Samsung A01 review, One UI 2.0 ကဒီဖုန်းကိုဝယ်ဖို့လုံလောက်တဲ့အကြောင်းပြချက်တစ်ခုဖြစ်သွားပြီလား?

Galaxy A01 ကတော့ Samsung ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ entry-level စမတ်ဖုန်းတစ်လုံးဖြစ်ပြီး စျေးကွက်ထဲမှာတော့ Budget ဖုန်းတွေထဲမှာရွေးချယ်စရာတစ်ခုရှိလာပါပြီ။ ဒီဖုန်းက water drop notch နဲ့ဖြစ်ပြီး စကရင်အရွယ်အစားကတော့ 5.7 inches ရှိပါတယ်။ စကရင်အောက်ဖက်ဘောင်ကတော့ နဲနဲထူပြီး ဘေးဘောင်တွေကတော့နဲနဲထူပေမယ့်မျက်လုံးထဲမှာတော့ပျောက်ပါတယ်။အနောက်ဘက်ဒီဇိုင်းကတော့ကင်မရာနှစ်လုံးကို‌‌ဒေါင်လိုက်ထဲ့သွင်းထားပြီးစပီကာကိုတော့နောက်ကျောဘက်မှာတွေ့ရမှာဖြစ်ပါတယ်။အနောက်ဘက်နဲ့ဘေးဘက်တွေကိုတော့ပလက်စတစ်နဲ့တည်ဆောက်ထားပါတယ်။သုံးထားတာကတော့လက်ရာမထင်တဲ့ပလတ်စတစ်အမျိုးအစားဖြစ်ပါတယ်။ကိုင်ရတဲ့ခံစားချက်ကပေါ့ပေါ့ပါးပါးရှိပြီးလက်ထဲမှာထိထိမိမိရှိပါတယ်။ဒီဖုန်းမှာကျွန်တော်တို့မြင်တွေ့နေကျတစ်သိန်းကျော်ဖုန်းတွေနဲ့မတူတာကတော့ Samsung ရဲ့ကိုယ်ပိုင် UI ဖြစ်တဲ့ One UI 2.0 ဖြစ်ပါတယ်။

One UI 2.0ကတော့ဒီဖုန်းကိုတစ်သိန်းကျော်ဖုန်းလို့မထင်စေတဲ့အချက်ပဲဖြစ်ပါတယ်။OS ကတော့ android 10 ကိုတန်းသုံးရမှာဖြစ်ပါတယ်။One UI 2.0 ကြောင့် user experience ပိုင်းကော touch ပိုင်းရောတော်တော်ကိုကောင်းသွားတဲ့အချက်ဖြစ်ပါတယ်။ display ပိုင်းကတော့ entry level ဖုန်းတစ်လုံးတောင်မှတော်တော်မိုက်ပါတယ်။ ဝယ်သင့်တဲ့အချက်ထဲမှာ display နဲ့ One UI 2.0 ကနှစ်ချက်ကခိုင်လုံတဲ့အချက်ဖြစ်သွားပါပြီ။ Performance ပိုင်းအတွက် Processor ကတော့ Snapdragon 439 ဖြစ်ပြီးဖြစ်ပြီး RAM ကတော့ 2GB ဖြစ်ပြီးတော်တော်နည်းပါတယ်။ GPU ကတော့ Adreno 505 ဖြစ်ပါတယ်။အားနည်းချက်ကတော့ဂိမ်း‌‌ဆော့ဖို့သိပ်အဆင်မပြေပါဘူး။Battery ကလဲ 3000mAh ဖြစ်တဲ့အတွက်နဲနဲတော့နည်းပါတယ်။ ဒီခေတ်ကြီးထဲမှာ RAM 2GB နဲ့ Battery 3000mAh ဆိုတာတော်တော်နည်းပါတယ်။

ဒါပေမယ့် ဒီဖုန်းကလဲဂိမ်းဆော့ဖို့အတွက်ရည်ရွယ်ထုတ်ထားတာမဟုတ်ပါဘူး။သာမန်အသေးစားအသုံးပြုမှုနဲ့ပေါ့ပေါ့ပါးပါးကိုင်တွယ်နိုင်အောင်ရည်ရွယ်ထားတာပါ။ ကင်မရာမှာတော့ Dual ကင်မရာ 13MP wide နဲ့ 2MP depth ကင်မရာတို့ဖြစ်ပါတယ်။ ကင်မရာလုပ်ဆောင်ချက်တွေမှာတော့ live focus ရမယ် Panorama နဲ့ Pro mode လုပ်ဆောင်ချက်တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ကင်မရာကတော့တခြားEntry level  ဖုန်းတွေနဲ့ယှဉ်ရင်မသိမသာ‌လေးတော့ပိုကောင်းနေပါတယ်။

တခြားလုပ်ဆောင်ချက်တွေမှာတော့ Entry level ဖြစ်တဲ့အတွက်ဘာမှများများစားစားမပါပါဘူး Dark Mode Focus Mode ပါတယ်ဒီလောက်ပါပဲ။ Finger print မပါတာက‌တော့ဝမ်းနည်းစရာပါပဲ။ 3.5 mm နားကြပ်ပေါက်နဲ့ Speaker ကတော့ထုံးစံအတိုင်းပဲရိုးရိုး Speaker ဖြစ်ပါတယ်။

Author : Hein Htet ( Phase II )

Previous
Previous

2020 အတွက် 4K နဲ့ 8K QLED မျက်နှာပြင်နဲ့ TV line up ကိုမိတ်ဆက်လိုက်တဲ့ Samsung

Next
Next

Find X2 series ကို OPPO မှတရားဝင်မိတ်ဆက်