs တွေကတော့အဲ့တုန်းကထွက်ခဲ့တဲ့flag ship စမတ်ဖုန်းတွေရဲ့ Specs တွေပဲဖြစ်ပါတယ်။Gaming အတွက်အသားပေးထားတဲ့ဒီဇိုင်းနဲ့ဂိမ်းဆော့ရာမှာတွဲဖက်အသုံးပြုနိုင်တဲ့ပစ္စည်းတွေကြောင့် ဂိမ်းမင်းဖုန်းတွေနောက်ပိုင်းနေရာရလာတာပဲဖြစ်ပါတယ်။ကုမဏီတွေကလဲ mobile game တွေရဲ့အောင်မြင်လာမှုနဲ့အတူဂိမ်းမင်ဖုန်းတွေကိုဆက်တိုက်ထုတ်လာကြပါတယ်။

ဒီနှစ်အတွက် ‌ရှောင်မီကတော့ Gaming စမတ်ဖုန်းဖြစ်တဲ့ Black Shark 3 ကို Gaming နယ်ပယ်အတွက်မိတ်ဆက်ပေးလိုက်ပါတယ်။ဒီဖုန်းမှာ‌‌ရှောင်မီက အရင် Black shark 2 နဲ့ဒီဇိုင်းပိုင်းကိုကွဲပြားအောင်ထုတ်ထားပြီးအနောက်ဘက်မှာ‌တော့ ကင်မရာသုံးလုံးကိုတြိဂံကွက်ထဲမှာထဲ့ထားပြီးအနောက်ဘက်မှာတော့ Gorilla Glass နဲ့ ဖန်ကိုသုံးပေထားပါတယ်။‌ရှေ့ဘက်မှာတော့ speaker နှစ်ခုပါဝင်ပြီး notch မပါဝင်တဲ့ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့6.67 လက်မရှိပြီး AMOLED ကိုသုံးပေးထားပြီး refresh rate က‌တော့ 90 Hz ကိုမှ 270 touch sensing နဲ့တွဲဖက်ပေးထားပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက် Processor ကတော့ snapdragon 865 ပါဝင်ပြီး RAM 12 GB နဲ့ RAM 8GB ဆိုပြီးနှစ်မျိုးရှိပါတယ်။

မျက်နှာပြင်ကတော့ 6.67 လက်မရှိပြီး AMOLED ကိုသုံးပေးထားပြီး refresh rate က‌တော့ 90 Hz ကိုမှ 270 touch sensing နဲ့တွဲဖက်ပေးထားပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက် Processor ကတော့ snapdragon 865 ပါဝင်ပြီး RAM 12 GB နဲ့ RAM 8GB ဆိုပြီးနှစ်မျိုးရှိပါတယ်။ Battery ကတော့ 4725 mAh ပါဝင်ပြီး ဒီဖုန်းမှာစိတ်ဝင်စားဖို့ကောင်းတာက‌တော့ Tencent နဲ့ပူးပေါင်းထားတဲ့ gaming software ပဲဖြစ်ပြီးဒီဖုန်းမှာဂိမ်းဆော့ရင်တော်တော်မိုက်တဲ့ Experience နဲ့ interface ကိုပေးစွမ်းနိုင်ပါတယ်။ ဒီဖုန်းကြည့်လိုက်တာနဲ့ ဂိမ်းမင်းဖုန်းဖြစ်စေတဲ့သိသာချက်ကတော့ဒီဇိုင်းနဲ့အနောက်ဘက်မှာပါဝင်တဲ့ LED မီးအလင်းရောင်‌လေးပဲဖြစ်ပါတယ်။

Author : Hein Htet ( Phase II )

Ref : GSMarena

Previous
Previous

OPPO Reno3 | Reno3 Pro တို့ မြန်မာနိုင်ငံ စျေးကွက်တွင်းသို့ ရောက်ရှိ

Next
Next

ကင်မရာလေးလုံး,Hole-Punchဒီဇိုင်းမျက်နှာပြင်နဲ့မတ်လ 23 ရက်နေ့မှာမိတ်ဆက်ပေးဖို့အတည်ပြုလိုက်တဲ့ Redmi Note 9s