S20 Plus ဒါမှမဟုတ် Samsung ရဲ့ S20 Line up ထဲမှာအရွေးချယ်သင့်ဆုံးမော်ဒယ်တစ်ခုလား?
ဒီနှစ်ရဲ့အကောင်းဆုံး android ဖုန်းလို့ပြောလို့ရတဲ့ S20 ဖုန်းတွေမှာအသိအမှတ်ပြုကြတာကင်မရာတစ်ခုထဲလား? Samsung ရဲ့နောက်ဆုံးပေါ်Flagship ဖုန်းကကင်မရာတစ်ခုထဲတင်မဟုတ်ပါဘူး။သူ့မှာပါတဲ့ Specs တွေအကုန်ကကျွန်တော်တို့ဒီနေ့စျေးကွက်ထဲမှာဝယ်နိုင်တဲ့အမြင့်ဆုံးနဲ့အကောင်းဆုံးတွေပဲသုံးထားတာပါ။

ဖုန်းရဲ့ကိုယ်ထည်ကို အနောက်ဘက်ကောအရှေ့ဘက်ကော glass (ဖန်သား) သုံးပေးထားသလိုဖုန်းရဲ့ဘေးဘောင်ပတ်လည်ကို Aluminum နဲ့တည်ဆောက်ထားပါတယ်။ရှေ့ဘက်ခြမ်းမှာတော့ Note 10 မော်ဒယ်မှာလူကြိုက်များခဲ့တဲ့ Punch-Hole display ကိုသုံးပေးထားပြီး Samsung ကတော့ infinity O လို့နာမည်ပေးထားပါတယ်။သူ့ရဲ့ Display က 6.4 inches ရှိတဲ့ Dynamic AMOLED display ဖြစ်ပါတယ်။Screen to body ratio ကတော့ 90.5 ရာခိုင်နှုန်းရှိပြီး ဖုန်းရဲ့မျက်နှာပြင်ကိုတော့ Gorilla Glass 6 ကိုအသုံးပြုပြီးကာကွယ်ပေးထားပါတယ်။အနောက်ဘက်ဒီဇိုင်းမှာကင်မရာတည်ဆောက်ပုံကလေးထောင့်ပုံအကွက်ထဲမှာကင်မရာလေးလုံးနဲ့ Flash light အပြင် recording မိုက်ခ် ကိုပါထည့်သွင်းတည်ဆောက်ထားပါတယ်။ Bixby ခလုတ်လဲပျောက်သွားသလို 3.5 mm Headphone jack လဲမပါဝင်တော့ပါဘူး။ Bixby ကိုခေါ်သုံးချင်ရင်ပါဝါခလုတ်ကိုခပ်ကြာကြာဖိနှိပ်ရမှာပါ။ပါဝါခလုတ်ရဲ့အလုပ်လုပ်ပုံကိုလဲ setting ထဲမှာကိုယ်ကြိုက်သလိုပြင်လို့ရပါတယ်။S line up တွေရဲ့ တည်ဆောက်ပုံကဖုန်းရဲ့ရှေ့ဘက်မျက်နှာပြင်ရောနောက်ဘက်ကောမော်ဒယ်တစ်ခုနဲ့တစ်ခုဘယ်တော့မှမထပ်ဘဲသူ့သီးသန့်ဒီဇိုင်းပုံစံနဲ့တည်ရှိပါတယ်။

ဖုန်းရဲ့တည်ဆောက်ပုံကဖုန်းကိုကောက်ကိုင်လိုက်တာနဲ့ Premium ဆန်တဲ့ ခံစားမှုမျိုးကိုတစ်ခါတည်းပေးနိုင်တာလုံးဝငြင်းလို့မရတဲ့အချက်ဖြစ်ပါတယ်။ဒါဟာဖုန်းရဲ့တည်ဆောက်ပုံနဲ့သုံးထားတဲ့ပစ္စည်းတွေရဲ့အရည်အသွေးပေါ်အများကြီးမူတည်ပါတယ်။ဒီဇိုင်းကတော့ဒီဖုန်းဟာစွဲဆောင်မှုရှိပြီးရိုးရှင်းပါတယ်။အကောင်းစားဆန်တဲ့ဖုန်းမှန်းကြည့်လိုက်တာနဲ့တန်းသိနိုင်တဲ့အချက်မှာဒီဇိုင်းနဲ့တည်ဆောက်ပုံကတော်တော်အရေးပါပါတယ်။

