ကမ္ဘာ့အမြန်ဆုံး Super computer က ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကိုတားဆီးနိုင်မယ့်ဓာတုဗေဒ ဒြပ်ပေါင်းတစ်မျိုးကိုဖော်ထုတ်နိုင်ခဲ့

ကိုရိုနာဗိုင်းရပ်စ်ရဲ့ပျံ့နှံ့မှုကဒီနေ့ခေတ်သိပ္ပံပညာရှင်များအတွက်တော့ယခင်ကတစ်ခါမှမကြုံဘူးတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး ဒီဗိုင်းရပ်စ်ပျံ့နှံ့နှုန်းဟာသိပ္ပံပညာရှင်တွေအတွက်ရှာဖွေမှုတွေကိုယခင်ကထက်ပိုပြီးလုပ်ဆောင်ရလိမ့်မယ်လို့အချက်ပြနေသလိုပါပဲ။ Supercomputer တွေတည်‌ဆောက်ရခြင်းရဲ့ရည်ရွယ်ချက်လဲဒီလိုမျိုးပြဿနာတွေနဲ့စိန်ခေါ်မှုတွေကိုကျော်လွှားဖို့အတွက်ပဲဖြစ်ပါတယ်။ IBM ရဲ့ Supercomputer ကတော့ Brain of AI လို့ခေါ်တဲ့ အသိညဏ်တုရဲ့ဉီးနှောက်လို့တင်စားရတဲ့အတိုင်းပဲထောင်ပေါင်းများစွာသော simulations တွေကဘယ်ဓာတုဆေးဝါးကဗိုင်းရပ်စ်ကိုထိရောက်စွာတားဆီးနိုင်မယ်ဆိုပြီးဆန်းစစ်နိုင်ခဲ့ပါတယ်။

အဲ့ထဲမှာမှဓာတုဆေးဝါးပေါင်း ၇၇ မျိုးကိုရှာဖွေနိုင်ခဲ့ပြီးအထိ‌ရောက်ဆုံးကာကွယ်ဆေးကိုဖော်ထုတ်နိုင်ဖို့နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပါတယ်။

ရှာဖွေတွေ့ရှိနိုင်ခဲ့တဲ့ Supercomputer ကတော့ Summit ဖြစ်ပြီးအမေရိကန်နိုင်ငံက စွမ်းအင်ဌာနမှာတည်ရှိတာပါ။ 2014 ခုနှစ်ကတည်ဆောက်ခဲ့တဲ့ Super computer ကဒီနေ့မှာတော့ ကမ္ဘာ့ပြဿနာတွေကိုဖြေရှင်းနေပါပြီ။ ဒီ Supercomputer မှာ 200 Petaflopsစွမ်းဆောင်ရည်ရှိပြီး တစ်စက္ကန့်မှာ 200 quadrillion ရှိပြီးအမြန်းဆုံးလပ်တော့ထက်အဆပေါင်း ၁သန်းပိုမြန်ပါတယ်။

Summit Supercomputer ကကိုရိုနာဗိုင်းရပ်စ်ကိုတိုက်ဖျက်တဲ့နေရာမှာဘယ်လိုကူညီခဲ့လဲ?

ဒီဗိုင်းရပ်စ်က ခန္တာကိုယ်ရဲ့လက်ခံဆဲလဲကို သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတစ်ခုဖြစ်တဲ့ဆူးချိတ်လေးတွေနဲ့တိုက်ခိုက်တာဖြစ်ပါတယ်။ Supercomputer Summit ကတော့ ဒီဗိုင်းရပ်စ်ရဲ့ဆူးချွန်တွေကိုချုပ်နှောင်နိုင်တဲ့ဆေးဝါးဒြပ်ပေါင်းကိုရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။Oak Ridge ရဲ့ သုတေသနပညာရှင် Micholas Smith ကဗိုင်းရပ်စ်ရဲ့ ဆူးချွန်တွေကို ဇန်နဝါရီလထုတ်တဲ့ သုတေသနစာတမ်းပေါ်အခြေခံပြီးမော်ဒယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီ Supercomputer ကစုစုပေါင်း ၈၀၀၀ ကျော်တဲ့ဓာတုဒြပ်ပေါင်းတွေကိုစမ်းသပ်အဖြေထုတ်နိုင်ခဲ့တာဖြစ်ပြီး ဗိုင်းရပ်စ်ရဲ့ဆူးချွန် Protein တွေကိုချုပ်နှောင်နိုင်တဲ့ဒြပ်ပေါင်းတွေပဲဖြစ်ပါတယ်။ဒီလို ဓာတုဒြပ်ပေါင်း ၇၇ခုကိုရှာဖွေနိုင်ခဲ့တာဖြစ်ပြီး ဒီဗိုင်းရပ်ကဆူးချွန်တွေကိုဘယ်လောက်ထိချုပ်နှောင်နိုင်လဲဆိုပြီးအဆင့်သတ်မှတ်ချက်တွေထုတ်ပေးခဲ့ပါတယ်။

Author : Hein Htet ( Phase II)

Ref : CNN.com

Previous
Previous

ပိုမိုခိုင်မာသည့် App Ecosystem ဖြင့် အသုံးပြုသူများကို စိတ်ကျေနပ်စေမည့် HUAWEI စမတ်ဖုန်းများ

Next
Next

OPPO Reno3 | Reno3 Pro တို့ မြန်မာနိုင်ငံ စျေးကွက်တွင်းသို့ ရောက်ရှိ