Microsoft ရဲ့ ဘုတ်အဖွဲ့ဝင်မှတရားဝင်နှုတ်ထွက်သွားတဲ့နည်းပညာရဲ့အထင်ကရပုဂ္ဂိုလ်ကြီး Bill gates

မိုက်ကရိုဆော့ဖ်ကုမဏီကိုပူးတွဲထူထောင်သူလဲဖြစ်သလိုအမှုဆောင်အရာရှိချုပ်အဖြစ်လဲတာဝန်ယူခဲ့တဲ့အထင်ကရသူ‌ဌေးကြီးBill Gate အနေနဲ့ကုမဏီရဲ့ဘုတ်အဖွဲ့ဝင်အဖြစ်ကနေတရားဝင်နှုတ်ထွက်သွားခဲ့ပါပြီ။ Bill and Melinda ‌ဖောင်ဒေးရှင်းမှာပိုမိုအာရုံစိုက်နိုင်ဖို့အတွက်မိုက်ကရိုဆော့ဖ်ကုမဏီရဲ့အမှုဆောင်အရာရှိချုပ်နေရာကနေ ၂၀၀၀ ခုနှစ်ကစပြီးအနားယူခဲ့တာဖြစ်ပါတယ်။၂၀၀၈ ခုနှစ်အရောက်မှာတော့ဘီဂိတ်အနေနဲ့ကုမဏီရဲ့အချိန်ပြည့်ခေါင်းဆောင်ဘဝမှအနားယူခဲ့ပြီးပရဟိတလုပ်ငန်းတွေကိုအာရုံစိုက်ခဲ့ပါတယ်။ယခုလိုဘုတ်အဖွဲ့ဝင်အဖြစ်ကနေတရားဝင်အနားယူလိုက်တာလဲပရဟိတလုပ်ငန်းတွေကိုပိုမိုအာရုံစိုက်ချင်လို့ဖြစ်နိုင်ပါတယ်။

သတင်းထုတ်ပြန်ချက်‌မှာတော့သူ့ရဲ့အချိန်တွေကိုပရဟိတနဲ့အလှူအတန်းလုပ်ငန်းတွေမှာပိုမိုအာရုံစိုက်ချင်တဲ့အကြောင်းကိုအထူးပြု‌ရေးသားထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့်လဲ ဂိတ်စ်အနေနဲ့ယခုလက်ရှိအမှုဆောင်အရာရှိချုပ် Nadella ရဲ့တောင်းဆိုမှုနဲ့သူ့ရဲ့နည်းပညာပိုင်းဆိုင်ရာအကြံပေးအနေနဲ့ဆက်လက်လုပ်ကိုင်နေဦးမှာဖြစ်ပါတယ်။

ဂိတ်စ်နဲ့အတူနှစ်များစွာအလုပ်လုပ်ကိုင်ခွင့်ရခဲ့ပြီးသင်ယူခွင့်ရခဲ့တာဟာတစ်ကယ်ကိုဂုဏ်ယူစရာကောင်းတဲ့အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။ဂိတ်စ် ကကျွန်တော်တို့ကုမဏီကိုတည်ထောင်ခဲ့တာဟာလူ့အဖွဲ့အစည်းကကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့‌ဆော့ဖ်ဝဲတွေကိုဒီ့ထက်အရေးပါတဲ့အရွေ့တွေကိုတည်ဆောက်နိုင်တဲ့ယုံကြည်ချက်နဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။မိုက်ကရိုဆော့ဖ်နဲ့အတူကမ္ဘာကြီးကလဲဒီ့ထက်ပိုကောင်းလာခဲ့ပါတယ်။ဘုတ်အဖွဲ့အနေနဲ့ဘီဂိတ်စ်ရဲ့ဦးဆောင်မှုနဲ့အမြင်မှတစ်ဆင့်အများကြီးအကျိုးဖြစ်ထွန်းခဲ့ပါတယ်။ကုမဏီအနေနဲ့လဲဂိတ်စ်ရဲ့နည်းပညာအပေါ်စိတ်အားထက်သန်မှုနဲ့အကြံညဏ်တွေမှတဆင့်ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေနဲ့ဝန်ဆောင်မှုတွေကိုရှေ့ဆက်ပိုကောင်းအောင်လုပ်ဆောင်နိုင်ခဲ့ပြီးအကျိုးများစွာဖြစ်ထွန်းခဲ့တယ်လို့ယခုလက်ရှိအမှုဆောင်အရာရှိချုပ် Nadella မှမှတ်ချက်ပေးခဲ့ပါတယ်။

Author: Hein Htet ( Phase II )

Ref : The Verge

PhotoCrd : Politico,zero Hedge

Previous
Previous

2021 မှာ PS4 ဂိမ်းအဖြစ်အသက်ဝင်လာမဲ့နာမည်ကြီး anime ဖြစ်တဲ့ Demon slayer

Next
Next

Corona virus (COVID-19) နဲ့ပတ်သက်ပြီးထိပ်တန်းနည်းပညာကုမဏီကြီးတွေဘယ်လိုရင်ဆိုင်ဖြေရှင်းနေကြလဲ?