2021 မှာ PS4 ဂိမ်းအဖြစ်အသက်ဝင်လာမဲ့နာမည်ကြီး anime ဖြစ်တဲ့ Demon slayer

၂၀၁၉ မှာရောင်းအားအကောင်းဆုံး manga နဲ့ လူကြိုက်အများဆုံး anime ဖြစ်ခဲ့တဲ့ Demon Slayer ( Kimetsu no Yaiba)  anime ကို aniplex က Play Station 4 ဂိမ်းအဖြစ် ၂၀၂၁ မှာဖြန့်ဝေတော့မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Shonen Jump က  Kimetsu no Yaiba Manga ကိုစိတ်ကူးစိတ်သန်းရယူပြီး PlayStation 4 ဂိမ်းအဖြစ်ဖန်တီးမှာဖြစ်ပြီး ဂိမ်းနာမည်က‌တော့ Kimetsu no Yaiba: Hinoami Keputan လို့နာမည်ရပါတယ်။

ကုမဏီရဲ့ website ကိုတော့ Monday မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီး မဂ္ဂဇင်းထဲမှာတော့ဒီဂိမ်းကစားသူဟာအဓိကဇာတ်ကောင်ဖြစ်တဲ့ ကာမာဒိုတန်ဂျီယို ရဲ့နေရာကနေကစားရမှာဖြစ်ပါတယ်။Anime News Network ရဲ့ဖော်ပြချက်အရဒီဂိမ်းကိုရေးဆွဲမယ့်ကုမဏီကိုတော့မသိရသေးပါဘူး။Manga ကိုအခြေခံပြီးဖန်တီးခဲ့တဲ့ဒီ Anime ကို April 26 ရက်နေ့ 2019 မှာစတင်လွှင့်ခဲ့တာဖြစ်ပြီးနောက်ဆုံးအပိုင်းဖြစ်တဲ့ ၂၆ ပိုင်းမြောက်ကိုစက်တင်ဘာ ၂၈ မှာအပြီးလွှင့်ခဲ့တာဖြစ်ပါတယ်။ဒီ Anime ကိုတော့ တရားဝင် streaming service ဖြစ်တဲ့ Hulu,Crunchyroll နဲ့ FunimationNow တို့မှာလွှင်ခဲ့တာဖြစ်ပါတယ်။ဒီ Anime ဇာတ်လမ်းတွဲကိုတော့ Season 2 ကိုစောင့်မျှော်နေကြတဲ့လူတွေများပြားလျှက်ရှိပြီးဒီနှစ်ထဲမှာတော့နောက်ဆက်တွဲရုပ်ရှင် Train arc ကတော့ထွက်ရှိလာဖို့ရှိပါတယ်။

Author : Hein Htet ( Phase II )

Ref : 9Gag

Previous
Previous

S20 Plus ဒါမှမဟုတ် Samsung ရဲ့ S20 Line up ထဲမှာအရွေးချယ်သင့်ဆုံးမော်ဒယ်တစ်ခုလား?

Next
Next

Microsoft ရဲ့ ဘုတ်အဖွဲ့ဝင်မှတရားဝင်နှုတ်ထွက်သွားတဲ့နည်းပညာရဲ့အထင်ကရပုဂ္ဂိုလ်ကြီး Bill gates