S20 line up မှာအာရုံအစိုက်ဆုံးခံထားရတဲ့ကင်မရာကတော့ဒီနှစ်မှာ 12MP wide camera,12 MP Ultrawide, Depth vision camera နဲ့ 64 MP telephoto (3x Optical) နဲ့ အဆသုံးဆယ်ထိ Zoom ဆွဲကြည့်လို့ရပါတယ်။ TOF 3D depth sensor ကတော့အရာဝတ္ထုနဲ့အကွာအဝေးကိုမှန်းဆပေးတာပါ။ live focus ဗီဒီယိုတွေဖန်တီးရာမှာဝါးမယ့်နောက်ခံကိုအချိန်နဲ့အမျှဆုံးဖြတ်ပေးပြီးအနီးစပ်ဆုံးနဲ့တိကျတဲ့ဗီဒီယိုတွေကိုထုတ်လုပ်ပေးပါတယ်။ဗီဒီယို record ပိုင်းမှာအမြင့်ဆုံးအနေနဲ့စမတ်ဖုန်းတွေထဲမှာ 8K video record ကိုရိုက်ကူးနိုင်ပြီးကိုယ် focus ထားချင်တဲ့အရာဝတ္ထုသို့မဟုတ်လူအစရှိသဖြင့်ကိုယ်ကြိုက်တာကို focus ဖြတ်နိုင်သလို autofocus လဲဖြတ်ပေးပါတယ်။ ဗီဒီယိုရိုက်ကူးနေတုန်းမှာလဲကိုယ်ကြိုက်တဲ့ frame တစ်ခုခြင်းစီမှာ resolution မြင့်တဲ့ပုံတွေကိုဖမ်းယူနိုင်ပါတယ်။ဒါပေမယ့် ရိုက်ထားတဲ့ 8K ဗီဒီယိုတွေကိုပြန်ကြည့်ဖို့အတွက် 8K panel ကိုအသုံးပြုထားတဲ့ TV ဒါမဟုတ် monitor မျက်နှာပြင်တစ်ခုလိုအပ်ပါလိမ့်မယ်။ 4K ဗီဒီယိုရုပ်ထွက်အရည်အသွေးနဲ့တင် ဗီဒီယိုရိုက်ကူးမှုကတော်တော်လုံလောက်နေပါပြီ။
ဒီနှစ်ရဲ့ S20 မှာလုပ်ဆောင်ချက်အသစ်အနေနဲ့ပါဝင်လာတဲ့ Single take လုပ်ဆောင်ချက်ကလဲမွေးနေ့ပွဲတွေ concert တွေနဲ့ပျော်ပွဲရွှင်ပွဲတွေမှာဆိုတော်တော်အသုံးဝင်ပါတယ်။ကင်မရာလေးလုံးကိုဆော့ဖ်ဝဲနဲ့အဆင့်မြင့်တင်ထားပြီးရိုက်ကူးသမျှထောင့်တိုင်းကိုဖမ်းယူနိုင်ပြီးမတူညီတဲ့ format နဲ့ ပုံတွေကို တွေကိုထုတ်ပေးပါတယ်။ဗီဒီယိုကလစ်အသေးစားလေးတွေနဲ့ Gif တွေ,မတူညီတဲ့ effect တွေနဲ့ပုံတွေကိုထုတ်ပေးပါတယ်။ Night Mode မှာတော့ S20 မှာ 64MP sensor နဲ့အတူဆော့ဖ်ဝဲကိုအဆင့်မြင့်တင်ထားတာကြောင့်ပုံမှာ Noise တွေတော်တော်လဲနဲလာပြီးဓာတ်ပုံရဲ့အရောင်တွေလဲတော်တော်လေးမှန်လာပါတယ်။မနှစ်ကအရင်မော်ဒယ် S10 မှာဆိုရင် Zoom ကိုဆယ်ဆအထိပဲရခဲ့တာကဒီနှစ် S20 line up ရဲ့ကင်မရာပိုင်းမှာ အဆသုံးဆယ်ထိ Zoom ဆွဲနိုင်တာကအဓိကတိုးတက်လာတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။
အဆသုံးဆယ်အထိ Zoom ဆွဲလိုက်ရင်Screen ရဲ့ ဘယ်ဘက်ထောင့်လေးမှာဒုတိယမြောက် ပုံထဲကပုံလေးပြပေးပြီကိုယ်ဘယ်နေရာကိုချဲ့ကြည့်နေသလဲဆိုတာကိုပါအသေးစိတ်မြင်ရတော့တော်တော်လေးအဆင်ပြေပါတယ်။ကင်မရာကိုတော့ပြောစရာတွေအများကြီးကျန်သေးတဲ့အတွက်အသေးစိတ် review video သက်သက်တစ်ခုတင်ဆက်ပေးမှာဖြစ်လို့စောင့်ကြည့်ပေးပါဦး။

