ကင်မရာလေးလုံး,Hole-Punchဒီဇိုင်းမျက်နှာပြင်နဲ့မတ်လ 23 ရက်နေ့မှာမိတ်ဆက်ပေးဖို့အတည်ပြုလိုက်တဲ့ Redmi Note 9s

Redmi ရဲ့မျိုးဆက်သစ်စမတ်ဖုန်းနှစ်မျိုးဖြစ်တဲ့ Redmi Note 9 Pro နဲ့ Redmi Note 9 Pro Max Redmi note 9s ကိုမတ်လ ၂၃ ရက်နေ့မှာမိတ်ဆက်ပေးဖို့ရှောင်မီက Singapore ကတွစ်တာ Page နဲ့ မလေးရှားက Facebook Page မှာ Tease လုပ်ခဲ့ပါတယ်။အရင်ထဲက Redmi ဖုန်းတွေကို Budget ဖုန်းရွေးချယ်စရာအနေနဲ့ထုတ်ခဲ့ပြီးအခု Redmi Note 9sလဲမိတ်ဆက်ဆက်တော့မှာပါ။ဒီဖုန်းမှာတော့ Redmi Note 9 နဲ့ Redmi Note 9 Pro Max လိုမျိုးကင်မရာလေးလုံးကို hole-punch display နဲ့ပွဲထွက်လာမှာဖြစ်ပြီးရှောင်မီကတော့ dot display လို့ခေါ်ပါတယ်။Fonearena ရဲ့ပြောကြားချက်အရတော့ဒီဖုန်းကို Code name Merlin လို့ပေးထားတာဖြစ်ပါတယ်။ Redmi Note 9s ရဲ့စွမ်းဆောင်ရည်ပိုင်းကိုတော့ Snapdragon 720G နဲ့အားဖြည့်ပေးထားမှာဖြစ်ပြီး Redmi Note 9 Pro ကိုလဲအလားတူ Snapdragon 720G ပဲပါဝင်မှာဖြစ်ပြီး Note 9s ကတော့ဆိုဒ်ပဲပိုသေးသွားမှာဖြစ်ပါတယ်။

Redmi Note 9s ရဲ့ပါဝင်လာနိုင်ချေရှိတဲ့လုပ်ဆောင်ချက်တွေကတော့မျက်နှာပြင်ကိုတော့ Full-HD+ရရှိနိုင်ပြီး 6.67 inches ရှိတဲ့ Redmi Note 9 pro ထက်ပိုသေးမှာပါ။RAM ကိုတော့ 4GB နဲ့ 6GB ရွေးချယ်စရာနှစ်ခုနဲ့ဖြစ်ပြီး Storage ကိုတော့ 64GB နဲ့ 128GB နှစ်မျိုးလာနိုင်ပါတယ်။ဒီ website ရဲ့‌ဖော်ပြချက်အရ Redmi Note 9 Pro လိုပဲဘက်ထရီကို 5020 mAh နဲ့ အားသွင်းဖို့အတွက် 18W charging ပါတစ်ခါတည်းပါလာနိုင်ပါတယ်။

Redmi 9 Pro နဲ့ Redmi 9 Pro Max ကိုအိန္ဒိယမှာ၁၂ရက်နေ့ကမိတ်ဆက်ခဲ့ပြီးနောက်ကျောဘက်ကင်မရာလေးလုံးနဲ့ရှေ့ဘက်မျက်နှာပြင်အလယ်တည့်တည့်မှာကင်မရာတစ်လုံးတည်းဒီဇိုင်းနဲ့ပွဲထွက်လာခဲ့ပါတယ်။ဖုန်းနှစ်လုံးစလုံးကို Sanpdragon    720G processor ပါဝင်ပြီး Redmi 9 Pro ကတော့ RAM 6GB ပါဝင်ပြီး Redmi 9 ProMax ကတော့ RAM 8GB ပါဝင်ပါတယ်။အမြင့်ဆုံး Storage ပိုင်းရွေးချယ်မှုကတော့ 128GB ဖြစ်ပါတယ်။

ဖုန်းနှစ်လုံးစလုံးကတော့ထုံးစံအတိုင်းပဲကင်မရာကိုအာရုံစိုက်ထားတဲ့ဖုန်းဖြစ်ပြီး Redmi Note 9 Pro မှာ 48 Megapixel main ကင်မရာ,9 Megapixel wide angle lens, 5Megapixel macro shooter နဲ့ 2 Megapixel depth sensor နဲ့ selfie ကင်မရာကတော့ 16 Megapixel sensor တို့ပါဝင်ပါတယ်။ Redmi Note 9 ProMax မှာ‌တော့ 64 Megapixel main camera, 8Megapixel wide-angle, 5Megapixel macro lens နဲ့  2Megapixle depth sensor နဲ့ selfie ကင်မရာကတော့ 32Megapixel lens ပါဝင်ပါတယ်။ စျေးနှုန်းက‌တော့ Redmi Pro 9 က Rs12,999 မြန်မာ‌‌ငွေ နှစ်သိန်းလေးသောင်းဝန်းကျင်နဲ့ Redmi Note 9 Pro Max ကတေ့ Rs 14999 မြန်မာငွေ နှစ်သိန်းရှစ်သောင်းဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။

Author : Hein Htet ( Phase II )

Ref : 360gadgets

PhotoCrd : gsmarena,specspricebuy,

Previous
Previous

Gaming ဖုန်းလောကထဲကိုနောက်‌ထပ်ခြေလှမ်းတစ်လှမ်းနဲ့ဝင်လာတဲ့ရှောင်မီရဲ့ Black shark 3

Next
Next

S20 Plus ဒါမှမဟုတ် Samsung ရဲ့ S20 Line up ထဲမှာအရွေးချယ်သင့်ဆုံးမော်ဒယ်တစ်ခုလား?