OPPO Reno3 | Reno3 Pro တို့ မြန်မာနိုင်ငံ စျေးကွက်တွင်းသို့ ရောက်ရှိ
OPPO ၏ Online Smartphone Launch Event တွင်မည်သည့် အလင်းအမှောင် အခြေအနေတွင်မဆို ကြည်လင်ပြတ်သားသော ပုံရိပ်များ ဖန်တီးပေးနိုင်သည့် OPPO Reno3 | Reno3 Pro တို့နှင့် အတူ OPPO ၏ပထမဦးဆုံး ကြိုးမဲ့နားကြပ် Enco Free Headphones လည်းမြန်မာနိုင်ငံ စျေးကွက်တွင်းသို့ အတူတူရောက်ရှိမည်ဖြစ်ကြောင်း ကြေညာခဲ့ကာ မတ်လ ၁၉ ရက်နေ့မှ စတင်ကာဝယ်ယူနိုင်မည်ဖြစ်သည်။ စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ “Clear in Everyshot” ခေါင်းစဉ်နှင့် အသစ်ထွက်ရှိလာသော မည်သည့် အလင်းအမှောင်အခြေအနေတွင်မဆို ကြည်လင် ပြတ်သား သည့် ပုံရိပ်များ ဖန်တီးပေးနိုင်သည့် OPPO Reno3 | Reno3 Pro တို့နှင့်အတူ စမတ်ဖုန်းများနှင့် တွဲဖက် နားဆင်ရန် အသင့်တော်ဆုံး OPPO Enco Free Headphones တို့ကိုလည်း မတ်လ ၁၈ ရက်နေ့တွင် OPPO ၏ Official Facebook Page ၌ တိုက်ရိုက် ထုတ်လွှင့်သည့် Online Launch Event မှ တစ်ဆင့် မြန်မာနိုင်ငံစျေးကွက်သို့ စတင်မိတ်ဆက်ခဲ့သည်။ OPPO သည် တရုတ်နိုင်ငံတွင် 5G version ကို မိတ်ဆက်ပေးခဲ့ပြီး နိုင်ငံတကာ စျေးကွက်တွင်လည်း စျေးကွက်တစ်ခုခြင်းစီ နှင့် ကိုက်ညီသော OPPO Reno3 | Reno3 Pro ကို ထပ်မံ ထုတ်လုပ်ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ OPPO Reno3 | Reno3 Pro နှင့် Enco Free Headphones တို့ကို မတ်လ ၁၉ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ စျေးကွက်တွင်း ဝယ်ယူနိုင်မည် ဖြစ်သည်။

OPPO Reno3 Pro တွင် OPPO ၏ ပထမဦးဆုံး 44MP Dual Punch-hole design ဖြင့် ထုတ်လုပ်ထားပြီး OPPO Reno3 တွင် Waterdrop Display ဖြင့် သုံးစွဲသူ အမျိုးအစားအလိုက် အကြိုက်တွေ့စေရန် ထုတ်လုပ်ထားသည်။ OPPO Reno3 | Reno3 Pro တို့ကို ရရှိနိုင်သော အရောင်များမှာ Aurora အလင်းတန်းများ တည်ရှိရာ Northern Europe ၏ ညများအတိုင်း အပြာ၊ အစိမ်း၊ ခရမ်း အရောင်ပြေးများဖြင့် ရင်သပ်ရှုမောဖွယ် လှပသော Auroral Blue နှင့် လျှို့ဝှက်သော ညဥ့်နက်ကို ကိုယ်စားပြုသည့် Midnight Black တို့ပင် ဖြစ်သည်။ 8GB RAM and 256GB ROM ရှိကာ 64MP Zoom Quadcam, 44MP Dual Punch-hole Camera နှင့် Dual Lens Bokeh, တို့ ပါဝင်ပြီး ကမ္ဘာ့ ပထမဦးဆုံး 44MP+2MP Dual Punch-hole ပါ Super AMOLED Display ပါဝင်သော OPPO Reno3 Pro ကို မြန်မာကျပ်ငွေ 629,900 ဖြင့်လည်းကောင်း ၊ 8GB RAM and 128GB ROM ရှိကာ 48MP Zoom Quadcam, 44MP Front Camera တို့ပါဝင်သော OPPO Reno3 ကို မြန်မာကျပ်ငွေ 499,900 ဖြင့်လည်းကောင်း၊ စမတ်ဖုန်းများနှင့် လွယ်ကူစွာ ချိတ်ဆက်နိုင်ပြီး အသံထွက်အားကောင်းမွန်သော OPPO Enco Free Headphones ကိုလည်း မြန်မာကျပ်ငွေ 139,900 ဖြင့်လည်းကောင်း မတ်လ ၁၉ရက်နေ့မှ စ၍ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။