နည်းပညာပိုင်းဖန်တီးမှုတွေနဲ့အညီဒီဖုန်းက High end ဖုန်းတလုံးဖြစ်တဲ့အတွက်ဘာတွေစွမ်းဆောင်နိုင်လဲဆိုတာအရေးကြီးပါတယ်။ဒီဖုန်းမှာနောက်ဆုံးပေါ် processor ဖြစ်တဲ့ Samsung ရဲ့ Exynos 990 ပါဝင်ပြီး RAM 8GB နဲ့တွဲဖက်ထားပါတယ်။ Snapdragon 865 ကတော့ US တစ်နိုင်ငံထဲကိုပဲတင်သွင်းတာဖြစ်ပါတယ်။ 5G version မှာတော့ RAM 12 GB ပါဝင်ပြီးကျွန်တော်တို့နိုင်ငံမှာတော့ 5G မရရှိသေးပါဘူး။ မြင့်မားတဲ့ Specs တွေနဲ့အတူ နေ့စဉ်သုံးတဲ့နေရာမှာစိတ်ကျေနပ်စေတဲ့ခံစားချက်ကိုအမြဲပေးနိုင်ပြီး ရှေ့မျက်နှာပြင်အတွက် notch အစား Punch hole ဒီဇိုင်းက Samsung ရဲ့မှန်ကန်တဲ့ရွေးချယ်မှုတွေထဲကဖြစ်ပါတယ်။ UI မှာတော့ One UI 2.0ကတော်တော်ကောင်းမွန်လာပြီး Samsung ဖုန်းမော်ဒယ်တွေအားလုံးကိုအရင် One UI နဲ့ဘာမှမဆိုင်တော့သလိုခံစားမှုမျိုးပေးစွမ်းနိုင်ပါတယ်။ဖုန်းက One UI ကြောင့် လက်တစ်ဖက်ထဲနဲ့သုံးရတာပိုအဆင်ပြေလာပြီး gesture ပိုင်းမှာလဲ android 10 နဲ့အတူတော်တော်လေးတိုးတက်လာပါတယ်။ Under-display finger print နဲ့ face unlock ကတော့မြန်ဆန်ပြီသုံးရတာစိတ်ကျေနပ်မှုပေးပါတယ်။ Under-display finger print ကလက်ရေစိုနေတဲ့အချိန်တွေနဲ့ချွေးထွက်နေတဲ့အချိန်တွေမှာပါအလုပ်လုပ်ပါတယ်။ google ရဲ့ smart lock လုပ်ဆောင်ချက်နဲ့ဆိုဖုန်းကိုခဏခဏပြန်ဖွင့်စရာမလိုပါဘူး။ဖုန်းကို sleep mode မှာ lock ချထားမယ်ဆို screen ကိုလက်နဲ့ နှစ်ချက်နိုပ်လိုက်မယ်ဆို ပွင့်လာပြီး face unlock နဲ့ဆိုတစ်ခါတည်းတန်းပွင့်ပါတယ်။

Entertainment ပိုင်းမှာတော့ Dolby Atmos Surround Stereo Speaker ပါဝင်ပြီးအပေါ်အောက် Speaker တွေကအားရဖွယ်ကောင်းတဲ့အသံအရည်အသွေးနဲ့ဂိမ်းဆော့မယ်ဆိုရင်အသံကရုပ်နောက်လိုက်ပြီးပေးစွမ်းနိုင်ပါတယ်။အသံအရည်အသွေးကတော့လုံးဝကိုမိုက်တယ်သူ့ရဲ့အသံကျယ်ပုံကျယ်နည်းက ကဗျာဆန်တယ်လို့ပြောလို့ရပါတယ်။
ဘာလို့လဲဆိုတော့နားထဲကိုစူးပြီးရောက်တာမျိုးမဟုတ်ဘဲအသံကအပြန့်လိုက်ပတ်လည်ထွက်တာဖြစ်တဲ့အတွက်တော်တော်နားထောင်လို့ကောင်းပါတယ်။ရုပ်ရှင်ကြည့်တာနဲ့ YouTube ကြည့်တာတွေအတွက် Portable theater လေးကိုအိပ်ထဲထည့်သွားနိုင်သလိုပါပဲ။
ဂိမ်းဆော့တဲ့အခါမှာမြင့်မားတဲ့ refresh rate ကြောင့်ချောမွတ်ပြီးလုံးဝမထစ်တဲ့အတွေအကြုံကိုပေးစွမ်းနိုင်ပြီး first person shooter ဂိမ်းတွေဆော့ရင်တော်တော်လေးသိသာပါတယ်။သူ့ရဲ့ 120 Hz display က Samsung ရဲ့အရင်ကတည်းကကောင်းပါတယ်ဆိုတဲ့ display နဲ့ပေါင်းလိုက်တော့ 60 Hz refresh rate ဖုန်းတွေကိုမကိုင်ချင်အောင်လုပ်လိုက်သလိုပါပဲ။120 Hz display က website က ပုံတွေ စာတွေဖတ်ရင်ကြည့်ရင်အရင်သာမန် display တွေနဲ့ကွာခြားချက်ကတော်တော်သိသာပါတယ်။ ဒါပေမယ့်အားနည်းချက်တစ်ခုကတော့မြင့်မားတဲ့ refresh rate ကိုဆက်တိုက်သုံးရင်ဖုန်းအားကနဂိုသုံးတာထက်ပိုကုန်ပါတယ်။ဒါ့အပြင်မြင့်မားတဲ့ 120 Hz refresh rate က resolution ကို Full HD နဲ့အနိမ့်မှာပဲသုံးလို့ရပါတယ်။ ဒီဖုန်းဝယ်မယ်ဆိုသိထားသင့်တဲ့အချက်ထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဘက်ထရီက 4500 mAh နဲ့လာတာဖြစ်ပြီးဘက်ထရီကတော့ refresh rate အမြင့်ကြီးနဲ့ resolution အမြင့်ဆုံးမှာတနေကုန်သုံးမယ်ဆိုရင်တော့အားကုန်မြန်ပါလိမ့်မယ်။ Fast charging 25W နဲ့ wireless charging မှာ 15W အထိအထောက်အပံ့ပေးထားပါတယ်။ Reverse wireless charging ကတော့သူများဖုန်းကိုအားပြန်သွင်းပေးနိုင်သလိုနာရီတွေနဲ့ Galaxy Buds တွေကိုပါအားပြန်သွင်းပေးနိုင်ပါတယ်။
S20ထက်ဘက်ထရီပိုကြီးပြီးဆိုဒ်ပိုကြီးပါသလိုလက်ထဲမှာကိုင်ရတာလဲတော်တော်ကိုအားရစရာကောင်းပြီးထိထိမိမိရှိပါတယ်။ဒါပေမယ့် S20 Ultra လောက်တော့ဆိုဒ်ကောဘက်ထရီကောမကြီးသလိုစျေးနှုန်းကလဲအဲ့လောက်မများပါဘူး

စျေးနှုန်းတွေကတော့ S20 ကို 1449000 ကျပ်, S20 Plus ကို 1549000 ကျပ်နဲ့ S20 Ultra ကိုတော့ 1959000 ကျပ်နဲ့မတ်လ ၂၀ ရက်နေ့ကစတင်ပြီးမြန်မာနိုင်ငံမှာစတင်ဝယ်ယူရရှိနိုင်ပါတယ်လို့သိရပါတယ်။စျေးနှုန်းအရကြည့်မယ်ဆိုရင်တော့ S20 နဲ့ S20 Plus ကပိုမိုရွေးချယ်စရာဖြစ်လာနိုင်ပြီး S20 နဲ့ S20 Plus ကစျေးနှုန်းချင်းကလဲသိပ်မကွာတော့ S20 Plus ကတော့စာရေးသူအကြိုက်ရွေးချယ်သင့်တဲ့ထဲထည့်ထားလိုက်ပါတယ်။
Author : Hein Htet ( Phase II )