ည်သည့် OPPO Reno3 | Reno3 Pro ဖုန်းများကို ဧပြီလ ၉ ရက်အထိ ဝယ်ယူ အားပေးသူတိုင်းအတွက် ဝယ်ယူသည့် ရက်မှ စ၍ ရက်ပေါင်း ၁၈၀ အတွင်း မတော်တဆမှုကြောင့် ကျကွဲသွားသည့် ဖုန်းမျက်နှာပြင်အတွက် ကျပ် တစ်သိန်း ဝန်းကျင် တန်ဖိုးရှိ မှန်အခမဲ့ လဲလှယ်နိုင်တဲ့ အခွင့်အရေး ၁ ကြိမ်ပါဝင်သော VIP Card ကို ပေးသွားမည်ဖြစ်သည်။ ထို့အပြင် OPPO Reno3 Pro ဝယ်ယူသူများအတွက် Clock Speaker များနှင့် OPPO Reno3 ဝယ်ယူသူများအတွက် Q Speaker များ ပေးသွားမည်ဖြစ်သည်။

OPPO Reno3 Pro
OPPO Reno3 Pro သည် ရှေ့ကင်မရာ 44MP+2MP။ ကျောဘက်တွင် 64MP Main Camera Lens၊ 13MP Telephoto Lens၊ 8MP Ultra Wide-angle Lens နှင့် 2MP Black-and-White Lens တို့ပါရှိပြီး နောက်ဆုံးပေါ် MediaTek (MTK) P95 Chips ၏ အားဖြည့်မှုနှင့်အတူ 8GB RAM + 256GB ROM ရှိပြီး အဆင့်မြင့် စွမ်းဆောင်ရည်များကို ချောမွေ့စွာ အသုံးပြုနိုင်အောင် ကူညီပေးသည်။ ထို့ပြင် Reno 3 Pro တွင် ဖုန်းများအတွင်း အမြန်ဆုံးနှင့် လုံခြုံစိတ်ချရဆုံး အားသွင်းစနစ် VOOC Flash Charge 4.0/30W ထည့်သွင်းထားပြီး 4025mAh Battery ဖြင့် အားပြည့်ရန် ၅၆ မိနစ်သာ ကြာပြီး မိနစ် ၂၀ အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်မည်ဖြစ်သည်။
OPPO Reno3
OPPO Reno3 သည် ရှေ့ကင်မရာ 44 MP ပါဝင်ပြီး ကျောဘက်တွင် 48MP Main Camera Lens၊ 13MP Telephoto Lens၊ 8MP Ultra Wide-angle Lens နှင့် 2MP Black-and-White Lens တို့ ပါဝင်သော ကင်မရာ ၄ လုံး ပါရှိပါသည်။ Ultra Clear 108MP Image ရရှိနိုင်ပြီး Zoom Quadcam အနေဖြင့် 20x Digital zoom ပါရှိသည့်အတွက် ရှေ့ကင်မရာရော၊ နောက်ကင်မရာပါ အဆ၂၀ ထိ Zoom ချဲ့ ရိုက်ကူးနိုင်မှာ ဖြစ်သည်။ OPPO Reno3 တွင် MediaTek(MTK) P90 Chips ၏ အားဖြည့်မှုနှင့်အတူ 8GB RAM + 128GB ROM ပါရှိပြီး VOOC Flash Charge 3.0/20W ထည့်သွင်းထားသောကြောင့် မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပြီး ၇၂ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားပြည့်မည် ဖြစ်သည်။
OPPO Enco Free Headphones
OPPO Reno3 | Reno3 Pro၏ နောက်ဆက်တွဲအဖြစ် OPPO မှEnco Free Headphones ကို ထပ်မံမိတ်ဆက်ခဲ့သည်။ ဤHeadphones များသည် “ထူးခြားဆန်းသစ်၍ အရည်အသွေးမြင့်မားသော ထုတ်ကုန်များမှ တစ်ဆင့် ကောင်းမွန်သော သုံးစွဲမှု အတွေ့အကြုံများ ရရှိစေရန်” ဆိုသည့် OPPO ၏ Mission အရ ထုတ်လုပ်ထားခြင်းဖြစ်သည်။Brand Headphones များအတွင်း Smart Phone နှင့် အသင့်တော်ဆုံး Headphones များအဖြစ် အသိအမှတ်ပြုခဲ့ကြပြီးကြည်လင်အားကောင်းသော Audio Experience ကို ရရှိစေသည့်Ultra-dynamic Speakers ပါဝင်သော Wireless Headphones လည်းဖြစ်သည်။